"ခဏထိုင်အုံး ရေယူခဲ့ပေးမယ်"
စိတ်လှုပ်ရှားရင် ခဏခဏရေဆာတတ်တဲ့ Wonwoo ရဲ့အကျင့်ကို Mingyu ကအခုထိမှတ်မိနေသည်။ရေကို နည်းနည်းချင်းနဲ့ ခဏခဏသောက်တာက Wonwooက သူ့စိတ်လှုပ်ရှားတိုင်းလုပ်နေကျဖြစ်သည်။ ပွဲထဲမှာတုန်းကလည်း သူ့အတွက် ရေတစ်ဘူးအရင်ရှာပြီးယူပေးခဲ့သေးသည်။
"ဒီမှာ ခဏထိုင်နေအုံး ကျွန်တော်အဝတ်လဲပြီးရင် ခဗျားနဲ့ကျွန်တော် စကားပြောရမယ်"
ရေခွက်ကို သူ့ဆီကမ်းပေးရင်းပြောလာသည်။လှမ်းယူလိုက်တော့ လက်ဖျားလေးတွေချင်းထိမိသွားသည်။
2ယောက်လုံးက ဟန်ဆောင်ကောင်းကြပါသည် တကယ်ဘာမှမဖြစ်ခဲ့သလိုပင်။
"အင်း"
ပွဲပြီးတည်းက ပထမဆုံးထွက်လာတဲ့ Wonwoo ဆီကအသံပင်ဖြစ်သည်။
Jeon Wonwoo ကို ဧည့်ခန်းထဲမှာ ရေတစ်ခွက်နဲ့ထားခဲ့ပြီး Mingyu အဝတ်လဲရန် အခန်းထဲဝင်ခဲ့သည်။ အခုအခြေနေက လွန်ခဲ့တဲ့7နှစ်တုန်းကလိုဆိုရင် အဝတ်လဲနေသူက Wonwoo ဖြစ်ပြီး ဧည့်ခန်းမှာစောင့်နေခဲ့သူက Mingyu ဖြစ်ခဲ့ဖူးသည်။အဲ့အချိန်တုန်းက အသက်20ကျော်အရွယ်လူငယ်လေး Kim Mingyu က အချစ်အတွက်နဲ့ တစ်လောကလုံးကို အရွဲ့တိုက်ပစ်ဖို့ အဆင့်သင့်ဖြစ်နေခဲ့ဖူးသည်။
Flash back ~~~~(လွန်ခဲ့သော7နှစ်က)
Wonwoo Hyungဖုန်းမကိုင်တာ ၁ပတ်ကျော်ပြီဖြစ်သည်။ဒီကြားထဲ Mingyuက အချိန်ရရင်ရသလို စာတွေပို့ထားပေမယ့်လည်း reply မလာသလိုseenလည်းမပြပါ။စာတွေနဲ့အလုပ်ရှုပ်နေတာပဲဖြစ်မှာပါလို့ တွေးနေပေမယ့် အရင်လက Hyung ပြောခဲ့တဲ့" Mingyu Hyungတို့တွေ ဒီမှာပဲရပ်လိုက်ကြရအောင် Hyung ပင်ပန်းနေပြီ လမ်းခွဲကြရအောင်"ဆိုတဲ့စကားတွေကြောင့် ခဏခဏစိတ်ပူနေမိသည်။သူဘက်က Hyung နဲ့စကားသေချာပြောပြီး ချော့မော့ကာ လာတွေ့ပါ့မယ်လို ကတိပေးထားတာကြောင့်သာ Hyungက အရင်လိုစကားပြန်ပြောလာတာဖြစ်သည်။အခုတော့ သူ့ဖုန်းကိုလည်းမကိုင် စာလဲမပြန်တာက ၁ပတ်တောင်ကြာနေပြီမလို့ သူ့စိတ်ထဲမအေးချမ်းမှုတွေက တစ်ဆဆတိုးလာနေသည်။
'အဲ့လိုလုပ်လို့မရဘူးနော်Hyung အဲ့လိုဖြစ်လိုက်လို့မရဘူး'
စိတ်နဲ့လူမကပ်ဖြစ်နေတာမလို့ ရိုက်ကူးရေးကလည်းအဆင်မပြေတော့ပါ။Directorကြီးကလည်း ခဏခဏသတိပေးနေရတာကြောင့် မျက်စောင်းထိုးနေပြီဖြစ်သည်။managerကလည်း Mingyu အရိပ်အကဲကြည့်နေရင်း ဘာမှမလိုအပ်ရအောင် ကြိုးစားလုပ်ပေးနေသည်။ ကို့အတွက်နဲ့ တစ်ခြားသူတွေပါ အလုပ်နှောင့်နှေးရတော့ Mingyu က Hyung အကြောင်းတွေးနေတာကို ခဏရပ်လိုက်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်ရသည်။အလုပ်ကောင်းကောင်းလုပ်ပြီးမှ နားရက်ယူလို့ Hyung ဆီသွားတွေ့မည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်ထပ်တစ်ပတ်ကြာမှ Mingyuနားရက်ရသည်။ဒီတစ်ခါရတဲ့နားရက်5ရက်က ဒီတစ်နှစ်လုံးအတွက် သူ့ရဲ့ နားရက်အကုန်ပင်ဖြစ်သည်။ 5ရက်ဆက်တိုက်နားရဖို့ Agency ကCEOနဲ့ရော manager နဲ့ရော လုံးဝအတိုက်ခံလုပ်ပြီးမှရခဲ့တာဖြစ်သည်။
YOU ARE READING
NOT WILLING TO FORGET~~~
Fanfictionအတ္တကြီးစွာ သူတောင်းဆိုခဲ့ဖူးတဲ့နေရာက သူ့အတွက်မဟုတ်တော့ရင် ၊ အဲ့တာအတွက် သူ့စိတ်ကို ကြိုပြင်ဆင်ထားရပါမည်။ ဆင်ခြေတွေ!! စောင့်နေခဲ့ဖို့တောင်မမှာထားခဲ့ဘဲနဲ့ ပြန်လာချိန်နောက်ကျတဲ့အကြောင်းကိုများ ထည့်ပြောနေသေးတယ် ။ Minwon
Not Willing To Forget~~~
Start from the beginning
