ကလေးကိုမှ သူစိတ်မကောင်းအောင် သွားလုပ်မိပြီထင်၏။
📲အိပ်တော့ ချာတိတ်
📲...
📲ဟေး... လူဆိုးလားမင်း?
သူ ခပ်တည်တည် ငေါက်လိုက်တော့
ချာတိတ်က ဘာမှ ဆက်ပို့မလာတော့။ အတန်ကြာမှ -
📲အစ်ကို
အိပ်မက်လှလှမက်ပါစေဗျ
Conversation အဆုံးသတ်လိုက်စဉ် ချန်ထားရစ်ခဲ့သည့် စကားလုံးလေး။
သူပြောသားပဲ..... ။
ချာတိတ်က
လူကို ဘယ်လိုပြုံးအောင်လုပ်နိုင်လဲ? သေချာသိပါတယ်ဆို......။
📲အင်း ချာတိတ်လည်း
အိပ်မက်လှလှလေးမက်....။
ဖြည်းဖြည်းချင်း သူ့ဘဝထဲ တိုးဝင်နေရာယူလာသည့် အနွေးဓာတ်ကလေး။
လက်မလွှတ်နိုင်ခြင်းသည် ရာနှုန်းပြည့် သေချာနေသည်မို့ သူ ချာတိတ်ကို လက်လွှတ်ပေးနိုင်မည်မဟုတ်။
ချစ်တယ် ကလေးလေး.....။
ကိုယ် မင်းကို သိပ်ချစ်တယ်.....။
>>>>>>>>>>>>>
📲အစ်ကို Morning ပါဗျ....။
မနက်ခင်းတိုင်းတွေလည်း မပျက်မကွက်ရောက်ရှိလာတတ်သည့် Message လေး။
Noti ကျလာလျှင် ပြေးကြည့်စရာမလို။ ဒါ ချာတိတ်ဆီက....။
နှစ်လနီးပါးခန့် စာတွေအပြန်အလှန်ပို့ဖြစ်ကြပြီး ၊ ညဘက်တွေ ညဉ့်နက်တဲ့အထိ ချာတိတ်နဲ့သူ စကားတွေပြောဖြစ်ကြသည်။ အကြောင်းအရာတွေသည် ခိုင်ခိုင်လုံလုံမရှိ။
ထွေရာလေးပါးပြောကြရင်း
ချာတိတ်နဲ့သူ နီးစပ်လာသည်ကို ခံစားမိသည်။
မနက်ပိုင်းတွေ သူ နယ်မြေကျူးကျော်ကာ ထိုကလေးအား ကျောင်းအကြိုအပို့ လုပ်ရသည်။
နေ့ခင်းပိုင်းကျ ချာတိတ်နဲ့ Jay ဆိုင်မှာပဲ ထပ်ဆုံဖြစ်ကြပြီး မမောနိုင် မပန်းနိုင်သည်က သူ.....။
ကန့်လန့်တိုက်ခဲ့သော အိမ်ကလူတွေနဲ့တောင် အဆင်ပြေပြေ သူဖြတ်သန်းနိုင်လာသည်။
ရိုးရှင်းသော နေ့ ၊ ပုံမှန်လူတွေလို သက်တောင့်သက်သာ ဖြစ်နေသော စိတ်နဲ့ ဖြည်းဖြည်းချင်း အရင်ကနေ့ရက်တွေ သူ ပြန်ပိုင်ဆိုင်လာသည်။
YOU ARE READING
ESPRESSO & ......?