Not Willing To Forget~~~

811 51 1
                                        

သူ့နှုတ်ခမ်းတွေ နွေးထွေးစိုစွတ်လာတာကို ခံစားမိနေသည်။
အသက်ရှူရခက်နေတာလား?
ရင်ခုန်သံတွေမြန်ပြီးရင်းမြန်လာနေတာကို သိနေပေမယ့် ဒီအချိန်အတွင်းတော့ အရေးမလုပ်ဘဲမေ့ထားချင်နေသည်။
သူ့ခါးမှာရစ်ပတ်ထားတာက အားသန်တဲ့လက်တစ်စုံ၊ သူရုန်းမထွက်မိပါ။ သူကိုယ်တိုင်က စိတ်လိုလက်ရ လက်ခံပေးမိနေသည်။လျှာဖျားလေးကိုဆွဲစုပ်ယူလို့ ကစားနေသူဟာ သူ့ကိုအရုပ်လေးတစ်ရုပ်နဲ့ဆော့နေသလို အလွယ်တကူကစားနေလိုက်ပုံများ။ သူ့လက်‌ေချာင်းသွယ်သွယ်‌ေတွကြားမှာတော့ ကစားနေသူရဲ့ ဆံပင်တိုစိပ်စိပ်တွေကနေရာယူသည်။ အနမ်းအရှိန်ကြောင့် ခံစားရရှိသမျှကို ထို‌ေခါင်းလုံးလုံးမှဆံပင်တိုစိပ်စိပ်ဆီမှာ ပုံချမိနေသလား သူကသတိမထားမိပါ။မျက်စိရှေ့မှာမြင်နေရတဲ့ အဲ့ဒီလူ၊ သူ့ကိုမော့ကြည့်နေတဲ့ အဲ့ဒီလူရဲ့ နှာခေါင်းထိပ်ကမှဲ့နက်လေးကို အသာယာထိတို့ကြည့်ရင်း သူ့နှုတ်ခမ်းတွေနဲ့ ဖိကပ်နမ်းရှိုက်မိလိုက်သည်။သဘောကျရပါသည်၊ရင်ထဲက နှလုံးသားတစ်ခုလုံးတလှပ်လှပ်ခုန်ရအောင်ထိ ဒီလူကိုသူက သဘောတကျ ချစ်ရပါသည်လေ။
လည်တိုင်ဆီမှ စူးခနဲ တချက်ခံစားရသည်။ နာကျင်တာထက် ခန္ဓာဗေဒပြောင်းလဲမှုက ပို၍ခံစားရခက်လာစေသည်။သူ့ကိုကစားနေသူရဲ့ပေါင်ပေါ်မှာ သူကအကျအနနေရာယူထိုင်မိထား၏။သူ့အောက်ပိုင်းနဲ့ထိစပ်ရာနေရာမှ သိသိသာသာဖောင်းကြွလာမှုကိုသူကခံစားမိနေသည်။ ဖြေလျော့ပေးချင်ပါ၏။ဒီလူစိတ်ကျေနပ်သည်အထိ သူကအလိုလိုက်ပေးချင်မိသည်။နားရွက်ဖျားဆီမှ ဒီလူပေးသော နာကျင်မှုအသေးစား‌ေလးအားသူက အသံထွက်ညည်းမိသွားသည်။ နားထဲမှာဝင်တိုးလာတဲ့ လေပူတချို့က သူ့ကိုတစ်ခုခုလုပ်ပေးပါရန်တောင်းဆိုနေသံလိုလို။အဲ့ဒီလူရဲ့ရင်ဘက်ဆီ‌သူ့ခေါင်းကိုတိုးဝှေ့လိုက်လို့ သူ့လက်တွေက ဝမ်းဗိုက်မှတဆင့် အောက်ကိုပွတ်တိုက်လျှောဆင်းသွားတော့ ဒီမူမမှန်တဲ့အထိတွေ့က သူ့စိတ်ကိုလန့်သွားစေပြီး သူ့အိပ်မက်ကနိုးလာရသည်။
"‌JeonWonwoo မင်းဘယ်လိုတွေဖြစ်နေရတာလဲ!!!"
ကိုယ့်ကိုယ်ကို ပြန်ဆူမိရင်း အိပ်ရာမှထပြေးရသည်က ရေချိုးခန်းဆီသို့သာ။မိနစ်အနည်းငယ်အကြာတွင်‌ေတာ့ရေဆွဲချသံထွက်ပေါ်လာပြီးနောက် ရေချိုးခန်းတံခါးပွင့်လာကာ ခေါင်းပေါ်လက်တင်ထားရင်းထွက်လာသူက အိပ်ရာထဲဝင်ခွေလိုက်မိသည်။မက်ခဲ့တဲ့အိပ်မက်ကိုတော့ ပြန်မတွေးချင်တော့ပါ။ ၇နှစ်တာကြာခဲ့ပြီဖြစ်သည်။ ဟုတ်တယ် ထပ်မတွေးနဲ့တော့ Jeon Wonwoo မတွေးနဲ့တော့ မင်းက အဲ့လိုအကြောင်းအရာတွေကိုပြန်တွေးကြည့်ဖို့တောင် ထိုက်တန်တဲ့သူမှမဟုတ်တာ မတွေးမိအောင် မင်းကိုယ်မင်း ထိန်းစမ်းပါ။သူနဲ့နိုင်ငံနယ်နမိတ်တစ်ခုတည်းအတွင်းမှာအတူတူရှိနေပြီး timezoneလည်းတူ‌နေတယ်ဆိုတဲ့ အသိစိတ်ကများ ဒီလိုအိပ်မက်မက်လာသည်အထိ တွန်းအားပေးလွှမ်းမိုးသွားတာလား။ဒါမှမဟုတ် ညကပဲ အဲ့ဒီလူအကြောင်း internet မှာရှာဖတ်လိုက်မိလို့ စိတ်စွဲသွားရတာလား။ ဒီလိုဆိုတော့ သူ့အိပ်မက်ထဲမှာ အဲ့ဒီလူက လွန်ခဲ့တဲ့7နှစ်ကအတိုင်း သူ့ကိုလာတွေ့တုန်းကလိုပဲ ဆံပင်တိုစိပ်စိပ်နဲ့အသက်20ကျော်အရွယ် လူငယ်ပုံစံလေးဖြစ်နေတာမလို့ ဒါက အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်ခဲ့ဖူးတာကို Wonwoo သိပါသည်။အဲ့ဒီနေ့ကအကြောင်းတွေပြန်တွေးကြည့်ဖို့ ဦးနှောက်က အချက်ပြလာသော်လည်း ခေါင်းကိုတစ်ချက်ထုလို့ သူ့အတွေးစတွေကိုဖြတ်လိုက်သည်။

NOT WILLING TO FORGET~~~Where stories live. Discover now