Not Willing To Forget~~~

Start from the beginning
                                        

"Wonwoo ရား~~~~~ ကူညီပါကွာ ဒီတစ်ခါတည်းပါ မင်းကလည်း နော် နော် "
"မင်းပဲတွေ့ရအောင် တစ်ဝိုင်းကျွေးမယ်ဆိုလို့ ငါလာတာနော် မင်းကတွေ့တာနဲ့ လူကိုခိုင်းစားဖို့ပဲ "
"Won ~~~~ ဒီတခါခေါ်ထားတဲ့ translatorက ဒီမနက်မှ အရေးကြီးကိစ္စကြောင့် မလာနိုင်တော့ပါဘူးတဲ့ ငွေပြန်အမ်းပြီး အခုဖုန်းတောင်မကိုင်တော့လို့ပါကွာ မင်းက နိုင်ငံခြားမှာ ကျောင်းတက်ပြီး အလုပ်လုပ်ခဲ့တဲ့သူပဲ Eလိုကျွမ်းတာ ငါ့အသိထဲမင်းပဲရှိလို့ပါ ကူညီပါကွာ နော် "
Soonyoung က မျက်နှာငယ်‌ေလးနဲ့ပြောလာသည်။ ခပ်ချွဲချွဲအသံကြောင့် သူကလည်းထပ်ရစ်ချင်လာသည်။
"Backup plan မစီစဉ်ထားဘူးလား လုပ်ငန်းကြီးလုပ်နေပြီး"
"ဟင့် ...
ရှုံ့မဲ့ပြနေတဲ့ သကောင့်သား Soonyoung မျက်နှာကို ထပ်မမြင်နိုင်တော့စွာ
"အေးပါကွာ ဟုတ်ပြီ အခုက ဘယ်လိုလုပ်ပေးရမှာလဲ"
"ဟီးးးး ငါတို့artistအတွက် translator လုပ်ပေးရမှာကွာ"

အခုက သူနဲ့ Soonyoungက artist ဆိုတဲ့တ‌စ်ယောက်ရဲ့ တိုက်အောက်မှာရောက်နေကြတာဖြစ်သည်။
"ခဏနော် ငါသူ့ကိုသွားခေါ်လိုက်အုံးမယ် ဖုန်းမကိုင်ဘူး အိပ်ရာမနိုးသေးတာလားပဲ"
ကားတံခါးဖွင့်ရင်း ပါးစပ်ကလည်းပြောရင်း Soonyoung ကထွက်သွားပြီဖြစ်သည်။
သူ့လက်ကနာရီကို တစ်ချက်ကြည့်မိလိုက်သည်။
နေစမ်းပါအုံး နေ့လည် ၁၁နာရီခွဲပြီလေ။
အဲ့တစ်ယောက်က ဒီအချိန်ထိအိပ်နေတာတဲ့လား?
