ထား ခေါင်းလေးတငြိမ့်ငြိမ့်နဲ့သာ။ ပိုက်ဆံရှိတာလည်းကံကောင်းခြင်းတမျိုးပါလား စိတ်ကြိုက်လှူချင်တာလှူ ဝယ်ချင်တာဝယ်လို့ရတဲ့အနေထားတွေပဲ။
~~~~~
ရေချိုးပြီးချိန်မှောင်ရီပျိုးနေပြီဖြစ်တာရယ်ညအိပ်ရာဝင်မှာရယ်ကြောင့်သနပ်ခါးလည်းလိမ်းမနေတော့ပဲ ခေါင်းသေချာဖြီးပြီးတာနဲ့အိမ်အောက်ဆင်းလာခဲ့လိုက်လေသည်။ ဆင်းလာနေရင်းက ကျန်နေခဲ့တဲ့ဖုန်းမှာဖုန်းဝင်လာ
တာမလို့တခါပြန်တက်ယူပြီးမှ ပြန်ဆင်းလာခဲ့တော့ အိမ်ရှေ့မှစကားပြောသံတချို့ကြားရလေသည်။ကြည့်ရတာသုတတို့ရောက်ပြီထင်သည်။
"ဟုတ်တယ်အကို! ဒီတစ်ခေါက်တော့ အနိီရောင်ပဲထပ်ယူမယ်။ပြီးခဲ့တဲ့ခေါက်က အဝါတွေကဒီဘက်မှာဝယ်သူသိပ်မရှိတာကြောင့်ရှင့်"
အိမ်ရှေ့မှာ မမထား အမေနဲ့သုတို့
ထိုင်စကားပြောနေကျသည်မို့ ထိုက်ပါအနားဝင်ထိုင်နားထောင်နေရလေသည်။လျှက်တပြတ်ဆိုသလိုအိမ်တွင်းထဲမှတွေ့လိုက်ရသည့်ပုံရိပ်လေးကြောင့်မျက်လုံးအကြည့်တို့ကအလိုလိုရောက်သွားမိသား။
မျက်နှာပြောင်ပြောင်ရှင်းရှင်းလေးနဲ့ မနက်ကဝတ်သည့်တိုင်းလိုမျိုး အဖြူရောင်ချည်အကျီ်ပွပွရယ်ချည်ထမိန်နီလေးရယ်ကိုတွဲဖက်ဝတ်ဆင်ထားလေသည်။ကြည့်ရတာ ဒီလိုမျိုးလေးတွေကမမထားဝတ်နေကျ မမထားအကြိုက်ဖြစ်ပုံရလေသည်။
တခြားသူနဲ့သာဆိုမေကြီးအိုလိုဖြစ်နေလောက်မှာအမှန်ဆိုပေမဲ့မမထားဝတ်ထားတော့ကျ ကြည့်ရတာကိုကြည့်ကောင်းနေတာ။အင်း မမထားအပြုမူလေးတွေနဲ့ မမထားမျက်နှာလေးကြောင့်ထင်ပါတယ်။
"ဟုတ်တယ်အကို ဟုတ်တယ်!မနည်းကိုယူပါယူပါနဲ့စျေးလျှော့ပြီးပေးရလွန်းလို့ ထားတောင်အရင်းပြုတ်ရတယ်"
အကို..အကိုတဲ့!မမထားပြောနေတာဘယ်ကောင်နဲ့လဲ။နောက်ပြီးမမထားကပြုံးရယ်ပြီးပြောနေလိုက်တာ။
"အမေ..!ထမင်းစားဖို့ပြင်ရတော့မလားဟင်"
မမထားကဖုန်းပြောပြီးထွက်လာတော့ အန်တီ့ကိုမေးလေသည်။
"ပြင်တော့လေသမီး!ဒီမှာဒီကောင်ကြီးတွေကဗိုက်ဆာနေပုံပဲ"
အန်တီအပြောကြောင့်သုတကောထိုက်ပါသဖြီးကြီးများနဲ့ရယ်ပြမိလေသည်။
မမထားကတော့ခေါင်းတစ်ချက်ငြိမ့်ပြီး မီးဖိုချောင်ဘက်ထွက်သွားခဲ့လေသည်။
ESTÁS LEYENDO
စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်
Romance"မမထား! မမထားဆီကကောင်းသောအဖြေပဲကြားချင်တယ်။ကျတော်မျှော်မှန်းထားတဲ့အဖြေပြန်မရရင်မမထားကို ခိုးပြေးမှာနော်"
part-3
Comenzar desde el principio
