"ဟုတ်တယ်အန်တီလေး!မနက်ကကျတော်လက်ဆောင်သွားပေးရင်းထိုက်ပါ လိုက်လာလို့သိသွားတာပါ။ဟုတ်တယ်နော်မမထား"

သုတကပါဝင်ပြောလာတော့ ထားယောင်ယောင်မှားမှားနဲ့ခေါင်းငြိမ့်ပြမိလေသည်။နောက်တော့ စကားဆက်ပြောဖို့တမျိုးကြီးဖြစ်နေတာ မနေတတ်တာကြောင့်နဲ့အမေ့ကိုထားခဲ့ပြီးစန်းစန်းနဲ့အတူအရင်ပြန်လာနှင့်လိုက်လေသည်။

အမေကတော့အဲ့ကနေစလို့အိမ်ပြန်မလိုက်လာတော့တာညနေ နေဝင်သည်ထိပင်။ကြည့်ရတာ အမေဧည့်သည်တွေနဲ့အတူဘုန်းဘုန်းကျောင်းဆီလိုက်သွားပုံရလေသည်။

ထားနဲ့စန်းစန်းကတော့အိမ်ပြန်ရောက်တာနဲ့ပန်းခင်းဘက်သွားပြီးရေသွင်းရေလောင်းလုပ်ကျလေပြီးမှသာ ထမင်းချက်ရလေတော့သည်။

"မမ!ကိုလေးသုတနဲ့ပါလာတဲ့မြို့သားကိုကြီးကချောတယ်နော်မမ။ဒီနေ့ဆိုင်ကိုလာစားကျတဲ့ဟိုပြာကလပ်စိန်တို့အဖွဲ့အဲ့ကိုကြီးကြောင်းပဲပြောနေတာ "

စန်းစန်းစကားကြောင့် မနက်​အတွက်ပဲပြုတ်ဖို့ပဲနွှာနေသည့်ထားတစ်ယောက်ပြုံးမိလိုက်လေသည်။စန်းစန်းပြောသည့်ပြာကလပ်စိန်ဆိုတာ ရွာထဲကကွမ်းတောင်ကိုင်မိန်းမပျိုလေးအဖွဲ့ကိုပြောနေတာပင်။ ပြာကလပ်စိန်ဆိုတာကလည်း ဆယ်ကျော်သက်အရွယ် အချိန်ကောင်းအရွယ်ကောင်းလေးတွေဆိုတော့ပဲပေးတာနဲ့ဘာနဲ့ဆိုတော့ အဲ့တာကြောင့်စန်းစန်းကပြာကလပ်စိန်လို့ခေါ်ခြင်းပင်။

"မမ..!မမနဲ့အဲ့ကိုကြီးနဲ့ကဘယ်လိုလုပ်သိတာလဲဟင်။အဲ့ကိုကြီး မမကိုကြည့်တဲ့အကြည့်တွေမရိုးသားဘူးနော်"

ထားတစ်ယောက်စန်းစန်းအပြောကြောင့်မျက်လုံးလေးပြူးသွားရလေသည်။

"အမယ်..!ပြောပါအုံး ဘယ်လိုမရိုးသားလုဲဆိုတာ"

"ဟီး..!မမကိုကြိုက်နေတဲ့အကြည့်မျိုးကြီးနဲ့ကြည့်နေတာလေမမရယ်။တစ်လောကလုံးမှာမမပဲရှိနေသလိုမျိုးအကြည့်နဲ့ကြည့်နေတာလေ"

ထား တစ်ယောက်စန်းစန်းကိုမသက်ာတဲ့မျက်လုံးလေးများနဲ့ကြည့်လိုက်လေပြီး။

"စန်းစန်း..!ဒါတွေဘယ်လိုသိလဲ ခုမှငယ်ငယ်လေးကိုနော်။ကျောင်းသွားနေတာ ဒါတွေသိလာတက်လာဖို့လား"

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Where stories live. Discover now