Not Willing To Forget~~~

Começar do início
                                        

Hyung နေတဲ့ တိုက်ခန်းအဆောက်အဦးအရှေ့မှာ ထိုင်စောင့်နေလိုက်သည်။ ဖုန်းမကိုင်တော့လည်းဘာအရေးလဲ၊သူက Hyung နေတဲ့နေရာကိုသိနေတာပဲလေ။Hyungသူ့ကိုပေးထားတဲ့ Schedule အရ ဒီအချိန်က အတန်းချိန်ဖြစ်တာကြောင့် ကျောင်းမှာပဲရှိနေလောက်သည်။နောက်15မိနစ်ဆို အတန်းပြီးပြီ၊ နောက်ထပ်15မိနစ်နေရင်တော့ Hyung နဲ့သူဒီနေရာမှာ တွေ့ရတော့မှာပဲဖြစ်သည်။
"Wonwoo hyung!!"
သူ့အသံကြားတော့ Hyung ကစီးလာတဲ့စက်ဘီးကိုရပ်လိုက်သည်။သူ့ကိုတွေ့လိုက်ရတာကိုလည်း အံ့ဩသွားပုံရသည်။Hyungက စိတ်ကောက်နေတာလား အတိကျမသိပေမယ့် သူကတော့သူ့Hyungပူတူတူးလေးကို လေယာဉ်12နာရီကြာစီးလို့ လာချော့တာဖြစ်သည်။
"Min~~~~"
"Surprise!!! Hyung ကျွန်တော်ကတိပေးထားတဲ့အတိုင်း လာတွေ့ပြီနော်"
စက်ဘီးလက်ကိုင်‌ပေါ်က Hyungလက်လေးပေါ် သူကအုပ်ကိုင်လို့ မျက်မှန်အောက်က မျက်ဝန်းတွေဆီ နင့်နင့်ဆွေး‌ဆွေးစိုက်ကြည့်ပစ်လိုက်သည်။

"Mingyu ခဏထိုင်အုံးနော် Hyung အဝတ်လဲပြီးရင် စားဖို့တစ်ခုခုလုပ်ပေးမယ်" Mingyuကလေယာဉ်ပေါ်မှာအိပ်နေခဲ့တာမလို့ ဘာမှမစားရသေးကြောင်းပြောလိုက်တော့ Hyungကတစ်ခုခုလုပ်ပေးမယ်လို့ပြောလာတာဖြစ်သည်။
Hyungနေတဲ့အခန်းလေးက ပိုင်ရှင်လိုပဲရိုးရှင်းလွန်းသည်။ဆိုဖာခုံတန်းရှည်တစ်ခု၊စားပွဲဝိုင်းအပုလေးတစ်လုံးနဲ့ စာအုပ်စင်တစ်ခုသာ living room ထဲနေရာယူထားသည်။Tvတောင်မရှိ။
ဆိုဖာခုံရှည်ပေါ် သူလွယ်လာတဲ့ Backpack ကိုတင်ထားပြီး ဝတ်လာတဲ့ hoddieကိုလည်းချွတ်တင်လိုက်သည်။ မီးဖိုခန်းလို့ပြောရမည့်နေရာသို့ဝင်ခဲ့လိုက်သည်။ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ ရေဘူးတွေ့တာနဲ့သူကယူသောက်လိုက်သည်။ Hyung ကသူ့ကို ရေတိုက်ခဲ့ဖို့မေ့နေတာဖြစ်မည်။
"အာ~~ ရေ ဟုတ်သားပဲ ယူသောက်လိုက်ပြီလား"
T-shirt အပွတစ်ထည်နဲ့ sweat pantလဲဝတ်လာတဲ့ Hyung ကစိတ်လှုပ်ရှားနေတာဖြစ်မည်။ဒါမှမဟုတ်ရှက်နေသည်လား မပြောတတ်ပါ။ နားရွက်ဖျားလေးတွေနဲ့ လည်ပင်းတွေတင်မက ပါးမို့လေးတွေပါရဲနေသည်။သူကတော့ Hyung ကိုတွေ့ကတည်းကဖြစ်နေတဲ့ ဖျစ်ညစ်ဖက်ထားချင်စိတ်တွေကို ရေနဲ့အတူမျိုချနေလိုက်ရသည်။တွေ့တွေ့ချင်းကြမ်ကြမ်းတမ်းတမ်းတွေ လုပ်လိုက်လို့မဖြစ်သေးပါ။
Hyung က သူ့အတွက် ကြက်ဥ2လုံးကြော်၊ sausageကြော်နဲ့ ပေါင်မုန့်ယိုသုပ်လုပ်ပေးပြီး ကော်ဖီတစ်ခွက်ပါဖျော်ပေးသည်။
"Hyung ဘာလို့ကျွန်တော့်ဖုန်းတွေကို မကိုင်တာလဲ စာလဲဝင်မကြည့်ဘူး ကျွန်တော်စိတ်ပူနေတာ"
"Hyungက....."
