Kim Mingyu မင်းက အရူးပဲ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘဝင်လေဟပ်နေတဲ့အရူးပဲ။
ဘာတဲ့ Jeon Wonwoo ကို နောက်ကျောလေးပဲမြင်လိုက်မိရင်တောင် မှတ်မိနိုင်ပါတယ်တဲ့လား
တကယ် ောက်ရူးပဲ!
တစ်ချိန်လုံး ကိုနဲ့အတူတူ ရှိနေခဲ့တာတောင် maskတစ်ခုနဲ့ဖုံးထားလိုက်တာနဲ့JeonWonwoo ကို သူကမမှတ်မိဘူးတဲ့လေ။
ဒါဆို Jeon Wonwoo ကရော သူမှန်းသိလို့ ဒီ part time အလုပ်ကို လက်ခံခဲ့တာလား။
မဟုတ်သေးပါဘူး ဒီလိုဆိုတော့ ဘယ်တုန်းကပြန်ရောက်နေတာတဲ့လဲ။ သူ့manager Hyung နဲ့ကရော ဘယ်တုန်းက ခင်ခဲ့ကြတာတဲ့လဲ။ JeonWonwoo အကြောင်းကို သူက အကုန်သိဖူးသလိုလိုနဲ့ တကယ်က သူသိတာ ဘာမှအတိအကျရှိမနေဘူးပဲ။
"အဟက်.."
သူကိုပြောခဲ့တုန်းကတော့ "မင်းဘဝရဲ့ တက်လမ်းတွေထဲ ငါကအရှုပ်အထုပ်မဖြစ်ချင်သလို၊ ငါ့ဘဝရဲ့ တက်လမ်းတွေမှာလည်း မင်းကအဟန့်အတားဖြစ်နေတယ်လို့ ငါကမသတ်မှတ်ချင်တာမလို့ ငါတို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်ပါ" တဲ့လေ
အဲ့တုန်းကတော့ Jeon Wonwoo နဲ့သူက Timezone တွေမတူညီကြတဲ့LDRS တွေပေါ့၊ သူ့မှာတော့ Wonwoo hyung ဆီကိုလည်းသွားချော့မော့ပြီး မဖျောင်းဖျနိုင်ခဲ့သလို၊ တက်သစ်စ မင်းသားမလို့ လာကမ်းလှမ်းသမျှ အခွင့်ရေးတိုင်းဆုပ်ကိုင်ထားပြီး ပြည့်ကြပ်နေတဲ့ အလုပ်ချိန် schedule တွေကြား agency နဲ့လည်း စကားများလို့ ကမောက်ကမတွေဖြစ်ပြီး စာချုပ်တောင်လျော်ရတော့မလို့လေ။
'အခုတော့ ဒီလူက သူ့ဘဝထဲကနေတောင် ခွဲထွက်ပြီး ကြိုးကြိုးစားစား စာလေ့လာခဲ့တာက ဒီလို Korea ကိုပြန်လာပြီး part time translator လုပ်ဖို့အတွက်တဲ့လား'
ဘေစင်မှာ လက်ကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ဆေးကြောနေမိသည်။ မြင်ခဲ့ရတဲ့ Jeon Wonwoo မျက်နှာချောချောနဲ့ ကြားခဲ့ရတဲ့အသံပြေပြေက ဆေးနေတဲ့ ရေထဲမှာပါမသွားနိုင်တာသူကသိပေမယ့်လည်းပေါ့လေ။
Soonyoung က သန့်စင်ခန်းရှေ့မှာ ရပ်စောင့်နေတာဖြစ်သည်။3မိနစ်လောက်နေလို့မှ ထွက်မလာရင်တော့ အထဲဝင်ခေါ်လိုက်မည်လို့ တွေးနေတုန်း Mingyu က ထွက်လာခဲ့သည်။
"ဩော Mingyu အဆင်ပြေရဲ့လား"
"အင်း"
"Designer Mr.Leo Park ကို နှုတ်ဆက်ရအုံးမယ်နော် ပြီးရင်တော့ CEO ရဲ့အဖွင့်အမှာစကားနားထောင်ပြီးရင် ဖွင့်ပွဲစပြီ၊
