Not Willing To Forget~~~

Start from the beginning
                                        

အခုတတိယ တစ်ကြိမ်မှာတော့ Mingyuပါမျက်ရည်ကျရတော့သည်။ချစ်သူသက်တမ်း 2နှစ်နဲ့5လအကြာမှာတော့ သူတို့နှစ်ယောက်ရဲ့အချစ်ကို ဒုတိယအကြိမ် စမ်းသပ်ခံရတာဖြစ်သည်။ဒီနှစ်တွေအတွင်း သူကရုပ်ရှင်တွေရော seriesတွေရော မအားမလပ်ရိုက်ကူးခဲ့ရသည်။တစ်ကားထွက်ခါနီးတိုင်း သွားလိုက်ရတဲ့ variety showတွေ၊ရိုက်လိုက်ရတဲ့ မဂ္ဂဇင်းတွေနဲ့ အင်တာဗျူးတွေကလည်း အများအပြားပင်။တွဲဖက်သရုပ်ဆောင်တွေနဲ့ ဆက်ဆံ‌ ရေးကောင်းမွန်စွာထိန်းသိမ်းတတ်သူမလို့ media တွေနဲ့ reporter တွေရဲ့ မျက်စိကျခြင်းလည်းခံရသည်။ Agencyအတွက်တော့ သူကငွေရှာစက်လိုပင်။CEOရဲ့မျက်စိကျခြင်းခံရသူမလို့ agency ကအသစ်တင်ပေးချင်သော ကလေးတွေကိုလည်း Mingyu ကလက်တွဲခေါ်ပေးရသည်။ အသစ်တင်ပေးတဲ့မိန်းကလေးအဆိုတော် soloist တစ်ယောက်နဲ့လည်း dating rumor ထွက်လိုက်သေးသည်။agencyဘက်ကို စာတင်ပေးပြီး အတိအလင်းငြင်းပေးပါရန် Mingyu ကတောင်းဆိုထားသည်။agencyတစ်ခုတည်းကartistsတွေဖြစ်တာ‌ကြောင့် agencyဘက်ကတော့ တစ်ဖက်မိန်းကလေးရဲ့သိက္ခာထည့်တွက်ပေးရမည် ဘာညာနဲ့ 'artistရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်သောကြောင့် agency ဘက်က ဝင်စွတ်ဖက်မည်မဟုတ်ပါ'ဆိုတဲ့ မပြတ်မသားပုံစံနဲ့သာစာထုတ်ပေးလာတာကြောင့် Mingyu စာချုပ်သက်တမ်းထပ်မတိုးတော့ရန် ဆုံးဖြတ်လိုက်သည်။ Rumorထွက်ရတာလည်း ထိုအဆိုတော်မိန်းကလေးရဲ့ သီချင်းMVမှာ Mingyuကပါဝင်သရုပ်‌ဆောင်ပေးရသည်။သီချင်းကို Mingyuရဲ့ social media Accမှာ Promotionဆင်းပေးရသည်၊ concertကိုလည်းသွားကြည့်ပေးရသလို နားနေခန်းထိသွားပြီး အားပေးစကားပြောပေးရတာတွေ,after party တွေထိသွားပေးရတာ‌တွေ အထိပါလုပ်ပေးရသည်။ အရင်အသစ်တွေတုန်းကအခုလိုတွေထိလုပ်ပေးစရာမလိုပါ။CEOကိုယ်တိုင်က အကူညီထပ်ခါထပ်ခါတောင်းပြီး တွန်းအားပေးလို့သာ သူကလုပ်ပေးခဲ့တာဖြစ်သည်။ ဒီလိုဆိုတော့ Mingyuက တက်သစ်စတွေအပေါ် မာနကြီးပြီးချေမိုးနေတာတော့မဟုတ်ပါ။စည်းဘော‌င်တစ်ခုအတွင်းက‌နေသာ အားပေးရင်းသင်ပြပေးသည်။ Agencyက ကလေးတိုင်းက Mingyuကိုဆိုရင် သူတို့အပေါ်အမြဲတမ်းပြုံးပြီးဆက်ဆံတတ်သလို၊အကြံဉာဏ်ကောင်းတွေလည်းပေးပြီး သင်ပြပြောပြတတ်သူဖြစ်တာကြောင့်ရော မုန့်တွေလည်း မကြာခဏဝယ်ကျွေးတတ်တာကြောင့်သဘောကောင်းသည့်စီနီယာအဖြစ် လေးစားချစ်ခင်ကြသည်။‌နောက်မှ CEOကိုယ်တိုင်ကတောင်းပန်လာသည်။နောက်နောင် ထိုအဆိုတော်မိန်းကလေးရဲ့ အနုပညာလှုပ်ရှားမှုမှန်သမျှကို Mingyu က promote လုပ်ပေးရန်မလိုတော့ကြောင်းလည်း ကတိပေးလာသည်။