Wonwoo ဘာဆက်ပြောရမလဲမသိပါ။
ဒီရက်ပိုင်းတွေထဲ သူ့အမေသူတို့အကြောင်းကိုသိသွားပြီး သတိပေးစကားပြောလာသည်။ ငယ်ငယ်တည်းက မိသားစုမှာအမေက ဩဇာအကြီးဆုံးဖြစ်သည်။အကြောက်တရားနဲ့ ထိန်းကြောင်းခံခဲ့ရတာမလို့ Wonwoo ကအမေ့ကိုတော့ တုန်နေအောင်ကြောက်ရပါသည်။ Mingyu နဲ့ကိစ္စကို သူစိတ်ပူတဲ့အရာက တစ်ခုတည်းဖြစ်သည်။ Mingyuက သာမန်လူမဟုတ်ဘဲ public figure တစ်ယောက်မလို့ စိတ်အေးနေလို့တော့မရပါ။ဒီအချက်ကို အမေက ကောင်းကောင်းသိနေသည်။Wonwoo အမေကKoreaမှာနှစ်ပေါင်း30ကျော်ရပ်တည်လာသော ဩဇာကြီးမားတဲ့ မဂ္ဂဇင်းတိုက်က အယ်ဒီတာချုပ် တစ်ယောက်ဖြစ်သည်။ Mingyuရဲ့ ဝေနေတဲ့အညွှန့်တွေအားလုံးကို သတင်းတစ်ပုဒ်တည်းနဲ့ အနုပညာနယ်ပယ်မှာ နောက်ထပ်ရပ်တည်လို့မရအောင် ချိုးပစ်နိုင်သည်။
Mingyuအ‌ဖေဆုံးပြီးတည်းက ယိမ်းယိုင်နေတဲ့ မိသားစုဘဝကို သားကြီးဖြစ်တဲ့ Mingyu ကအနည်ထိုင်တည်ငြိမ်လာအောင် ကြိုးစားနေတာဖြစ်သည်။ဒီကောင်လေးရဲ့ ဘဝတက်လမ်းတွေက အနာဂတ်မှာ အရှည်ကြီးရှိနေသေးသည်။ သူကတော့ဒီလမ်းအရှည်ကြီးမှာ Mingyu ခဏဝင်တိုက်မိခဲ့တဲ့ ခလုတ်ကန်သင်းတစ်ခုသာ အဖြစ်ခံလိုက်တော့မည်။ Mingyu ကိုတော့ ဒါတွေပေးမသိရလည်း
သူအဆင်ပြေပါသည်။
"Hyung ~~~ကျွန်တော်မေးတာ ဖြေအုံးလေဗျာ"
"ဟင်..."
