Part1

103 8 1
                                        

"နင့်ဘဝမှာဘယ်တော့မှမပျော်ရွှင်ရဘူးမြဲမြဲမှတ်ထား"
ဘယ်ကလာမှန်းမသိတဲ့မိန်းမ‌တစ်ယောက်ဆီကအော်သံစူးစူးတွေဟာ မီအတွေးထဲမှာအမြဲလိုလိုစိုးမိုးနေတယ်။
သူဘယ်သူလဲမီမသိ။မီမှတ်လဲမမှတ်မိ။
ဘာလို့အမြဲကျိန်ဆဲနေတာလဲဆိုတဲ့အဖြေကိုခုထက်ထိ
အဖြေရှာမရသေး...။
သေချာတာတစ်ခုကတော့အဲ့မိန်းမကအမြဲအနှောင့်ပဲ။
မိန်းမတစ်ယောက်ရဲ့မှုန်ဝါးဝါးအရိပ်ဟာတစ်ဖြေးဖြေး
မီနဲ့နီးကပ်လာပြီး သူ့လက်ထဲကပုဆိန်လို့ထင်ရတဲ့အရာနဲ့
မီ့ကိုမရပ်မနားမမောတမ်းလိုက်ခုတ်နေခဲ့တယ်။
ဘယ်လိုပဲလွတ်အောင်ပြေးပြေးနောက်ဆုံး.. နောက်ဆုံးမှာ သူမီ့ကိုအမြဲဖမ်းမိသွားတာပဲ...။
"အားးး"
အင်း..အိမ်မက် အိမ်မက်ပဲ မီ့တစ်ကိုယ်လုံးချွေးစေးပြိုင်းပြိုင်းကျလျက် မောဟိုက်‌လို့နေတယ်။ ဒီအိမ်မက်သံသရာကဘယ်ချိန်မှလွတ်မြောက်မှာလဲ
ဘယ်ကတည်းကလဲ..အို အထက်တန်းပြီးကတည်းကပဲ။
သူလဲဒီအငြှိုးမကျေသေးပုံ မီလဲမလွတ်မြောက်နိုင်သေး။
တွေးလက်စအတွေးတွေရပ်ချလိုက်ပြီး uniသွားဖို့ထ၍ပြင်ဆင်တော့သည်။
စိတ်ကိုလန်းသွားအောင်ရေကိုအကြာကြီး
ဇိမ်ဆွဲချိုးမိသည်။အတွေးတွေဟာဟိုတစ်စဒီတစ်စ..
မဖြစ်သေးပါဘူးတစ်ရက်တော့ရက်ချိန်းပါဦးမယ်။
ရေချိုးပြီးတော့အချိန်အတော်တောင်လင့်နေပြီ ၈နာရီဝောာင်ကျော်ရောပေါ့အချိန်တွေမမှန်တော့တာလဲကြာပါပြီ။မီ့မှာရွေးချယ်စရာသိပ်မရှိဂါဝန်Floral အနီလေးဝတ်ပြီးမပါမဖြစ် red ribbon လေးချည်
Peach lipgloss ဆိုးပြီးကျောင်းသွားဖို့အမြန်‌ ပြေးရတော့သည်။‌နောက်ကျနေပါတယ်ဆို ဆိုင်ကယ်သော့မေ့၍တစ်ခေါက်ပြန်ပြေးရသည့်အဖြစ်...