တခြား artists တွေနဲ့ ဆက်ဆံရေးကို media တွေကမှတ်တမ်းယူလိမ့်မယ်၊ သီးခြားinterview လည်းရှိသေးတယ်၊ Hyung ရှေ့၂ရက်က မေးခွန်းကြိုပေးထားတာ ဖတ်ထားတယ်မလား"
"ဖတ်ထားတယ်"
ဆိုင်ထဲပြန်ရောက်လာတော့ Wonwoo နဲ့ Make up artist noonaက ခုနကနေရာမှာပင်ရှိနေကြသည်။
MUA noona က အနားရောက်လာပြီး Mingyuရဲ့ ဆံပင်ကို တစ်ချောင်းချင်းစီကအစ ကြည့်ကောင်းနေအောင် နည်းနည်းပြင်ဆင်ပေးနေသည်။
Wonwoo ကတော့ Mingyu မျက်နှာကို တစ်ချက်လှမ်းကြည့်လို့ အဆင်ပြေရဲ့လား စူးစမ်းလိုက်သည်။ Mingyuကမင်းသားမလားလေ၊
Wonwoo ကြည့်သာကြည့်လိုက်မိပေမယ့် သေချာတော့အကဲမခတ်တတ်ပါ။ တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီလို့တော့ ထင်ပါသည်။
Designer က တစ်ခြားမင်းသမီးတစ်ယောက်နဲ့ စကားပြောနေသည်။ Mingyu အနားကိုလျှောက်သွားလိုက်တော့ မင်းသမီးကိုနှုတ်ဆက်ပြီး Mingyuဆီ လာစကားပြောပေးသည်။
Jeon Wonwoo ကတော့ အနားမှာ အဆင်သင့် ပြောသမျှအားလုံးကို စကားပြန်လုပ်ပေးနေသည်။
Soonyoung Hyung ပြောထားတဲ့ အစီအစဉ်အတိုင်း အားလုံးက တစ်ချက်ချင်းစီပြီးသွားပြီဖြစ်သည်။
ညနေ3နာရီမှာ စရောက်ခဲ့တဲ့ပွဲက အခုတော့ ည7နာရီတောင်ရှိတော့မည်။ Mingyuကို ပြန်ကြတော့ရန် Soonyoung Hyung ကသတိပေးလာသည်။CEOနဲ့ Designer Mr.Leo Park ကိုနှုတ်ဆက်လို့ ပြန်ခဲ့ကြသည်။
MUA noona ကို Studioမှာဝင်ပို့ခဲ့လိုက်သည်။ Mingyuကို ပို့ပြီးရင်တော့ Wonwoo ကို တစ်ဝိုင်းလိုက်ကျွေးရမည်။
"ညစာအတွက်က Hyung စီစဉ်ပေးရမလား Mingyu"
"ရတယ် ကျွန်တော်အဆင်ပြေသလို လုပ်လိုက်မယ် Hyung လည်းနားလိုက်တော့ အိမ်ပြန်ရောက်မှ မနက်ဖြန်ရဲ့ schedule တစ်ချက်ပြန်တိုက်ဖို့ ဖုန်းခေါ်လိုက်ပါ.. မဟုတ်ဘူး ကျွန်တော်ဖုန်းခေါ်လိုက်မယ် Jeon Wonwoo ကျွန်တော်နဲ့ ခဏနေခဲ့ပေးပါ"
Wonwoo လန့်သွားသလို Soonyoung လည်းအံ့ဩသွားသည်။
ဒီနေ့ Wonwoo လုပ်တာ အကုန်အဆင်ပြေတယ်မဟုတ်ဘူးလား။ ဘာမှမမှားဘူးလို့တော့ ထင်တာပဲ၊သူ့သူငယ်ချင်းကို Kim Mingyu က ဘာပြောချင်လို့ပါလိမ့်၊ Soonyoungက အဆင်မပြေတာရှိလို့လား မေးတော့ အဆင်ပြေပါတယ် သူနဲ့စကားပြောရမှာရှိလို့ပါတဲ့လေ။