"ဟင်းးးးးး "သက်မောတစ်ခုကိုချလို့ Mingyuက လက်ကျန်coffeeကိုမော့သောက်ပြီး စားနေတာကို အပြီးသတ်လိုက်သည်။
Hyung ကအရင်လိုပဲ အတွေးပဲများပြီး စကားအပြောနည်းနေတုန်းပင် ဖြစ်သည်။ Mingyuက
ပန်ကန်ထဆေးနေပြီး Wonwoo ကတော့ Mingyu လုပ်သမျှလိုက်ကြည့်နေမိသည်။
နောက်ကျောဘက်ဆီက နွေးထွေးမှုနဲ့အတူ Mingyuခါးမှာ ရစ်ပတ်လာတဲ့ Wonwoo လက်တွေ,ပန်ကန်ဆေးတာ ခဏရပ်ထားလိုက်သည်။Wonwooက မလွတ်တမ်းကို
တင်းတင်းကြပ်ကြပ်ဖက်ထားနေသည်။
"လွမ်းနေတာ လွမ်းနေခဲ့တာပါ Min~~~~~"
အသံလေးကတိုးတိုးလေးပေမယ့် Mingyu နားထဲမှာတော့ ပေါက်ကွဲသံတစ်ခုလိုပင်။ရင်ဘက်ထဲကနှလုံးသားလေးတုန်ခါသွားနိုင်သည်အထိ ကျယ်လောင်မှုက ထိရောက်ပါသည်။
ရေဘားကိုပိတ်လိုက်ပြီး Mingyuကမျက်နှာချင်းဆိုင်လှည့်ကြည့်လာသည်။
Wonwoo ကတော့အကြည့်မခံဘဲ Mingyu ရင်ခွင်ကျယ်ထဲမှာ သူ့မျက်နှာလေးကိုဝှက်ထားလိုက်သည်။သူ့အတွက်စိတ်လုံခြုံနွေးထွေးမှုကို ပေးနိုင်သော Mingyu ဆီက ကိုယ်သင်းနံ့ကိုသာ တဝကြီးရှူရှိုက်လိုက်ပြီး ဒီရက်ပိုင်းအတွင်းတင်းခံထားခဲ့ရတဲ့ သူ့စိတ်တွေကို မျက်ရည်တွေအဖြစ် သွန်ထုတ်ပစ်လိုက်သည်။
"Hyung ရာ~~~~"
Mingyu အသံတွေလည်းတုန်နေပါသည်။အသံတင်မဟုတ်ပါ ရင်ဘက်ထဲက Hyung ကိုချစ်ရသည့် သူ့နှလုံးသားလေးလည်း တဆက်ဆက်တုန်နေရပါသည်။ Hyungဆီမှာ ဘာတွေဖြစ်လို့ ဘာတွေတွေးပြီး မွန်းကြပ်နေတာလည်း သူသေချာမသိပေမယ့် သူ့ရဲ့တစ်ဦးတည်းသောချစ်ရသူဆီမှာတော့ ဒီထက်ပိုပြီး စိတ်ဆင်းရဲသောကတွေ မဖြစ်စေချင်တော့ပါ။သူအခုထပ်ပိုပြီး ကာကွယ်ပေးနိုင်ဖို့ကြိုးစားမည်။အခုလိုသူသာရောက်မလာခဲ့ရင် Hyung ကတစ်ယောက်တည်း ဘယ်လောက်တောင် အတွေးတွေများပြီး ပူလောင်နေအုံးမလဲမသိပါ။
သူ့အသက်10နှစ်တည်းကတည်းကသိကျွမ်းလာတဲ့ Jeon Wonwooက သိပ်ငိုတတ်တဲ့သူမှမဟုတ်တာ။Wonwoo Hyung ငိုတာ သူမြင်ဖူးသမျှ ဒါနှင့်မှ 3ကြိမ်သာရှိသည်။
