လည်ပင်းမှာဆွဲထားသည့် Helmet လော့ကပ်လေးမှ ခပ်ကြာကြာလေး တုန်ခါလာတာမိ ညွှန်းထိုင်နေရာကနေထရပ်လိုက်မိသည်။အချိန်ကျပြီထင်သည်။အချက်ပေးတာ ရတာနဲ့ ထွက်သွားဖို့ ဇမ်းက မှာခဲ့သည်။ညွှန်း အသင့်ပြင်ထားသည့် အိတ်ကို ပခုံးမှာချိတ်လွယ်လိုက်ရင်း သတိအနေအထားနဲ့အခန်းထဲမှထွက်ဖို့လုပ်လိုက်၏။
ဇမ်း...၊
သူရောအဆင်ပြေရဲ့လား။
ညွှန်း လက်ထဲကမြေပုံအသေးလေးကို ကျစ်နေအောင်ကိုင်ထားရင်း အခန်းအပြင်ကို တစ်ချက်အကဲခတ်ကာ အစောင့်တွေမရှိဘူးဆိုတာ သေချာမှ အခန်းအပြင်ကိုထွက်လိုက်သည်။ပြီးနောက် စံအိမ်ရဲ့အနောက်ဘက်ဥယျာဥ်ကို အမြန်ဆုံးနည်းနဲ့ရောက်ဖို့ရာ ခြေသုတ်တင်လိုက်သည်။အနောက်ဘက်ဥယျာဥ်ကနေတောက်လျှောက်ဆက်သွားရင် တောင်ပေါ်မှာ အချိန်အနည်းငယ်ပုန်းခိုလို့ရနိုင်သည်။နောက်မှ ဇမ်းပြောသလိုအကူအညီအတွက် အချက်ပေးခလုတ်ကိုနှိပ်ပြီး ဆက်လုပ်စရာတွေကိုလုပ်ရမည်။ညွှန်း Helmet ကိုလက်ထဲ ထည့်ဆုပ်ထားလိုက်ရင်း အနောက်မှာကျန်ခဲ့သည့် စံအိမ်ကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ရင်း....၊
"ဘာတွေပဲဖြစ်နေနေ ငါမင်းကိုပြန်လာရှာမယ် ဇမ်း....၊အဲ့တာကြောင့် ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး အထိအခိုက်ကင်းကင်းနဲ့ရှိနေပေးပါ"
လဲကျသွားလို့မရဘူး။
ပြိုလဲသွားလို့မဖြစ်ဘူး။
ဇမ်းအတွက် သူဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားနိုင်မှဖြစ်မည်။ကိုယ်ကြားရုံအသံခပ်တိုးတိုးနဲ့ပြောပြီးတာနဲ့ ညွှန်းခြေလှမ်းတွေကိုအားဖြည့်လိုက်သည်။
တောင်ပေါ်ဆီမရောက်ခင် စံအိမ်ရဲ့ အနောက်ဘက်ဥယျာဥ်ကိုဖြတ်နေရတာမို့ ညွှန်းခြေလှမ်းတွေမရပ်ရဲ။အနောက်ဘက်ဥယျာဥ်ဆိုတာလည်း ကန့်သတ်နယ်မြေအထိပဲ ရှင်းလင်းလှပနေပေမယ့် တောင်စပ်နဲ့နီးလာတိုင်းခရီးကကြမ်းလာသည်။သတိထားလျှောက်နေရင်း ပြတ်ရှထိခိုက်မိတာတွေလည်းရှိသည်။ထို့ကြောင့် လက်ခေါက်တင်ထားသည့် အင်္ကျီကို လက်ရှည်ပြန်ဖြည်စေပြီး ခရီးကိုပြန်ဆက်ရသည်။သိပ်မကြာခင် ကျောက်ဂူလို့ထင်ရသည့် အရာကြီးကြောင့် ညွှန်းခြေလှမ်းတွေရပ်တန့်သွားကာ အတွေးတွေရပ်သွားရ၏။
DU LIEST GERADE
You are My Bone [Complete]
Part - 101 [Uni&Zaw]
Beginne am Anfang
![You are My Bone [Complete]](https://img.wattpad.com/cover/327871887-64-k25519.jpg)