Part 1🥚🍳

153 4 1
                                        

သထုံမြို့၏ ရပ်ကွက်တစ်ခု အတွင်းရှိ လူ့ချမ်းသာ အိမ်ကြီးတစ်အိမ်ရှိ ပြောင်လက်နေသော ပါကေးကြမ်းပြင်ထက် ကလေးလေး နှစ်ယောက်၏ အသံသည် ကျွတ်ကျွတ်ညံလျက်ရှိလေသည်။ အကြောင်းမှာမူ...

“ ကာကာဦး ”

ဖြူဖြူဖွေးဖွေး ကလေးငယ်တစ်ယောက်သည် သေးသေးညှပ်ညှပ် အညိုရောင် ကလေးငယ်၏ အင်္ကျီစကို လက်ဖွေးဖွေးကလေးနှင့် ဖမ်းဆွဲထားကာ ဂျီတိုက်နေခြင်းကြောင့်ဖြစ်သည်။

“ နာ့(ငါ့)နာမည် အာကာဦး ကာကာဦး(မ)ဟုတ်ဖူး(ဘူး)။ ”

“ ဟင့် ကာကာဦးပါဆိုနေ။ ”

“ အာကာဦးပါဆိုနေ။ ”

“ ကာကာဦး ”ဟုသာ တတွတ်တွတ် ပြောနေသော ဖြူဖြူဖွေးဖွေး ကလေးငယ်သည် မနိုင်သည့် အဆုံး ဟီးချကာ ငိုလိုက်လေတော့သည်။

“ မေမေရေ မေမေ ကာကာဦးက ဒီမှာပဲ အိပ်မှာ။ သားသားနဲ့ဆော့မှာ။ ”

ငိုရုံပင်မက ကာကာဦး ဟုခေါ်သော ကလေးငယ်ကိုပါ ဆွဲချသည်ကြောင့် မိခင်ဖြစ်သူလည်း ကဗျာကယာဖြစ်သွားကာ ကလေးချင်း လူခွာရလေသည်။ ထိုအခါ အာကာဦးလေး၏ ဆွေးချင်နေသော စွပ်ကျယ်ကလေးသည် စုတ်ပြဲသွားလေ၏။ အာကာဦးသည် ပြဲသွားသော စွပ်ကျပ်ကလေးကြောင့်တစ်ကြောင်း ခြေကန်ငိုနေသော ဘုန်းပြည့်မောင်ကြောင့်တစ်ကြောင်း ရောယောင်ကာ ငိုချလေတော့သည်။

တစ်ခဏကြာပြီးနောက်...

ယခုတွင်တော့ ရွှေသွေးငယ်နှစ်ယောက်သည် ထမင်းစားခုံတွင် တိတ်တဆိတ် ထိုင်ကာ ထမင်းမြုံ့နေကြသည်။ ငို၍ မောသောအခါ ထမင်းသည် ပို၍ စားကောင်းသည် ထင်သည်။ ဒေါ်မြမေသည်ပင် ခွံ၍ လက်မလည်အောင် ထိုနှစ်ယောက်သည် စားဝင်ကြလှသည်။ ငြိမ်နေသည်မှာလည်း အကြောင်းရှိသည်။ ဘုန်းပြည့်သည် အာကာဦးထွက်ပြေးတော့မယ့်အလား အာကာဦး၏ လက်ကောက်ဝတ်ကို အတင်းဖိကိုင် ထားသောကြောင့်ပင်။ လေးနှစ်အရွယ်ရှိ ကလေးအားဆိုသော်ငြား လက်ဖြူဖြူဖွေးဖွေးကလေးများသည် ရဲထွတ်နေလေသည်။ အာကာဦးသည်ကား စွပ်ကျယ်အပြဲကလေးနှင့် ကြောင်စီစီကလေး ဖြစ်၍သာနေတော့သည်။

ထို့နောက်တွင် ဆေးပြီး ကြောပြီး၍ ဒေါ်မြမေသည် ဘုန်းပြည့်၏ အင်္ကျီများထဲမှ ပေါ့ပေါ့ပါးပါးတစ်ထည်ကို ရွေးကာ အာကာဦးကို စွပ်ထည့်ပေးလိုက်သည်။ သားဖြစ်သူ ဘုန်းပြည့်မှာတော့ နှပ်ရော မျက်ရည်များပါ ပေသလူးနေသဖြင့် မျက်နှာသစ်ကာ ရေကျဲလေး ပြန်လိမ်းထည့်ပေးရသည်။ ပြီးလျှင်တော့ ဒေါ်မြမေသည် သားဖြစ်သူ၏ ပွဲကိုထိုင်ကြည့်လေတော့သည်။

The Egg's Diary 🥚🍳Mga kuwentong kahuhumalingan mo. Tumuklas ngayon