ဘယ်လိုပါလိမ့်? သူလိုက်မမှီတော့ပါ။ အနုပညာနယ်ပယ်က သူနဲ့အကျွမ်းတဝင်ရှိတဲ့နယ်ပယ်မဟုတ်ပါ။ခဏစောင့်ဆိုတော့လည်းစောင့်နေရုံသာ ၊ သူကလိုက်လာမိပြီပဲလေ။

Soonyoung ရဲ့ခဏစောင့်ဆိုတာက ၁၅မိနစ်လောက်ကြာသွားပြီဖြစ်သည်။
ဦးထုပ်အမည်းတစ်လုံးကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ လူတစ်ယောက်က ကားနောက်ခန်းထဲဝင်လာပြီး ခပ်‌ေလျာ‌ေလျာမှီထိုင်လိုက်သည်။မျက်လုံး‌ေတွကိုမှိတ်ထားသလား?ကားမှန်ကတစ်ဆင့် သူလှမ်းကြည့်လိုက်မိသော်လည်း မျက်နှာကိုတော့သေချာမမြင်ရပါ။ နှုတ်ဆက်လိုက်သင့်လားတွေးမိပေမယ့် နှုတ်ဆိတ်ပြီးသာနေလိုက်မိသည်။
Soonyoung ကမောင်းသူနေရာမှာဝင်ထိုင်းရင်း ကားကစထွက်သွားပြီဖြစ်သည်။သူကတော့ အလာတုန်းကထိုင်ခဲ့တဲ့ ရှေ့ခန်းကခုံမှာပဲဖြစ်သည်။
ဦးထုပ်နဲ့တစ်ယောက်က ဒီနေ့သူ translator လုပ်ပေးရမည့် artist ဆိုသူဖြစ်ရမည်။
"Mingyu ငါတို့ကို heyin noona(makeup artist )ကသူ့ studio ကိုလာခဲ့ဖို့ပြောထားတယ် အဲ့ကနေမှ Event ကိုဆက်သွားမယ် outfit ကလည်း dress code အတိုင်း noona စီစဉ်ထားတယ်တဲ့ အဲ့studioမှာပဲ တစ်ခါတည်း အပြီးပဲ
Brand ကပို့ထားတဲ့ လက်ဆောင်ဘူးက ဘေးခုံပေါ်မှာ အဲ့ဖိနပ်ပဲစီးမယ်မလား? အဆင်ပြေတယ်ဟုတ်"
"အင်း အဆင်ပြေပါတယ်~~"
အသံကခပ်လေးလေးထွက်လာသည်။
ဘေးနားကဘူးကို ယူဖွင့်နေတာထင်သည်။ တကျွတ်ကျွတ် အသံထွက်‌ပေါ်လာသည်။
သူကတော့ Mingyu ဆိုသည့်နာမည်ကို ကြားပြီးတည်းက စိတ်အခြေနေမငြိမ်သက်တော့ပါ။
နာမည်တူတာပါလို့ ဖြည့်တွေးရအောင်ကလည်း အခုတော့ဖြင့် အလုပ်အကိုင်ကပါတူနေသည်။
တကယ်ပဲ မင်းသား Kim Mingyu လား?
သူသိကျွမ်းဖူးခဲ့တဲ့ အဲ့ဒီKim Mingyu လား?
မျက်နှာပေါ်က maskအမည်းလေးကို နှာခေါင်းပေါ်အထိ ထပ်ဆွဲဖုံးလိုက်မိသည်။ Kim Mingyu သူ့ကို သတိမထားမိစေရန်ဖြစ်သည်။
"ဪ ဒီဘက်ကတစ်ယောက်က ဒီနေ့ပွဲအတွက်translator လုပ်ပေးမယ့် Mr.Jeon တဲ့ ဟိုတစ်နေ့ကပြောထားတဲ့တစ်ယောက်က မလာနိုင်တော့လို့လေ အဲ့တာ လူအပြောင်းလဲဖြစ်သွားတယ် အကို့သူငယ်ချင်းမလို့ သူကယုံလို့ရပါတယ် Mingyu အဆင်ပြေတယ်မလား"