ပထမဆုံးအကြိမ်က Mingyuအထက်တန်းနောက်ဆုံးနှစ်မှာဖြစ်သည်။ သူပထမဆုံးဝင်ပြိုင်တဲ့ Audition အောင်ပြီး ရုပ်ရှင်ရိုက်ရတော့မှာမလို့ Hyung အဆောင်ထိလိုက်သွားပြီး ပြောပြခဲ့သည်။ အဲ့တုန်းက Hyungက ဒုတိယနှစ်တက်နေတာဖြစ်သည်။ Hyung တို့အဆောင်ရှေ့က ပန်းခြံထဲထိ ဆွဲခေါ်သွားခဲ့တာမှတ်မိသေးသည်။
ငယ်ငယ်တည်းက ကြိတ်ချစ်ခဲ့ရတဲ့ သူ့အချစ်ဦး Jeon Wonwoo ကို Mingyu က သူ့ဘဝရဲ့ ပထမဦးဆုံးဆိုတဲ့အရာတွေအားလုံးကို ပေးထားမည်ဟု စိတ်ကူးထားသည်။ သူ့ရဲ့First kiss ကိုလည်း Wonwoo Hyung ဆီမှာပဲ အပ်ထားမည်။အလာတုန်းက audition အောင်တာပြောပြဖို့အတွက်သာလာခဲ့ပေမယ့် Hyungကိုတွေ့တော့မှ စိတ်ကူးရသွားတာဖြစ်သည်။ သစ်သားခုံရှည်ပေါ်မှာ လမ်းမီးရောင်မှိန်မှိန်လေးအောက်မှာ Mingyuက သူ့ဘဝရဲ့ First kiss ကို Jeon Wonwoo ဆီမှာ အပ်နှံပေးထားခဲ့သည်။အဲ့တုန်းက Wonwoo Hyung ကငိုရင်း ဗလုံးဗထွေးပြောလာဖူးသည်။
"ဒီတစ်သက်တော့ ငါကနှေးတိနှေးကွေးနဲ့မလို့ သဘောကျရတဲ့မင်းနဲ့ ဒီအဆင့်ထိမရောက်နိုင်လောက်ဘူးလို့ပဲ အမြဲတွေးပြီး သိမ်ငယ်နေခဲ့တာ၊ Hyung က ကျေးဇူးတင်ပါတယ် Mingyuက သတ္တိရှိရှိနဲ့ ရှေ့တစ်လှမ်းတိုးလာပေးလို့ Hyung က တကယ်ကျေးဇူးအကြီးကြီးတင်ပါတယ် Min~~~"
"Hyung အတွက် ကျွန်တော်က အချိန်တိုင်း အချစ်တွေ၊ သတ္တိခွန်အား‌တွေပေးနေမှာမလို့ Hyung ကကျွန်တော်နဲ့ပတ်သက်ရင် ဘာကိုမှတွေးပူပြီး တွန့်ဆုတ်နေ‌စရာမလိုဘူးနော် Hyung~~~ ပြီးတော့ ကျွန်တော့်Hyungကို ကျွန်တော်က အများကြီး သဘောကျတာလို့ သိထားပေးနော် Hyung စိတ်မပျက်ရအောင် ကျွန်တော်ကြိုးစားမှာ "
ဒုတိယတစ်ကြိမ်ကတော့ Hyungကသူ့ရှေ့မှာ ငိုတာမဟုတ်‌ပေမယ့် သူကမြင်လိုက်တာဖြစ်သည်။
အဲ့နေ့က Jeon Wonwoo UKမှာ‌ေကျာင်းသွားတက်ရန်scholarship ရတဲ့နေ့ဖြစ်သည်။သူတို့ရဲ့ချစ်သူသက်တမ်း5လပြည့်သည့်‌နေ့လည်းဖြစ်သည်။ Mingyuက Wonwoo နဲ့ဖုန်းပြော,စာပို့လုပ်ရတာကို အားမရနိုင်ပါ။ လူချင်းတွေ့ချင်တာကြောင့် Hyungကျောင်းထိလိုက်သွားခဲ့သည်။မထင်မှတ်ပဲ Hyung ကသူ့သူငယ်ချင်းနဲ့ စကားပြောရင်း ငိုနေတာကို မြင်ခဲ့တာဖြစ်သည်။Hyungပြောနေခဲ့တာက