«Unicode»
စံကားဖြူပါ။ ကျွန်မမှာ ပြောစရာရှိပါတယ်။
အခု message boardမှာရေးလိုက်ရင် ပြန်ပျောက်သွားမှာစိုးလို့ရော၊ ပုံနဲ့တကွရှင်းပြဖို့လိုတာရောကြောင့် ဒီလိုပဲသက်သက်ခွဲလိုက်ရပါတယ်။
ခုဖြစ်နေတဲ့ကိစ္စကို မကူးကြောင်းဖြေရှင်းပါဆိုရင် ဒါ ကျွန်မဘက်က ဖြေရှင်းတာပါပဲ။
ကျွန်မ ကျောင်းမှာတည်းက စာရေးခဲ့တာပါ။ နောက်ပိုင်း တက္ကသိုလ်ဝင်တန်းအပါအဝင် လေးနှစ်နီးပါး စာမရေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စာရေးဖူးတဲ့သူတစ်ယောက်အနေနဲ့ စာမရေးနိုင်တော့တဲ့အချိန်မှာတောင် စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ သွားရင်းလာရင်း တွေးမိတဲ့ဇာတ်အိမ်၊ ဇာတ်ကွက်နဲ့ စာသားတွေကို ချရေးတတ်တာ အကျင့်ဖြစ်နေပါပြီ။ Armed affectionဟာလည်း ဒီလိုပဲသန္ဓေတည်လာခဲ့တာပါပဲ။ စာပြန်ရေးဖို့ဆုံးဖြတ်လိုက်တာနဲ့ သိပ်အများကြီးတွေးစရာမလိုခဲ့ပါဘူး။ ကျွန်မစိတ်ထဲမှာအမြဲတမ်းရှိခဲ့တဲ့ကလေးကို ချရေးလိုက်ဖို့ပဲ ရွေးခဲ့ပါတယ်။
အရင်ဆုံး ကျွန်မ Armed affectionရဲ့ဇာတ်အိမ်ကို သျှင်မရေးတဲ့ “မာတိကာရဲ့နောက်တစ်မျက်နှာ”ဝတ္ထုကနေ စိတ်ကူးရပါတယ်။ ဖတ်ဖူးတဲ့လူတွေဆိုသိမှာပါ။ သူ့အဘွားနဲ့အစ်မသေရတဲ့ကိစ္စအပါအဝင် သူ့မိဘတွေနဲ့ရန်ငြိုးရှိဖူးတဲ့လူရဲ့သားကို ကူညီပေးခဲ့တာတွေကြောင့် သူရဲကောင်းကိုအငြိုးထားနေတဲ့ ပြည့်သျှင်ဟာ ကောင်းရဲ့ညီမလေး ဦးဆောက်ပန်းကို အပိုင်သိမ်းဓားစာခံလုပ်ပြီး ကောင်းကိုလက်စားချေဖို့ကြိုးစားရာကနေ ကောင်းရဲ့ညီမလေးကိုချစ်မိသွားတဲ့ဇာတ်လမ်းပါ။
ကောင်းနဲ့ပြည့်သျှင်တို့အခန်းတွေက tensionအပြည့်ပဲမို့ သူတို့နှစ်ယောက်အခန်းတိုင်း ကျွန်မ shipမိနေကျပါပဲ။ ဒီကြားထဲ ဆရာမက ကောင်း ပြည့်သျှင်နဲ့စကားပြောတော့ ‘ယောကျ်ားချင်းတောင် ပစ်ကျရလောက်သော’ဆိုတဲ့ နာမဝိသေသနကြီးပါထည့်ထားတာမြင်တိုင်း ညီမကိုဓားစာခံထားပြီး အစ်ကို့ကိုအပိုင်သိမ်းတဲ့ဇာတ်လမ်းမျိုးရေးချင်စိတ်က ထိန်းမရခဲ့ပါဘူး။ ဒီဝတ္ထုကြောင့်ပဲ ကျွန်မ ဇာတ်အိမ်နှစ်ခုရခဲ့ပါတယ်။ ဒုတိယတစ်ခုကို နောက်ပိုင်းရေးမှာပါ။
