__________________________________________
"ထိုက်..!ခဏနေကျရင်ဆရာတော်နဲ့သွားတွေ့ရမှာနော်။မလိုက်လို့မရဘူး"
အမေဖြစ်သူစကားကြောင့် ထိုက်စံသွေးမျက်နှာမသာမကြည်ဖြစ်သွားရင်းလက်မှပတ်ထားသည့်နာရီကိုကြည့်မိလိုက်သည်။လေးနာရီထိုး! သွားရင်ဘယ်လောက်ကြာပြီးဘယ်လောက်နေရမလဲမသ်ိပေ။
"အမေ ကြာမှာလားဘုန်းကြီးကျောင်းသွားရင်"
"နည်းနည်းပါးတော့ကြာမှာပေါ့သားရဲ့။မနက်ကဆရာတော်ကဆွမ်းလောင်းပွဲရှိတယ်ဆိုလို့အမေတို့နဲ့စကားခဏပဲပြောခဲ့ရတာကြောင့်လေ"
"အော်..အင်း!ဒါနဲ့အမေ ဒီမှာဘယ်နှစ်ရက်နေမှာလဲ"
"မနက်ကဆရာတော်ကိုပြောလိုက်တယ် အမေတို့အချိန်မရတာကြောင့်ဒီရက်အတွင်းမတည်ပွဲလုပ်စေချင်ကြောင်းကို။ဘယ်နေ့လုပ်ဖြစ်လဲဆိုတာကိုခဏနေသွားမှသိရမယ်သား! အဲ့တာသိရမှာပြန်မဲ့ရက်တွက်လို့ရမှာ"
အမေဖြစ်သူစကားအဆုံးထိုက်စံသွေးမျက်ခုံးတန်းတန်းတို့ကြုတ်တတ်သွားရတော့သည်။
ဘယ်လိုလုပ်ရမလဲ ဒီမှာကြာကြာနေဖို့ကိုဘယ်လိုလုပ်ရပါ့မလဲ။
"သုတ!ဘာလုပ်နေတာလဲ"
အမေတို့လူကြီးတွေနားမနေချင်လို့ သုတကိုလိုက်ရှာနေခဲ့ပြီးတွေ့တော့လည်းနွားတွေရှ်ိတဲ့ရွက်တဲနားမှာတောင်းတစ်လုံးကိူင်ထားပြီးဘာလုပ်နေမှန်းမသိနဲ့တွေ့ရလေသည်။
"နွားစာကျွေးမလို့ထိုက်ရ!ခဏနေဘုန်းဘုန်းဆီသွားရင်ငါပါလိုက်ခဲ့မလို့ မသွားခင်နွားစာ ကျွေးခဲ့မလို့"
"အင်း နွားစာကဘာတွေလဲ!ဘာနဲ့ ကျွေးတာလဲ"
"ဒီမှာလေပြောင်းရိုးစင်းထားတာနဲ့နှမ်းဘက်နဲ့ရောကျွေးတာ"
သိပ်နားမလည်ပေမဲ့ ဘာမှဆက်မမေးဖြစ်ပဲ သုတနွားစွာကျွေးတာကိုသာကြည့်နေလိုက်လေသည်။
နွားတွေကလည်းဝဖြိုးပြီးလုံးကစ်နေလိုက်တာများ။
"သုတ..!မင်းနွားတွေကမင်းတိုင်းပဲနော်!ဝကစ်နေတာပဲ"
"ဟ..!လီးကိုငါ့တိုင်း။ သွားသွား အိမ်ရှေ့ပဲသွားထိုင်နေ"
YOU ARE READING
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"