Mingyuနဲ့သူခွဲမနေချင်သလို သူ့ရဲ့အိပ်မက်ကိုလည်းမစွန့်လွှတ်နိုင်တာကြောင့် သူဘာဆက်လုပ်ရမလဲ လမ်းပျောက်နေပါသည်တဲ့လေ။Mingyuက နားလည်ပေးပြီး သွားခွင့်ပြုမှာသူသိပေမယ့်လည်း မတူညီတဲ့ Timezoneနဲ့ရေခြားမြေခြား ဝေးကွာမှုကြောင့် သွေးအေးပြီး သူတို့ဆက်ဆံရေးလေး ပျက်စီးသွားမှာ သိပ်ကြောက်ပါသည်တဲ့လေ။MingyuကHyungအနားထိသွားလို့ ပွေ့ဖက်ချော့မြူလိုက်ချင်ပါသော်လည်း အခုနေ သူ့ကိုတွေ့ရင်ဖြင့် Hyungက ပိုငိုလာနိုင်သည်။ Hyungအတွက် သူအချိန်ပေးရမည်။ Hyungက အကောင်းဆုံးတွေကိုပဲ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ သူကဆန္ဒရှိပါသည်။
နိုင်ငံခြားပညာတော်သင်သွားဖို့က Wonwoo ရဲ့ငယ်ဘဝအိပ်မက်ဖြစ်သလို ဒါကို Mingyu လည်းသိထားပါသည်။Scholarshipအတွက် Hyung ကြိုးစားနေမှန်းလည်း သူသိပါသည်။ တကယ်သွားခွင့်ပြုရတော့မည်ဆိုတော့ ဝမ်းသာဝမ်းနည်းဖြစ်ရသည်။အဲ့အချိန်တုန်းက သူHyungကိုပြောခဲ့တာက
"Hyungက အိပ်မက်တွေနောက်ကိုလိုက်လို့ အမြင့်ဆုံးထိ Hyungရဲ့‌တောင်ပံတွေကိုဖြန့်ကျက်ပျံသန်းကြည့်လိုက်ပါ ကျွန်တော်ကဒီနေရာပဲရှိနေမယ် Hyung ဘယ်ချိန်ပဲငုံ့ကြည့်ကြည့် ကျွန်တော်ကHyungနှလုံးသားရဲ့အနက်ရှိုင်းဆုံး ဒီနေရာမှာပဲရှိနေမှာမလို့ စိတ်ပူစရာမလိုဘူးလေ နော်၊ ကျွန်တော့်Hyungကို ကျွန်တော်ယုံတာမလို့ Hyungက လုပ်နိုင်ပါတယ်ဗျာ"
Wonwoo Hyung ရဲ့ ဝဲဘက်ရင်အုံပေါ် Mingyuက လက်ညှိုးလေးထောက်လို့ပြောလာသည်။
"Hyungလည်း Mingyuကိုယုံတယ် "
သူတို့2ယောက်တစ်ယောက်ကိုတစ်ယောက် အပြည့်အဝယုံကြည်မှရပါမည်။ ဒါဟာ ပထမဆုံးအကြိမ်သူတို့2ယောက်ရဲ့အချစ်ခရီးလမ်းအတွက် စမ်းသပ်မှုဖြစ်သည်။
အဲ့နေ့က သူHyungရဲ့ အောက်နှုတ်ခမ်းကို ကိုက်ဖောက်မိသည်အထိ အနမ်းတွေ မွတ်မွတ်သိပ်သိပ်ပေးခဲ့သည်။ အကြာကြီး လွမ်းနေရတော့မှာမလို့ အကြာကြီးနမ်းခဲ့ကြသည်။ Hyung က သူ့ကို အများကြီး အလိုလိုက်ပေးခဲ့သည်။

NOT WILLING TO FORGET~~~Onde histórias criam vida. Descubra agora