"အလုပ်သာ သေချာလုပ်ပေးမယ်ဆိုရင် ကျွန်တော်ကအဆင်ပြေပါတယ် ဒါနဲ့ မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ် Mr.Jeon"
"အာ.. မင်္ဂလာပါ"
နောက်ကိုတော့လှည့်မကြည့်မိ ၊ မဟုတ် မကြည့်ရဲတာဆိုပိုမှန်မည်။
"Mingyu.. လက်ဆောင်ကိုinsta story တင်ပေးရအုံးမယ်နော်" Soonyoung ကသတိပေးစကားပြောပေးလိုက်တော့
"အင်း ကျွန်တော်လုပ်နေတယ်"
"မနက်စာကရော ဘယ်လိုစီစဉ်ပေးရမလဲ studio ရောက်မှစားမလား တစ်ခါတည်းမှာထားလိုက်တော့မယ်" တကယ်က မနက်စာပြောရမလား နေ့လည်စာပြောရမလား Soonyoung လည်းမဝေခွဲတတ်တော့ပါ။မနေ့ညက3နာရီအထိ သူတို့night shooting ရှိခဲ့တာကြောင့် Mingyuအိပ်ရေးဝသေးမှာမဟုတ်ဘူးလို့ထင်ထားသော်လည်း သူသွားခေါ်တော့ Mingyuကလေ့ကျင့်ခန်းလုပ်ပြီး ရေတောင်ချိုးပြီးပြီဖြစ်သည်။သူဖုန်းခေါ်တော့ dryerမှုတ်နေတာမလို့ vibrateလုပ်ထားမိတဲ့ဖုန်းသံကိုမကြားလို့မကိုင်လိုက်တာဖြစ်သည်။
"ကျွန်တော်စားပြီးခဲ့ပြီ coffeeပဲမှာထားပေးပါ"
"အင်းအင်း"
မီးပွိုင့်မိလို့ရပ်နေတဲ့အချိန် coffee လှမ်းမှာလိုက်သည်။
"Wonwoo မင်းရော coffee သောက်မယ်မလား"
"အင်"
Jeon Wonwoo ငြိမ်လှချည်လားလို့ တွေးမိပေမယ့် ဆရာသမားက နဂိုကတည်းက ငြိမ်ငြိမ်အေးအေးနေတတ်ပြီး စကားနည်းကာ လူကြားမတိုးသူမဟုတ်ပါလားလေ။ပွဲရောက်လို့ လူတွေအများကြီးကိုမြင်သွားရင် Wonwoo သူ့ကိုစိတ်ဆိုးမလား ၊ မတတ်နိုင်ပါ နောက်မှ ထမင်းသေချာဝယ်ကျွေးလို့ ပြန်ချော့လိုက်တော့မည်။
Wonwoo မှာတော့ Mingyu များ သူ့နာမည်ကိုကြားသွားပြီလား တွေးရင်း လန့်သွားရတာကြောင့် Soonyoung အမေးကိုတောင် အတိအကျအဖြေမလုပ်နိုင်လိုက်ပါ။စိုးရိမ်စိတ်နဲ့ ကားမှန်မှတစ်ဆင့် နောက်ခန်းကလူဆီ တစ်ချက်လှမ်းကြည့်မိလိုက်သည်။သူ့ဖုန်းနဲ့သူ အလုပ်ရှုပ်နေတာမလို့ သတိထားမိပုံမပေါ်ပါ။တော်ပါသေးရဲ့ ဟူးးးးးးး
Studioမှာ အကုန်ပြင်ဆင်ပြီးတော့ ဓာတ်ပုံရိုက်နေကြသည်။ ဒီတစ်ခါတက်မည့်ပွဲက ဖိနပ်brandတစ်ခု၏ ဆိုင်ခွဲဖွင့်ပွဲဖြစ်သည်။ဒီbrandက Mingyu နဲ့ ambassador contract ကို ၄နှစ်ဆက်တိုက် သက်တမ်းတိုးချုပ်ဆိုထားသည်။
