ထားပြောတော့အမေကဘာမှဆက်မပြောတော့ပေ။အမေနဲ့စန်းစန်းရယ်ထားရယ်စကားတပြောပြောနဲ့ရွာထဲပြန်ဝင်လာချိန် ဘုန်းကြီးကျောင်းပေါက်ဝအကျော်လောက်မှာ သုတနဲ့အတူမြိူ့ကပါတဲ့ဧည့်သည်တွေကိုပါတွေ့လိုက်ရလေသည်။

ကြည့်ရတာဘုန်းဘုန်းဆီလာကျတာထင်သည်။

"ဟာ..မမထား !အရီးသိန်း"

သုတက ဟိုကောင်လေးကိုဘုန်းကြီးကျောင်းဝန်းဘက်ကိုလက်ညှိုးထိုးပြနေရာကနေ
ထားကိုမြင်တော့ လက်ဝေ့နှုတ်ဆက်ပြလာလေသည်။

"အရီး ဧည့်သည်တွေကိုဘုန်းကြီးကျောင်းလိုက်ပို့တာလား"

အမေက သုတတို့နားရောက်တော့ အရီးဆွေကိုမေးလိုက်လေခြင်းဖြစ်သည်။

"ဟုတ်ပါ့ခင်သိန်းရေ!ခင်သိန်း ဒါကညည်းတူရဲ့အလုပ်ရှင်တွေလေ ငါတို့ရွာကိုဓမ္မရုံမတည်လှူမဲ့အလှူရှင်ပေါ့အေ! မသိမ့်နဲ့မောင်ရဲထွန်း ဒါအရီးရဲ့ညီမ ပဲတော့ ဒီဘက်ကသူ့သမီးလေးနဲ့သူတူမ"

အရီးဆွေကထားတို့ကိုမိတ်ဆက်ပေးနေတာကြောင့်ထားကောအမေတို့ပါထိုဧည့်သည်များကိုခေါင်းလေးငြိမ့်ကာပြုံးပြနှုတ်ဆက်လိုက်လေသည်။

"ဒါကအစ်မရဲ့သမီးလေးလား။ဆံပင်ကြီးကောင်းလိုက်တာ မျက်နှာပေါက်လေးလည်းလှလိုက်တာရှင်"

အရီးဆွေမိတ်ဆက်ပေးသည့်မသိမ့်ဆိုသည့်အန်တီကထားကိုကြည့်ကာပြောလာတာကြောင့်ထားရှက်ဝဲဝဲဖြင့်သာပြုံးမိလေသည်။

"ဟုတ်တယ်အမေ!မမထားက တကယ်လှတယ်"

"ဟေ..!မမထားဆိုတာက..."

ဟင်....။
ရုတ်တရက်ကြီးလူကြီးတွေစကားဝိုင်းထဲဝင်ပြောလိုက်သူစကားကြောင့်ထားမျက်နှာပူတတ်သွားမိလေသည်။

"အာ..မမထားဆိုတာဒီအစ်မကိုပြောတာလေ!မမထားတဲ့နာမည်က နာမည်ရင်းကသက်ထားနွယ်တဲ့အမေ"

အို....။
အမေတဲ့ ဒါဆိုဒီအန်တီကဒီကောင်လေးအမေပေါ့။ဒါကို ဒါကိုသူဘယ်လိုတောင်ပြောရဲနေရတာလဲ။ထားကိုတော့အထင်လွဲတော့လေမလား။

"အယ်..သားကဒီသမီးလေးနဲ့သိနေတာလား။မေမေတို့ကိုတောင်မပြောဘူးကွယ်"

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Tempat di mana cerita hidup. Terokai sekarang