တစ်ဖက်မိန်းကလေးက အမှားမရှိ၊အပြစ်မရှိပေမယ့်
Agency ရဲ့ သူ့အကျိုးအတွက်ပဲကြည့်တတ်ပုံကိုတော့ Mingyuက သတိထားနေတော့မည်ဖြစ်သည်။
Hyungကသူ့ကို ဘယ်လိုပဲယုံပါတယ်လို့ပြောထားပါစေ တကယ်တမ်းသတင်းတွေထွက်လာတော့ Hyungသူ့ကိုစိတ်ဆိုးတာက ဖြစ်သင့်ပါသည်။
Mingyuက အခုထပ်ပိုပြီး အနေထိုင်ဆင်ခြင်တင်းကြပ်တော့မည့်အကြောင်း Hyung ကိုကတိပေးလိုက်သည်။
Wonwoo သိပါသည်။ဒီdating rumor ကိစ္စက သူ့အမေရဲ့ပရောဂ မကင်းမှာကို Wonwoo သိသည်။ Mingyuကိုတော့ သူ့ကိုယ်သူထပ်ကို Wonwoo ကပိုယုံပါသည်။ဒီသတင်းထွက်တဲ့နေ့က ဖုန်းထဲမှာ မေမေပြောခဲ့တဲ့စကားတွေကို Wonwoo မှတ်မိပါသည်။
"ဒီကိစ္စက မေမေလုပ်နိုင်တဲ့အရာတွေထဲက အကင်းသေးလေးတစ်ခုပဲရှိသေးတာကို မင်းကောင်းကောင်းသိပါတယ်နော်Wonwoo,တကယ်ဆို ဒီသတင်းအတွက် မေမေလုပ်ခဲ့တာက ခေါင်းတစ်ချက်ပဲငြိမ့်ပေးခဲ့တာ၊ အခုထပ်ကြီးတဲ့ကိစ္စတွေ အများကြီးလုပ်လို့ရသေးတာ မင်းလည်းသိမှာပါ၊မင်းခြေလှမ်းတွေကို အမြန်ဆုံးပြင်ဖို့ပဲ မေမေသတိပေးချင်တယ်၊ကို့သားသမီးကောင်းစားဖို့အတွက် သူများသားသမီးကိုဆွဲချရတဲ့အလုပ်မျိုး မေမေထပ်မလုပ်ချင်တော့ဘူးWonwoo"
ဒါတွေပြန်တွေးမိတော့ Mingyuကို အခုထပ်ပိုပြီးတင်းတင်းကြပ်ကြပ်တိုးဖက်ထားလိုက်မိသည်။ ဒီကောင်လေးပြိုလဲပျက်စီးသွားတာမျိုးကို စိတ်ကူးနဲ့တောင်သူကတွေးမကြည့်ချင်ပါ။
"Hyung ကျွန်တော်တောင်းပန်ပါတယ်နော် တကယ်နောက်ထပ် ထပ်မဖြစ်စေရတော့ဘူး ကျွန်တော်ကတိပေးတယ် နော် Hyung~~~
မျက်နှာလေးတော့ပြပါအုံးဗျာ "
Mingyuက သူ့ရင်ခွင်ထဲဝင်ပုန်းနေတဲ့ Wonwooကိုယ်လေးကို ဆွဲထုတ်‌လိုက်တော့ Hyung ကအလိုက်တသင့်ပါလာသည်။
"Hyung ယုံပါတယ် Mingyuကို ကိုယ့်ကိုယ်ကိုထပ်ပိုပြီး Hyung ကယုံပါတယ်"
Wonwooမျက်မှန်လေးကို Mingyuကဆွဲချွတ်ပေးလိုက်သည်။မျက်ရည်စလက်ကျန်တွေကို ခပ်ဖွဖွသုတ်ပေးလိုက်ရင်း ငိုထားတဲ့အရှိန်နဲ့ ရဲနေတဲ့ Wonwooရဲ့ နှာခေါင်းလုံးလုံးလေးကို Mingyuက သူ့နှာခေါင်းထိပ်လေးနဲ့ ထိတိုက်ပွတ်သပ်ပေးလို့ Hyung စိတ်ဆိုးပြေရန် ချော့မြူလိုက်သေးသည်။
"အဟွင်းး~~~"
Wonwooရဲ့ တိုးဖွဖွရယ်လိုက်တဲ့အသံလေးနောက် Mingyuရဲ့ ပူပင်ခဲ့ရသောစိတ်ရှုပ်ထွေးမှုတွေကလိုက်ပါပျောက်ကွယ်သွားသည်။Mingyuသေချာသိလိုက်တာတစ်ခုက Hyungနဲ့ သူ့ကြားက မေတ္တာနှောင်ကြိုးလေးကို အခုထပ်ပိုပြီးခိုင်ခိုင်မာမာတည်ဆောက်ရအုံးမည် ဆိုတာပင်။