Kim Mingyu က သူ့အရပ်ရှည်တာကို ကောင်းကောင်းအသုံးချလို့ ဖိနပ်brand ကိုပေါ်လွင်အောင် pose ခပ်မိုက်မိုက်တွေ ထုတ်ပေးရင်း ဓာတ်ပုံရိုက်နေတာဖြစ်သည်။
"Nice , အဲ့တိုင်းမိုက်တယ် အရှေ့တစ်လှမ်းလျှောက်ကြည့်ပါ...." ဆိုသော ဓာတ်ပုံဆရာရဲ့ အသံနဲ့ ကင်မရာမီးတဖြတ်ဖြတ်က Wonwooထိုင်နေတဲ့ ဆိုဖာနဲ့ ခပ်လှမ်းလှမ်းမှထွက်ပေါ်လာနေသည်။
Wonwoo ကတော့ ရောက်တည်းက ငြိမ်ငြိမ်လေးထိုင်နေတာဖြစ်သည်။ Soonyoungလာပြောပြသမျှကိုလည်း အင်း နဲ့ ဟင့်အင်း သာပြန်ဖြေဖြစ်၏။သူ့အတွက်လာပေးထားသော coffee ကိုလည်း မသောက်ဖြစ်ပါ။ အထူးသဖြင့် သူက mask ကိုမချွတ်တာဖြစ်သည်။Mingyu ကတော့ ဆံပင်မိတ်ကပ်ပြင်ရင်း အလုပ်ရှုပ်ရသလို Social media မှာပုံ‌တင်ပေးနိုင်ဖို့အတွက်လည်း အားထုတ်နေရကြောင့် သူ့ကို အခုထိသတိမထားမိသေးတာဖြစ်သည်။Studio ကနေ event ဆီသို့ ထွက်လာခဲ့ကြတော့ MUA အစ်မတစ်ယောက်လည်း လိုက်လာသည်။
Wonwoo လှည့်ပြန်ဖို့ တွေးလိုက်မိသေးသော်လည်း Mingyu အတွက် ကိစ္စတွေ အဆင်မပြေဖြစ်အောင် မလုပ်ချင်တာကတစ်ကြောင်း Soonyoung ကိုလည်း ကူညီမယ်လို့ ပြောထားပြီးဖြစ်တာရောကြောင့် သူငြိမ်ငြိမ်လေးသာ လိုက်လာမိတော့သည်။ပွဲထဲရောက်ရင်တော့ mask က မဖြစ်မနေချွတ်ရမည်ထင်သည်။ သူလုပ်ရမှာက translator မလား စကားကောင်းကောင်းပြောနိုင်ဖို့ လိုသည်မလားလေ။
ပွဲဆီရောက်တော့ Wonwoo ခေါင်းကိုမမော့ကြည့်မိတော့ပါ။များလိုက်တဲ့ cameraတွေ များလိုက်တဲ့လူတွေပါလား။ သူ့အကြောင်းသူသိထားတာကြောင့် စိတ်ငြိမ်အောင် နေဖို့ ကိုယ့်ကိုယ်ကို သတိအထပ်ထပ်ပေးရင်း ဖိနပ်ထဲက ခြေချောင်းလေးတွေကို ကျုံ့ထားမိလိုက်သည်။ အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။
"mask ကိုချွတ်ရတော့မယ်ထင်တယ် Mr.Jeon"
Mingyu အလာတည်းက ကားပေါ်မှာဒီလူကို သတိထားမိနေတာဖြစ်သည်။Studio မှာလဲ အဲ့mask ကိုမချွတ်ဘဲနေနေတာမလား။
Wonwoo မျက်နှာပေါ်က mask ကို နားတစ်ဖက်ဆီမှ ဆွဲချွတ်လိုက်သည်။
Mingyuက media တွေနဲ့ Fan တွေ ဓာတ်ပုံရိုက်နိုင်ရန် ဘယ်ညာတစ်ဖက်ဆီကိုလှည့်ပြီး နှုတ်ဆက်နေသည်။
ညာဘက်ကိုတစ်ချက်လှည့်လိုက်တော့
Jeon Wonwoo!
