"ချာတိတ်လို့ မခေါ်တော့ဘူးလို့
အစ်ကို ကတိပေးထားတယ်လေ
ကျွန်တော့်ကို"
"မသိတော့ဘူး မေ့သွားပြီ"
"......."
ပေါ်တင်ကြီး သူညာချတော့လည်း
ထိုကလေးက မငြိုမငြင် တိတ်ဆိတ်သွားပေးသည်။ ဆောင်းလေပြေတွေလို အေးငြိမ်လွန်းနေလို့ Taehyung နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်လွန်းသည့် ကောင်ကလေးပါပဲ။
"ကိုယ်မေးစရာရှိလို့"
"ဟုတ်"
"မနေ့က ဘာလို့ မျက်မှန်မတပ်တာလဲ? မဟုတ်ဘူး....။ ကိုယ် ချာတိတ်ကို စတွေ့ဖူးကတည်းက မျက်မှန်နဲ့လေ။
ဒါပေမယ့် တစ်ခါ နှစ်ခါလောက်ပဲနော်
နောက်ပိုင်းတွေကျ ချာတိတ်မျက်မှန် မတပ်တော့သလိုပဲ။ ဘာလို့လဲ?
ပါဝါမရှိတော့လို့ မတပ်ဖြစ်တော့တာလား?"
"........"
ငြိမ်ကျသွားပြီး အဖြေပြန်မပြုလာတော့ TaeHyung ဖုန်းနဲ့ နားကို ပိုမိုကပ်လိုက်သည်။
"ဟင်...ဘာလို့လဲ? ကလေးလေး"
"ရုပ်...ရုပ်ဆိုးတယ်တဲ့"
"ဘာက...."
"မျက်မှန်တပ်ထားရင် ရုပ်ဆိုးတယ်တဲ့....ကျွန်တော်ကလေ"
"ဘယ်သူကလဲ?...ပြောတာ"
"အတန်းဖော်တွေက"
"ဟွန်...! အလကား!
ဘယ်လိုကလေးတွေလဲ?
ရိုက်ချင်စရာတွေ....။
အဲ့တာနဲ့ပဲ မတပ်ပဲနေစရာလားကွ။
ဂရုစိုက်မနေနဲ့ အဲ့ဒါမျိုးတွေ...။
ကိုယ့်မျက်လုံးလောက် ဘာကမှ
အရေးမကြီးဘူး"
"ရုပ်မဆိုးချင်နေလို့ပါ
အစ်ကို့အမြင်မှာ"
ဒီတစ်ခါ ငြိမ်ကျသွားရသူက
TaeHyung ပါပဲ....။
"ဘာလို့ရုပ်ဆိုးရမှာလဲ?
မျက်မှန်နဲ့ ချာတိတ်ကလေးက
ဒီလောက် ချစ်စရာကောင်းတာကို"
တစ်ကယ်ပါ။ မျက်မှန်ကြည်ဝိုင်းအောက်က ခပ်နက်နက်မျက်ဝန်းတွေ ဘယ်လောက် အပြစ်ကင်းစင်လိုက်သလဲ?......။ အားနည်းဖျော့တော့မနေဘဲ သူ့ထံပါး အစဉ် ငေးစိုက်လာတတ်တဲ့ မျက်ဝန်းအိမ်ငယ်ဟာ ကြယ်ကလေးတွေလို အမြဲတောက်ပနေခဲ့တာ။
"ချာတိတ်~ နားထောင်နေလား?"
"ဟုတ်ကဲ့"
"မျက်မှန်မတပ်ချင်ရင် မျက်ကပ်မှန် တပ်ကြည့်လေ။ သိပ်မသိသာတဲ့ အရောင်လေးမျိုး ချာတိတ်နဲ့လိုက်တဲ့ဟာ ကိုယ်ရွေးပေးမယ်"
YOU ARE READING
ESPRESSO & ......?