ကမ္ဘာကြီးသည် ဘောင်ထဲလည်ပတ်နေတဲ့မြင်ကွင်းနဲ့တူသည်။ ဒါပေမဲ့ သူသည်ဘောင်အပြင်ဘက်တွင်ရှိနေသည်။ သူဘယ်နေရာမှာရှိနေပြီး ဘယ်အချိန်မှာရှိနေလဲဆိုတာလုံးဝကိုမသိပေ။ သူသိတဲ့တစ်ခုတည်းသောအရာက ဒီဘဝမှာသူတွေ့ကိုတွေ့ရမဲ့တစ်စုံတစ်ယောက် ရှိတယ်ဆိုတာပဲဖြစ်သည်။
အားလုံးရဲ့အမြင်မှာ Fu Beichen သည် "ကျောက်စိမ်းကဲ့သို့နူးညံ့သိမ်မွေ့တဲ့ မြင့်မြတ်သူ" တစ်ယောက်ပင်ဖြစ်သည်။ မိသားစုနောက်ခံပဲဖြစ်ဖြစ် သူ့ရဲ့ပင်ကိုယ်စရိုက်ပဲဖြစ်ဖြစ် သူနဲ့ပတ်သတ်သမျှအားလုံးကပြီးပြည့်စုံလေသည်။ Fu Beichenကိုယ်တိုင်သာလျှင်သူ့စိတ်ဝိဉာဉ်ကမပြီးပြည့်စုံမှန်းသိသည်။ ဟိုတစ်စဒီတစ်စနဲ့ရှည်လျားတဲ့အိမ်မက်တွေက သူ မမေ့ပျောက်ချင်တဲ့အရင်ဘဝကမှတ်ဉာဏ်တွေဖြစ်တယ်ဆိုတာကိုFu Beichen သဘောပေါက်လာတယ်
ပြီးတော့ သူ့ရဲ့အရိုးတွေထဲထွင်းထုထားပြီး သူ့နှလုံးသားထဲ အလေးအနက်စွဲထင်နေတဲ့ အိပ်မက်ထဲကသူမ.....
Cheng YuanYuan ပေါ်ထွက်လာတဲ့အခါ အကြည့်လေးတစ်ချက်ထဲနဲ့ သူ့နှလုံးသားထဲလှိုင်းလုံးကြီးတွေထသွားသည်။
သူမကိုကယ်တင်နိုင်ဖို့ သူ့ဘဝကိုကြည်ဖြူစွာစတေးပေးနိုင်သလို သူမအတွက်ဒုက္ခအားလုံးကိုကျေကျေနပ်နပ်ခံယူနိုင်သည်။
သူရဲ့ညှင်သာနူးညံ့မှုတွေနဲ့မမြင်နိုင်တဲ့ကျော့ကွင်းတစ်ခုရက်လုပ်ကာ သူမဘဝကိုတိတ်တဆိတ်နဲ့ဝန်းရံထားလေသည်။
“ ကိုယ်ဘယ်သူ့ကိုမှမနမ်းခဲ့ဖူးဘူး ”
“ပြီးတော့ကိုယ်ဘယ်သူ့အကြောင်းမှမစဉ်းစားခဲ့ဖူးဘူး ”
“ မင်းနဲ့ပဲ ကိုယ်အတူအိုမင်းသွားချင်တာ”
ကိုယ့်ရဲ့အရင်ဘဝမှာပဲဖြစ်ဖြစ် အခုဘဝမှာပဲဖြစ်ဖြစ် ကိုယ်ကမင်းအနားလေးမှာပဲအမြဲရှိချင်တာ
Zawgyi
YOU ARE READING
Forever by your side
Romanceဤဝတ္ထုသည်ဘဝပေါင်းများစွာကိုကျော်ဖြတ်လာသောအချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်သည်။ အမျိုးသားဇာတ်လိုက်သည် အမျိုးသမီးဇာတ်လိုက်ကို နှစ်ထောင်ပေါင်းများစွာချစ်မြတ်နိုးခဲ့သည်။