တကယ်ကို Jeon Wonwoo ပဲ
Mingyu မျက်နှာပေါ်က အပြုံးက စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားသည်။
သူ့မျက်စိရှေ့က ဒီလူက 10နှစ်ကျော် သိကျွမ်းခဲ့ပြီး 7နှစ်ကျော် သူ့နဲ့ အဆက်သွယ်ပြတ်နေတဲ့ Jeon Wonwoo ဆိုတာ တကယ် ဟုတ်နေသည်။
Mingyu မျက်နှာတည်သွားပြီး Wonwoo ကတော့ တစ်ချက်သာအကြည့်ချင်းဆုံပြီး ခေါင်းကိုငုံ့လို့ထားသည်။
Media တွေရဲ့ ဒီဘက်ကိုကြည့်ပေးပါအုံး၊heartလုပ်ပြပါ ဘာဘာညာညာ တောင်းဆိုသံတွေနဲ့ Fan တွေရဲ့ Kim Mingyu!!! လို့အော်နေတဲ့ အသံတွေ၊ ဒီလိုပတ်ဝန်းကျင်က ဆူညံသံတွေဟာ Mingyu ကမ္ဘာမှာ ခဏလောက် တိတ်ဆိတ်လို့ပျောက်ကွယ်သွားခဲ့သည်။
စက္ကန့်ကနေ မိနစ်အထိပြောင်းလို့ ပတ်ဝန်းကျင်နဲ့ Mingyu ရဲ့အချိတ်ဆက်ပြတ်တောက်မှုက ကြာလာသည်။ Soonyoung က အနားကိုလာပြီး သတိပေးတော့မှ Mingyu က စိတ်နဲ့လူပြန်ကပ်မိတော့သည်။
ဆိုင်ထဲဝင်လာတော့ brand ရဲ့ CEO ကိုယ်တိုင်က Mingyu ကို ဦးကြိုနှုတ်ဆက်သည်။ Wonwoo ကတော့ သူ့အလုပ်သူ စလုပ်နေရပြီဖြစ်သည်။ Mingyu က မျက်နှာအမူရာကို သေချာထိန်းထားနိုင်သည်လို့ Wonwoo က အသိမှတ်ပြုလိုက်မိသည်။ ဒီကောင်လေး တကယ်ကို သရုပ်ဆောင်ကောင်းပီသတဲ့သူ ဖြစ်သည်။
နောက်ထပ် အနုပညာရှင်တွေ ရောက်လာတော့ CEO က Mingyu ကို ဆိုင်အတွင်းလှည့်ပတ်ကြည့်ပေးရန်နဲ့ အေးအေးဆေးဆေး သက်သောင့်သက်သာနေရန် ပြောရင်း နှုတ်ဆက်သွားသည်။
Mingyu အံကိုကြိတ်လို့ပြုံးထားရတာဖြစ်သည်။
CEO ကိုယ်တိုင်နှုတ်ဆက်နေတာမလို့ သူ့မျက်နှာ အမူယာကို အကောင်းဆုံးထိန်းထားနေတာဖြစ်သည်။
ဘေးနားက 7နှစ်ကြာ လွမ်းဆွတ်နေခဲ့ရပါသော Jeon Wonwoo ဆီမှ ဒီလို လေသံပြေပြေကို ကြားနေရခြင်းက သူ့စိတ်ကိုသူ မထိန်းချုပ်နိုင်အောင်ဖြစ်နေရသည်။ CEO နဲ့လက်ဆွဲနှုတ်ဆက်ပြီးချိန်မှာတော့ သူ့စိတ်ကိုသူ တစ်ဆင့်လျော့ချပစ်လိုက်မိသည်နဲ့ တစ်ပြိုင်နက် အပေါ်နှုတ်ခမ်းကို ဖိကြိတ်ကိုက်လို့ မျက်နှာကို မသိမသာမော့ကာ ကျချင်လုလုမျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းလိုက်သည်။
'Mingyu yaaa ဒါအချိန်ကောင်းမဟုတ်သေးဘူးငါ့ကောင် အဲ့မျက်ရည်တွေသိမ်းထားစမ်းပါလို့'
စိတ်ထဲမှ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သတိပေးနေမိသည်။
တုန်ယင်လာသော လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်လို့ Jeon Wonwoo ကို နောက်တစ်ကြိမ်ထပ်ကြည့်မိဖို့ အားယူလိုက်သည်။
'ဒါအိပ်မက်မဟုတ်ဘူး ဒါလက်တွေ့ တကယ်ဖြစ်နေတဲ့ လက်တွေ့ပဲ'
Mingyu ရဲ့ ပြောင်းလဲလာတဲ့ အပြုမူအသေးစိတ်ကို Wonwoo ကဘယ်လိုဖြေသိမ့်ပေးရမလဲ မစဉ်းစားတတ်တော့ပါ။
ငယ်ငယ်ကလို ကျောလေးကို ဖွဖွပုတ်ပေးလို့ နှစ်သိမ့်ပေးရမလား?
