"အာ..မဟုတ်ပါဘူးမမကလည်း။မမ မကြိုက်ရင်နောက်မပြောတော့ဘူးနော် စန်းစန်းကလေအဲ့ကိုကြီးကမမကိုကြည့်တာကိုလေးသုတကြည့်တာနံမတူလို့ပြောမိသွားတာပါ ဟီးဟီး။မမရှက်နေတာမလား "

"ဟင်..!စန်းစန်းညည်းနော်။မပြောချင်ဘူး လုပ်စရာရှိတာလုပ် ပြီးရင်စာသွားကျက်ချေတော့"

ထား ရုပ်တည်ဖြင့်ပြောလိုက်တော့မှစန်းစန်းတစ်ယောက်ထပ်မပြောတော့ပဲဇတ်လေးပုသွားလေသည်။ ကြည့်ပါအုံးအသက်ဆယ့်လေးနှစ်တဲ့ ဒါတွေကိုသိနေလိုက်တာ ထားတို့ငယ်ငယ်ကဖြင့် ဒီအရွယ်ဒါတွေနားမလည်ခဲ့သေးပေ။

"သမီးရေ..!ထမင်းချက်ပြီးပြီလား"

ပဲနွှာနေချိန် အမေပြန်ရောက်လာခဲ့လေသည်။ထား ပဲနွှာနေရာကထပြီးအမေသောက်ဖို့ရေနွေးကြမ်းအိုးအပူပေးထားရာကနေသွားယူလာခဲ့ပြီးအမေ့နားချပေးလိုက်လေသည်။

"ထမင်းကောဟင်းကောကျက်ပြီအမေ!သိီးစုံချဥ်ဟင်းနဲ့ကိုက်လံရွက်ပဲကြော်လိုက်တယ်အမေ! ကြက်သားဟင်းကောငံပြာရည်ချက်ကောကျန်တာပဲ အဲ့လောက်ဆိုစားဖြစ်ပါတယ်"

"အေးကွယ်!အေးအေး သမီးရေမချိုးရသေးရင်ချိုးတော့လေ နောက်ကျနေပြီ"

"ဟုတ်အမေ!ဒါဆို ထားရေသွားချိုးအုံးမယ်။အော် ဒါနဲ့ ဓမ္မရုံမတည်ပွဲအတွက်သွားကျတာမလား ဘာတဲ့လဲအမေ"

ထားမေးရင်းအမေသောက်ဖို့ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်လေသည်။

"သဘက်ခါမတည်ပွဲတဲ့သမီးရေ!မနက်ဖြန်ကောသဘက်ခါကောအမေတို့ဆိုင်မထွက်ဖြစ်လောက်တော့ဘူး။လုပ်ကိုင်ကူရမှာဘာနဲ့ဆိုတော့"

"ဟုတ်ဟုတ်!ဘယ်လောက်မတည်လှူမှာတဲ့လဲဟင်အမေ"

"ဓမ္မရုံတစ်ခုလုံးစာတဲ့သမီးရဲ့။အမေတို့ရပ်ရွာကလှူချင်ရင်လုပ်အားဒါနပဲလှူလို့ရတော့မှာ "

"ဟယ်..!အမေ ဒါဆိုတစ်ဦးတည်းမတည်မှာဆိုသိန်းရာချီမှာမလား။သူတို့ကအဲ့လောက်တောင်ပိုက်ဆံရှိတာလားဟင်"

"ဒါပေါ့သမီးရဲ့!ရွှေဆိုင်စိန်ဆိုင်ပိုင်ရှင်တွေပါဆို အဲ့လောက်ကသူတို့တွက်မပြောပလောက်ဘူးထင်ပါတယ်ကွယ်"

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now