ဒီလိုဆိုတစ်နေကုန်ဗရုတ်ကျမဲ့ပုံ။
Uniရောက်တော့အချိန်က၉ခွဲ။
မီနောက်ကျတာတော့မဟုတ်လမ်းမှာပီကယ်တွေ့၍ပတ်ရှောင်ရခြင်းကြောင့်ဖြစ်သည်။
ထားတော့..ထူးဆန်းတာလဲမဟုတ်။
အတန်းမသွားသေးပဲ သူငယ်ချင်းတွေရှိသည့် canteenကိုခြေကုန်သုတ်ပြေးချိန်လမ်းမှာကိုယ်လူချောနဲ့တိုက်မိတော့သည်။
"အ"မီရောသူပါပြိုင်တူအော်မိသည်။
"ဝေ့ ရှင်မမြင်ဘူးလား"
ထို့လူထံကဘာအသံမှထွက်မလာ သေလောက်တဲ့စိုက်ကြည့်မှု့တစ်စုံကမီ့ကိုဝါးမြိုတော့မဲ့ပုံ။
မြေပြင်ပေါ်ကျ‌သွားတဲ့သူ့မျက်မှန်ကိုကောက်ပြီးချာက
တည်းလှည့်ထွက်သွားတော့သည်။မီလဲသူငယ်ချင်းတွေဆီဆက်ပြေးရသည်။
ဟိုရောက်တော့အုပ်စုလိုက်အတော်နဲ့ရှာမတွေ့..
ဘယ်တွေ့ပါ့မလဲဒင်းတို့ကထင်းရှူးပင်အောက်ရွေးထိုင်နေတာကိုး။‌ ဘေးဘီတွေကိုကြည့်လိုက်တော့ ဟင် ဟိုမှာ ခုနကလူ...ကောင်တာမှာတော့။
မီလဲသစ်ပင်တွေကြားကပုန်းကွယ်ပြီးသူငယ်ချင်းတွေဆီအရောက်သွားရတော့သည်။မဟုတ်သေးပါဘူး ညည်းကသူ့ဆီကဘာခိုးလာလို့ပုန်းလာရတာတုန်း
ဦးနှောက်ပဲ။ကန်တင်းစဝင်လာကတည်းကခိုးကြောင်ခိုးဝှက်နဲ့
မီ့ကိုသူငယ်ချင်းတွေကကြောင်တောင်တောင်
အကြည့်မပြတ်။
"ဟဲ့ လွန်းနင်ဘာဖြစ်လာတာတုန်း ဘာလဲရည်းစားဟောင်းနဲ့ပြန်တွေ့လာလို့လား"
"ဟုတ်ပါ့ဟယ် ကြည့်ဦးရုပ်ကိုလဲ"
ခစ်နဲ့နန်းတို့ကတစ်ယောက်တစ်ပေါက်ထင်ကြေးတွေဝိုင်းပေးကျလေရဲ့။
"ဟာမဟုတ်ပါဘူးဟ ဟို လမ်းမှာရေခဲတုန်းကအဖေခေါ်လို့ရတဲ့မျက်မှန်လေးနဲ့ဝင်တိုက်လာတာ"
ဝင်တိုက်တယ်ကြားကြားချင်းနန်းတစ်ယောက်အပြူးအပြဲအသံပြဲနဲ့ထအော်တော့သည်။အကောင်းတော့မဟုတ်
မီတစ်ယောက်ပြဿနာရှာလာပြီအထင်နဲ့အော်ခြင်းပင်..။
"ဟယ် သူကဝင်တိုက်တာလား"
"မဟုတ်ဘူးငါက နင်တို့မသိလို့ရုပ်ကလေးကသာချောတာ စကားပြောတတ်တဲ့ပုံမပေါ်ဘူးမေဂျာမသ်ိရတာရင်နာတယ်ဧပရယ် ရယ်"
မီ့ရဲ့အဖြေမှာအကုန်လုံးရယ်တဲ့သူကရယ်ဆဲတဲ့သူကဆဲနဲ့တစ်ဖွဲ့လုံးဗရုတ်ကျနေတဲ့အချိန်ကိုယ်တော်ချောကမီတို့
ဝိုင်းကိုဘယ်ကပေါ်လာမှန်းမသိရောက်လာခဲ့တယ်...။