အတွေးနဲ့အတူ လှုပ်ရှားချင်မိတဲ့ Wonwoo ရဲ့ လက်ဖျားလေးက လေထဲထိကို မရောက်နိုင်။
သူက အဲ့လိုပဲ အရာရာ နှေးတိနှေးကွေးနိုင်လှသည်။
အရင်ကရော အခုရောပင်ဖြစ်သည်။
"Mingyu အဆင်ပြေရဲ့လား "
Soonyoung ကမေးလာတော့ Mingyu ပြန်မဖြေနိုင်။
သူအဆင်‌ပြေမနေပါ၊ ဒါပေမယ့် အခုချိန်ကလည်း အဆင်မပြေဖြစ်နေရမယ့် အချိန်အခါ ဟုတ်မနေပါ။
"ဘယ်နေရာက နေလို့မကောင်းလို့လဲ Mingyu တစ်ခုခုဖြစ်လို့လား"
Soonyoung က သူ့artist ကို စိတ်ပူပါသည်။ manager တစ်ယောက်အနေနဲ့ ကိုယ်တာဝန်ယူထားရတဲ့ artist ကိုတော့ တစ်ခုခုအဖြစ်ခံ၍မရပါ။ Mingyu ဆီမှာ သူ manager လုပ်လာတာ 4နှစ်ကျော်ပြီဖြစ်သည်။
ဒါမျိုးပွဲတွေ မရေမတွက်နိုင်အောင် အခါခါသွားဖူးခဲ့ပြီဖြစ်သည်။ တစ်ခါမှ Mingyu က အခုလိုမဖြစ်ဖူးပါ။ ဒီနေ့လည်း ဘာမှလွဲချော်မှုမရှိ အကုန်အဆင်ပြေပြေပဲကို အခုမှ ဘာက'ထ'ဖြစ်သလဲမသိတော့ပါ။ Mingyu က သူမေးတာကိုလဲ မဖြေနဲ့
Soonyoung စိတ်ပူစွာထပ်မေးမိတော့မှ
"ကျွန်တော် သန့်စင်ခန်းခဏသွားချင်တယ် Hyung~~"
အဖျားခတ် အသံကတုန်သွားတာကို သူသိလိုက်ပေမယ့် အဲ့တာတွေအထိ ဂရုစိုက်မနေချင်တော့ပါ။
သူ့အတွက် ခဏလောက်ဖြစ်ဖြစ် အချိန်ယူချင်သည်။
"အင်းအင်း Hyung လိုက်ခဲ့ပေးမယ်
Wonwoo နဲ့ noona ကဒီနားမှာပဲ ခဏနေနှင့်နော်"
"ရတယ် ကျွန်တော့်ကိုယ်ဘာသာ တစ်ယောက်တည်းသွားလိုက်မယ်"
"ဟင် ရပါ့မလား တော်ကြာ တစ်ခုခုဆို Hyung ရှိနေမှဖြစ်မှာပေါ့ လာပါ Hyung လိုက်ခဲ့မယ်"
ထပ်မတားမိတော့၊ manager လည်း သူ့အလုပ်သူသာလုပ်ပါစေတော့၊ အခုလောလောဆယ်တော့ သူက ဒီနေရာကနေခဏ ဖယ်နေချင်တာမလို့ ခပ်လောလောထွက်ခဲ့မိတော့သည်။

NOT WILLING TO FORGET~~~Where stories live. Discover now