Mingyu တိုက်အောက်မှာ ကားရပ်တော့ Mingyuက အရင်ဆင်းကာ ကားရှေ့ခန်းက Wonwoo ဘက်တံခါးကို ဖွင့်ပေးလာသည်။
Wonwoo ကလိုက်ဆင်းသွားပေမယ့် Soonyoung ကစိတ်မချသလိုလိုက်ကြည့်လိုက်မိသေးသည်။ Mingyu ကလူကောင်းဆိုတာသိပေမယ့် အခုမှတွေ့ဖူးတဲ့ Wonwoo ကို သူ့Condoထဲထိ ခေါ်သွင်းသွားတာကိုတော့ မယုံနိုင်သလိုကြည့်နေမိသည်။ မိမိကမလိုက်ချင်ရင် မလိုက်ဖို့ပြောချင်ပါသော်လည်း မိမိသူငယ်ချင်းမှာ ကောက်ကောက်ပါအောင်လိုက်သွားသည်ကြောင့် Soonyoung လည်း ဘာမှမတတ်နိုင်ဘဲ အိမ်ကိုသာပြန်ခဲ့တော့သည်။ နောက်ရက်မှ Wonwoo ကိုမေးလည်းရတာပါပဲလေ။
ရှေ့ကလူရဲ့ ခြေထောက်ကိုကြည့်ပြီး Wonwoo ကနောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့သည်။
ဓာတ်လှေကားရှေ့မှာရပ်လိုက်တော့လည်း သူကအဲ့ဒီလူရဲ့အနောက်မှာပဲရပ်နေမိသည်။
ဟူးးးးးးးးး
Mingyu ကသက်ပြင်းအရှည်ကြီးချလိုက်သည်။
ဓာတ်လှေကားတံခါးပွင့်သွားတော့ အရင်ဝင်လိုက်သူက Kim Mingyu ပင်၊
"မဝင်တော့ဘူးလား"
Jeon Wonwooဓာတ်လှေကားထဲဝင်လိုက်မှ သွားမည့်အထပ်ကိုနှိပ်လိုက်သည်။
Jeon Wonwoo ဆီမှ အသက်ရှူသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေတာကို Mingyu ကမကြိုက်ပါ။တစ်ခြားသူတွေနဲ့ အနေအေးပြီး စကားနည်းသလောက် သူနဲ့ဆို ပုံမှန်ထပ်စကားပိုပြောတတ်တဲ့ Jeon Wonwoo က လွန်ခဲ့တဲ့ 7နှစ်မှာ ကျန်ခဲ့ပြီထင်ပါရဲ့။
Password ကိုနှိပ်လို့တံခါးဖွင့်ပေးပြီး Mingyuက Wonwoo အရင်ဝင်လို့ရအောင် အပေါက်ဝမှာရပ်စောင့်နေလိုက်သည်။
Mingyu ကိုတစ်ချက်မော့ကြည့်လာပြီးမှ အထဲကိုဝင်သွားလိုက်သူ၊ သူ့မျက်ဝန်းတွေထဲက တောင်းပန်တိုးလျှိုးမှုတွေ၊ အားနာမှုတွေက လွန်ခဲ့တဲ့ 7နှစ်ကအချိန်တွေဆီ သူတို့2ယောက်လုံးကို ပြန်ခေါ်သွားချင်နေပါသလို၊၊
ČTEŠ
NOT WILLING TO FORGET~~~
Fanfikceအတ္တကြီးစွာ သူတောင်းဆိုခဲ့ဖူးတဲ့နေရာက သူ့အတွက်မဟုတ်တော့ရင် ၊ အဲ့တာအတွက် သူ့စိတ်ကို ကြိုပြင်ဆင်ထားရပါမည်။ ဆင်ခြေတွေ!! စောင့်နေခဲ့ဖို့တောင်မမှာထားခဲ့ဘဲနဲ့ ပြန်လာချိန်နောက်ကျတဲ့အကြောင်းကိုများ ထည့်ပြောနေသေးတယ် ။ Minwon
Not Willing To Forget~~~
Začít od začátku