နန်းကသူ့မြင်တော့ပြာပြာသလဲထသွားပြီ သူ့အရိပ်ကလဲမီတို့ဝိုင်းနဲ့တစ်ဖြေးဖြေးနီးကပ်လျက်..။ဟာသွားပြီနန်းတစ်ယောက်ဘာလို့သူ့ခေါ်လိုက်တာလဲ...အသိလား ဘာကြီးလဲ အားး သေချင်တယ်။
"အမေကနင့်ကိုလာခေါ်ခိုင်းလို့"
"ဟင်ဘာလို့လဲ"
"အိမ်မှာလာကြိုမဲ့လူမရှိလို့"
ဟောတော့ဒီလူစကားပြောတတ်သား။အ အထင်တာကို။
မျက်မှန်လေးကမီ့ကိုမြင်တော့စူးစိုက်ကြည့်လျက် မီသည်သောက်‌နေသည့်colaကိုပင်သည်းပြီးထွေးထုတ်မိသည်အထိ။
'အမလေးကြောက်စရာကောင်းချက်ငါ့ကိုထသတ်တော့မဲ့ပုံနဲ့' မီလဲဂယက်ပီပီ သူတို့နှစ်ယောက်စကားဝိုင်းထဲဝင်ပါလိုက်တယ်။
"နန်း မီလိုက်ပို့ပေးမယ်လေ ဒီနေ့က presentation လုပ်ရဦးမှာဆိုတော့ပျက်မရဘူးလေ"
ထုံးစမ်အတိုင်းဘာမှပြန်ပြောခြင်းမရှိပဲသေလောက်တဲ့အကြည့်နဲ့ကြည့်မြဲကြည့်ဆဲ။
အခြေအနေကိုနားလည်နဲ့နန်းကတင်းမာနေတဲ့လေထုကိုဖြိုခွဲလိုက်ပြီးမျက်မှန်‌လေးကိုအပြင်ခေါ်ထုတ်သွားလိုက်သည်။
"နန်းဒီနေ့သူနဲ့ပဲလိုက်တော့မယ် အမေ့ကိုပြောပေးဦးစိတ်မပူနဲ့လို့"
"သူနဲ့?"
"မီကစိတ်ရင်းကောင်းပါတယ် သူ့ပုံစံကိုကဒီလိုမလို့ပါ"
"အလေးအနက်မရှိဘူး"
နန်းသိသည်။မီကအလေးအနက်မထား ပြောင်တီးပြောင်ချော်အကျင့်ရှိတာကို အဲ့အကျင့်လေးကပဲမီ့ကိုထူးခြားအောင်လုပ်ပေးတာလားတော့မသိမီအနားမှာရှိရင်မရယ်ရတဲ့ရက်ဆိုတာမရှိ ဂလိထိုးပြီးရယ်အောင်လုပ်မဲ့ဟာမလေး မီ့ကြည့်ရင်အပူအပင်မရှိတဲ့ကလေးလိုအမြဲရယ်မောနေ
တတ်သည်။သူတို့အဖွဲ့တွင်စပ်စလူးအခက်ဆုံးမီမှာ ဆရာ ဆရာမတွေကြားနာမည်ဟိုးလေးတကျော်ပင်။နန်း
ဝိုင်းဆီပြန်သွားတော့အကုန်လုံးကဘာဖြစ်လာလဲစူးစမ်းသဟန်မျက်နှာလေးတွေနဲ့အကုန်လုံးထဲမှာမီ့မျက်နှာကပိုပေါ်သည်။အင်းပေါ့လေ ခုနကတည်းကပြောမပြီးနိုင်ဖြစ်နေတာကို။
"ဟဲ့အဲ့လူက"
"ငါ့အကို"
"ဟင် ဟိုတစ်ယောက်လား"

ခုမှသေချာစရေးဖြစ်တာလေးမလို့ဝေဖန်ပေးကြပါဦးရှင့်။
ဖတ်ရှု‌ပြီးvoteလေးပေးခဲ့ကြပါဦးနော်❤️

The silences between usDonde viven las historias. Descúbrelo ahora