5ရက်လုံး Wonwoo နားမှာ Mingyuက ကပ်ချွဲလို့ ချစ်ရကြောင်းတွေတဖွဖွပြောရင်း သူနဲ့Hyung နှစ်ယောက်အတူတူပုံဖော်ကြမယ့် အနာဂတ်အိပ်မက်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။Mingyuက နောက်2နှစ်အတွင်းWonwooကျောင်းပြီးလို့ဒီမှာပဲအလုပ်ဝင်ချင်ရင်တောင် တစ်နှစ်လောက်ပဲသူခွင့်ပြုထားနိုင်မယ့်အကြောင်းနဲ့၊ Koreaကို Wonwoo ပြန်ရောက်လာတာနဲ့ သူတို့၂ယောက်အတူတူနေနိုင်အောင် သူ့ဘက်က အစစအရာရာ ကြိုတင်စီစဉ်ထားမည်ဖြစ်ကြောင်း၊ MingyuမိသားစုကWonwooကိုလက်ခံ‌ပေးလာအောင်သူကနားချပြောပြထားပြီး၊ Wonwooမိသားစုဘက်ကလည်း Mingyuကိုလက်ခံပေးနိုင်တဲ့အခြေနေတစ်ခုမှာရှိနေနိုင်အောင် သူကကြိုးစားမည့်အကြောင်း၊ Wonwooကတော့ စာကိုသေချာကြိုးစားလုပ်ပြီး ကျောင်းမြန်မြန်ပြီးဖို့ကိုသာ အာရုံစိုက်ထားရန်လိုကြောင်း, Wonwooဆီလာတဲ့လမ်းတစ်‌လျှောက် သူကြိုတင်စိတ်ကူးထားသမျှ အစီစဉ်အားလုံးကို Hyungကိုပြောပြပြီး သဘောတူညီမှုယူခဲ့ကြသည်။
မနက်ဖြန်ဆိုရင်Mingyuပြန်ရတော့မည်ဖြစ်သည်။
ဒီနေ့ ညစာကိုတော့ Wonwooစားချင်တာ‌တွေ ချက်ကျွေးဖို့နှစ်ယောက်အတူတူSupermarket
ကို ဈေးဝယ်ထွက်ခဲ့ကြသည်။Mingyu kitchenဝင်တော့လည်း Wonwooကအနောက်ကနေ တစ်ဖဝါးမှ မခွာချင်သလိုပုံစံနဲ့ လိုက်ကပ်နေတော့သည်။Mingyuထင်လိုက်တာက Hyungကသူမပြန်ရသေးခင်တည်းကသူ့ကိုကြိုတင်လွမ်းနေတာပဲဖြစ်မည်လို့လေ။
ညစာစားပြီးတော့ living room ထဲက ဆိုဖာခုံပေါ်မှာထိုင်ရင်း Wonwooကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။အနည်းဆုံး တစ်နှစ်တစ်ခါလာတွေ့နိုင်အောင် သူကြိုးစားမယ်လို့ Hyungကိုကတိပေးထားသည်။တစ်ပတ်ကို အနည်းဆုံး3ကြိမ် FaceTimeပြောကြမည်။တစ်ရက်တာအတွက် ဘယ်သူတွေနဲ့တွေ့ပြီးဘာတွေလုပ်မည်၊ဘယ်ကိုသွားလို့ဘာတွေစားမည် ဆိုတဲ့ အသေးစိတ်ကျတဲ့ အချက်လက်တွေကစလို့ Hyungကို သူကပေးသိမည်လို့ ဆုံးဖြတ်ထားသည်။အရင်ကလည်းပေးသိနေကြပေမယ့် အခုကစပြီးပိုဂရုစိုက်တော့မည်။
Mingyu သူ့ရင်ခွင်ထဲက လက်အငြိမ်မနေတဲ့အကောင်ပေါက်ကို အသည်းယားလာပြီ။Mingyuအင်္ကျီကကြယ်သီးကို ဖြုတ်လိုက်တပ်လိုက်ဆော့ရင်း သူပြောနေတာတွေကို Wonwoo သေချာနားထောင်နေတာမှဟုတ်ရဲ့လား။
"Hyung~~~မဆော့နဲ့ဗျာ"
"မဆော့ပါဘူး"
"ဒါဆိုလက်က အငြိမ်နေလေ၊ ကျွန်တော်ပြောတာတွေရောနားထောင်နေရဲ့လား?"
