".........."

"အဲ့တာက မျက်မှန်နဲ့ မလိုက်ဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်။
ချာတိတ်အဆင်ပြေမှပါ"

"အစ်ကို့စေတနာကို ကျွန်တော်နားလည်ပါတယ်"

ခပ်စိမ့်စိမ့်တိုက်ခတ်လာသော ညလေအေးကြောင့် TaeHyung ဝရံတာတွင် ဆက်မရပ်နိုင်တော့။
နာရီကို ကြည့်လိုက်တော့ ၁၁ နာရီ စွန်းစွန်းလေး။ ဆိုင်တွင်တစ်နေကုန်ပင်ပန်းခဲ့သည်ကြောင့်ရော ၊ ထိုကလေး အိပ်ချင်လောက်ပြီဟု တွေးမိသောကြောင့် စကားအချို့ ထပ်ပြောချင်သေးပါသော်ငြား စတင်နှုတ်ဆက်ရသည်က ကိုယ်တိုင်ပါပင်။

"Goodnight ချာတိတ်....
မနက်ကျမှ ကိုယ်လာခေါ်ပြီး ကျောင်းပို့ပေးမယ်"

"ရပါတယ်
အစ်ကိုနဲ့ကလမ်းသပ်သပ်ကြီး.....။
တကူးတက ဖြစ်နေပါ့မယ်"

"တကူးတကကို လာခေါ်တာလေ။
လမ်းကြုံမှ ခေါ်ရမှာလား?"

"အဲ့လိုမဟုတ်..."

"အင်း
ဒါဆိုလည်း ကိုယ်နားတော့မယ်"

"ဗျာ...ဟုတ်..."

ဖုန်းအရင်ချလိုက်ပြီးမှ သူ့ပုံစံက နည်းနည်းလွန်သွားမိသည်ထင်သည်။
မသိတော့ဘူး။ ဒီချာတိတ်နဲ့ကျမှသူ မလုပ်ဖူးတာတွေ လုပ်နေမိတာ။
အပြုအမူတွေရော ၊ အတွေးတွေရော
ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့။

Ting!

ပေပေတေတေနဲ့ပဲ ဝရံတာတွင် သူဆက်ရပ်နေမိစဉ် ဝင်လာသည့် စာက ချာတိတ်ဆီက..... ။

📲အစ်ကို ကျွန်တော့်ကို စိတ်ဆိုးသွားတာလားဗျ....

📲မဆိုးပါဘူး
နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတာ.....။

📲Jimin တောင်းပန်ပါတယ်.....

ချစ်စရာကောင်းအောင် သူ့ကိုယ်သူ Jimin ဟု သုံးစွဲတတ်သော ကောင်ကလေးကြောင့် Taehyung ကြာကြာ စိတ်မဆိုးနိုင်ခဲ့။

📲တောင်းပန်စရာကိစ္စမှ မဟုတ်တာ
မနက်ကျ ကိုယ်လာခေါ်မယ်။
အသင့်စောင့်နေ......။

📲...

စာရိုက်နေပေမယ့် ပို့မလာပါဘဲ
အတန်ကြာ ထိုကလေးဘက်မှ Typing သာ ဖြစ်နေလျှင် TaeHyung ပြုံးမိသည်။

ESPRESSO  & ......?Donde viven las historias. Descúbrelo ahora