ချစ်တယ်။
ချစ်ရမှာမကြောက်တော့တာမို့
သေချာပေါက် ဖွင့်ပြောပြီး သူ့ဘဝထဲ အဝါရောင်တွေလို နွေးနွေးထွေးထွေး ဝင်ရောက်လာသည့် မြတ်နိုးစရာလေးအား သူ အပြည့်အဝချစ်မည်။

ချာတိတ်ကို သူက အပိုင်သိမ်းတာဖြစ်ဖြစ် ၊ ချာတိတ်က သူ့ကို အပိုင်သိမ်းတာဖြစ်ဖြစ်..... ။
သူ့ဘဝထဲ ရဲရဲဝံ့ဝံ့ဆွဲခေါ်ချစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။

November တွင် အလှပဆုံးသော ချစ်ခြင်းတရားကို ဖန်တီးဖို့
ချာတိတ်ကို သူဖွင့်ပြောမည်။

>>>>>>>>>>>

Jay ပို့ထားသော video အတိုလေးအား မရိုးနိုင်အောင် ပြန်ကြည့်မိနေရင်း Album ထဲ ဝင်လိုက်တော့ အရင်က သူ ချာတိတ်ကို ခိုးရိုက်ထားဖူးသည့် ဓာတ်ပုံအချို့က အတော်များများ ရှိနေသည်ကို တွေ့လိုက်ရသည်။

အုံ့မှိုင်းသော ရာသီဥတုရှိသည့်နေ့တွေတွင် ဟူဒီပွပွ ၊ ဆွယ်တာလေးများ မရိုးနိုင်အောင် ဝတ်တတ်ပြီး ရာသီဥတု ကြည်လင်သာယာသည့်နေ့များတွင်တော့ ပြာလွင့်သည့် ကောင်းကင်ရောင်နဲ့ အဝါဖျော့ဖျော့အဝတ်အစားများ ဝတ်တတ်သည့် ချာတိတ်ဟာ ရာသီဥတုနဲ့အပြိုင် လွင့်လွင့်လျလျကလေး.......။

"ချစ်ဖို့ကောင်းတာ တအား"

နှုတ်မှ ရေရွတ်မိသည်အထိ သူ ချာတိတ်ဆီမှာ နစ်ဝင်ပျော်ဝင်နေမှုသည် ကိုယ်တိုင်ပင် အလန့်တကြား ဖြစ်ရသည်အထိ။

ပုံတွေကြည့်နေရင်း ယနေ့အတွက် ကြည်လင်အေးရှသည့် အသံကလေး မကြားရသေးသည်မို့ ခဏတွင်းချင်း ခေါ်မိသည်က ချာတိတ်၏ ဖုန်းနံပါတ်လေးဆီ.....။

"ဟဲလို"

"ချာတိတ် ဘာလုပ်နေလဲ?"

"အဟွတ်!
ကျွန်တော် နေသိပ်မကောင်း......
ဒီတိုင်း...အိမ်မှာပဲဗျ
အစ်ကိုရော ဘာလုပ်နေလဲ?"

နွမ်းလျလျအသံလေးက ဖုန်းထဲမှာတောင် ကြည်လင်အေးမြနေ၏။
ချက်ချင်းပင် ပြေးသွားတွေ့ချင်လိုက်သည့်စိတ်သည် တားမနိုင် ဆီးမရ။
သို့သော် မနက်ဖြန်အတွက် ကြိုတင်စီစဉ်ထားသည်ကို ပျက်ယွင်းစေလို့မဖြစ်။

တစ်ညလေးပဲ သည်းခံရမှာ...။
နောက်တစ်ရက်ဆို ချာတိတ်ကို ဖွင့်ပြောပြီး သူ ပိုင်ဆိုင်နီးစပ်ရတော့မှာပဲလေ.....။

"အစ်ကိုလား?
ပုံတွေကြည့်နေတာ.....။
ကောင်လေး တစ်ယောက်
သိပ်ချစ်ဖို့ကောင်းနေလို့....."

သူညွှန်းဆိုသည့်ကောင်လေးက
ချာတိတ်ဟူသည်ကိုတော့ မပြောဖြစ်။ သူ့အဖြေရွှင်မြူးမြူးကြောင့် ချာတိတ်ဘက်က အတန်ကြာ တိတ်ဆိတ်သွား၏။

"အာ.....ဟုတ်....."

"............"

ရုတ်တရက် အေးစက်သွားသည့် စကားဝိုင်းကြောင့် Taehyung ကြံရွယ်ထားသည့်အစီအစဉ်အား သတိရမိသွားပြီး စကားစရန် ပြင်လိုက်စဉ်မှာပင် ချာတိတ်ဆီမှ လေးပင်နွမ်းလျသော ခေါ်သံက ဖြည်းဖြည်းချင်း ထွက်လာ၏။

"အစ်ကို"

"ဗျာ...."

"ကျွန်တော်....."

"အင်း....ကိုယ့်ကိုပြောစရာရှိလို့လား?"

"ဟင့်အင်း ဘာမှမဟုတ်တော့ပါဘူး။
အစ်ကိုနားပါ
ဆိုင်မှာလည်း တစ်နေကုန်
ပင်ပန်းထားရတာ။
ကျွန်တော် မနှောင့်ယှက်တော့ဘူး။
ကောင်းသောညလေးပါဗျ"

ရုတ်တရက် ဖုန်းချသွားတဲ့ ချာတိတ်ကြောင့် TaeHyung ပြောရန်ပြင်လိုက်သည့် စကားလုံးအချို့က လေထဲတွင်ပင် တစ်စွန်းတစ်စ ထွက်ပေါ်ခွင့်မရှိလိုက်ရပါဘဲ....။

တစ်ကယ်ဆို မနက်ဖြန် သူဘွတ်ကင်ယူထားသည့် နေရာလေးမှာ ချာတိတ်ကို သေချာဖွင့်ပြောပြီး နောက်ကျခဲ့သည်အတွက်တွေပါ အတိုးချ ချစ်ပေးမလို့ကိုလေ......။

>>>>>>>>>>

1814 words = 1.11.2024✍☕💭

ESPRESSO  & ......?Where stories live. Discover now