"အင်း နားထောင်ပါတယ်"
ပါးစပ်ကသာ နားထောင်နေပါတယ်ပြောနေပေမယ့် လက်ကတော့ အခုထိမငြိမ်သေးသလို မျက်လုံးကလည်းMingyuကို တစ်ချက်တောင်ကြည့်မလာပါ။
Mingyuက ရှပ်အင်္ကျီကို အစတည်းကကြယ်သီးတစ်လုံးဖြုတ်ဝတ်ထားတာဖြစ်သည်။အခုတော့ Wonwooလက်ချက်နဲ့ ကြယ်သီးက3လုံးပြုတ်သွားပြီး ဒီတစ်ခေါက်ရိုက်ရမယ့် ဗိုလ်ကြီးcharacterအတွက်trainထားတဲ့ ဗိုက်ကabsတွေပါပေါ်လာနေပြီဖြစ်သည်။
Mingyuဗိုက်ကအတုံးလေးတွေကို Wonwooလက်နဲ့ မထိတထိကိုင်နေတာမလို့ Mingyuက သမာဓိအားတွေပြတ်တောက်ချင်လာသည်။
"Hyung ~~~~~"Mingyuရဲ့ အားနည်းနေတဲ့ခေါ်သံနောက်မှာWonwooဆီကပြန်ထူးသံမလာပါ။အဲ့ဒီအစား တစ်ခြားတစ်ခုကို လုပ်လိုက်တာမလို့ Mingyuက သူ့စိတ်တွေလွတ်ထွက်မသွားအောင် အောက်နှုတ်ခမ်းကိုကိုက်လို့ခေါင်းမော့ပစ်လိုက်သည်။
ဒီHyungကအတော်ဆိုးပါသည်။သူမြန်မြန်တားမှဖြစ်မည်။Mingyuပေါင်ပေါ် စွေ့ခနဲတက်လာလို့ သူ့ရင်ဘက်ကို တဖွဖွနမ်းနေတဲ့ Wonwooက သူ့ကိုယ်သူဘာတွေလုပ်နေတာလဲရော သိပါရဲ့လားလေ။
နှစ်ဦးနှစ်ဖက် ချစ်ရကြောင်းတွေဖွင့်ဟဝန်ခံထားပေမယ့် သူတို့ကနမ်းတာကလွဲပြီးတစ်ခြားအဆင့်တွေထိမတက်ရသေးပါ။အခု Hyungက အဲ့အဆင့်ထိတက်ဖို့ တကယ်ပဲဆန္ဒရှိနေတာလား။
Mingyuကတော့ သူဆန္ဒရှိလာတဲ့အရာကို မပိတ်ပင်တော့ပါ။အခုကိစ္စက Hyungကအရင်စခဲ့တာမလို့ Hyungကိုပဲအပြည့်အဝတာဝန်ယူခိုင်းလိုက်‌တော့မည်။Wonwooခါးလေးကိုတင်းတင်းဆွဲဖက်လို့ အဲ့ဒီညက Kim Mingyuသည် JeonWonwoo ကို သူတို့နှစ်ယောက်ရဲ့ပထမဆုံးသော အပြာရောင်အချစ်ညလေးတစ်ည အိမ်အပြန်လက်ဆောင်ပေးထားခဲ့လိုက်သည်။

NOT WILLING TO FORGET~~~Where stories live. Discover now