"မွှေးလိုက်တာ မမထားကိုယ်ကပဲ"

ရေချိုးထားပုံရတဲ့မမထားဆီကသင်းပြန့်လာတဲ့အမွှေးနံ့က ကိုယ့်မှာရှိနေတဲ့အကောင်းစားပေ့ စျေးကြီးပါပေ့ဆိုတဲ့ရေမွှေးနံ့တွေထပ်တောင်အဆတစ်ရာမကမွှေးပြန့်နေလိုက်တာ။

"မမထား..!မမထားကဘယ်နားထိုင်မှာလဲဗျ"

ထမင်းစားပွဲကို အမေကအိမ်ရှေ့ကသရက်ပင်အောက်က ကွပ်ပြစ်ပေါ်တင်စားရအောင်ဆိုသောကြောင့် ထားနဲ့စန်းစန်းကပြောင်းရွှေ့နေတာကိုမြင်တော့ကောင်လေးကအမေတို့သုတတို့စကားပြောနေရာကထလာပြီးဝင်ကူလေသည်။

ရွှေ့စရာရှိတာရွှေ့ပြီးထမင်းပန်ကန်တွေထဲထမင်းခူးနေတဲ့ထားနားကိုလာထိုင်ပြီးမေးလာသည့်မေးခွန်းကြောင့်နည်းနည်းတော့ကြောင်သွားမိ၏။

"ဘာကိုလဲ"

"ဒီမှာလေ ထမင်းစားရင်မမထားဘယ်နားထိုင်စားမှာလဲလို့မေးတာ"

ထမင်းစားပွဲကိုမေးငေါ့ပြရင်းပြောလာခဲ့သည်။
ထားလည်း စားပွဲနေရာကိုတစ်ချက်ကြည့်ပြီး။

"ဘယ်နားထိုင်ထိုင်ရတယ်!မင်းတို့ထိုင်ပြီးမှအစ်မတို့ထိုင်မှာ"

"အော်..!ဒါဆို ကျတော်ဒီနားမှာထိုင်မယ်။မမထား ဒီနားလေးမှာထိုင်ပေးနော်"

ထားထိုင်သည့်ဘေးကနေရာကိုသူ့လက်ညိုးထိုးပြရင်းပြောလာခဲ့လေသည်။
ထား မျက်မှောင်လေးကြုတ်လိုက်မိတာကို သူသတိထားမိပုံရသည်။

"ကျတော့်နားမမထား မထိုင်ရင်ထမင်းမစားတော့ဘူး"

ဟောတော်..!ဒီကောင်လေး ထားကိုသူ့အမေနဲ့များမှားနေလေသလား။
_________________________________________

Zawgyi
__________________________________________
"ထိုက်..!ခဏနေကျရင်ဆရာတော်နဲ့သွားတွေ့ရမှာနော်။မလိုက်လို့မရဘူး"

အမေဖြစ်သူစကားကြောင့် ထိုက်စံသွေးမျက်နှာမသာမကြည်ဖြစ်သွားရင်းလက်မှပတ်ထားသည့်နာရီကိုကြည့်မိလိုက်သည်။လေးနာရီထိုး! သွားရင်ဘယ်လောက်ကြာပြီးဘယ်လောက်နေရမလဲမသ်ိပေ။

"အမေ ကြာမှာလားဘုန်းကြီးကျောင်းသွားရင်"

"နည်းနည်းပါးတော့ကြာမှာပေါ့သားရဲ့။မနက်ကဆရာတော်ကဆွမ်းလောင်းပွဲရှိတယ်ဆိုလို့အမေတို့နဲ့စကားခဏပဲပြောခဲ့ရတာကြောင့်လေ"

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now