"အဟွန်း..! ငါပြောမလို့သုတ။အမေတို့ကမတည်ပွဲဲပြီးတာနဲ့ပြန်မှာတဲ့။အဲ့တာငါဒီမှာနေချင်သေးတယ်သုတ ဘယ်လိုလုပ်ရမလဲ "

ထိုက် ပြောတော့သုတကမချိုမချဥ်ပြုံးကြီးပြုံးလေသည်။

"အမယ်..!ထိုက် မင်းမပြန်ချင်တာမမထားကြောင့်မလားဟမ်"

"အင်း မင်းသ်ိရဲ့သားနဲ့ကွာ!အဲ့တာဘယ်လိုလုပ်ရမလဲ မဟုတ်ဘူးမင်းမပြန်သေးနဲ့ကွာ။မင်းမပြန်သေးရင်ငါပါမပြန်သေးပဲနေလို့ရတယ် မင်းပြန်လိုက်သွားပြီးငါကနေခဲ့လို့လည်းအဆင်မပြေဘူး"

"အာ..!ငါကအန်တီလေးတို့ပြန်တာနဲ့ပြန်လိုက်မယ်ဆိုပြီးပြောပြီးပြီထိုက်ရ။ဘယ်လိုလုပ်ရမလဲ စဥ်းစားလိုက်အုံးမယ်ကွာ"

"ဟာကွာ..!ဘာလို့ကြိုပြောလိုက်ရတာလဲကွ။စဥ်းစားပေးအုံးကွာ ဒါမှမဟုတ်လည်းဒီမှာပဲနေတော့မယ်လို့ပြောလိုက်"

"ဟ..!ဒီမအေဘေးကတော့ မင်းကနောက်ဆယ်သက်ထိုင်စားလည်းရတယ်ကွ။ငါကဘယ်ပိုက်ဆံနဲ့ထိုင်စားရမှာလဲအလုပ်မရှိဘာမရှိနဲ့"

သုတပြောတော့ ထိုက်မျက်နှာကပိုမှုန်ကုပ်သထပ်ကုပ်လာမိတော့သည်။ဘာကိုအလိုမကျဖြစ်
နေမှန်းမသိနဲ့တကယ်ကိုဂျစ်ကန်ကန်ရယ်။
မနက်ကလည်း မမထားကိုစိတ်ဆိုးလို့ဆိုးနဲ့ မမထားကလည်းဒီကောင်ဧည့်သည်ဆိုတဲ့စိတ်ကြောင့်သာသည်းခံပေးပြီးချော့လွှတ်လိုက်ရတာ။ကိုယ်တွေလိုသာဆိုထိုက်ဆံပင်မွှေးတောင်ကျန်မယ်မထင်ပေ။
~~~~~~~~~
"အမေ..!မနက်ကသုတလာသွားသေးတယ်။မုန့်တွေလာပို့ပေးတာ အမေ့လည်းမေးနေသေးတယ်"

ထား အမေ့ကိုဆိုင်ကူသိမ်းပေးရင်းကပြောလိုက်လေသည်။
သုတတို့အိမ်လာထမင်းစားမယ်ဆိုလို့ထမင်းကောဟင်းကောထပ်ချက်ရမှာမလို့ဒီနေ့ဆိုင်စောစောသိမ်းဖြစ်ခဲ့သည်။

"အေးကွယ် ညမှပဲငါ့တူနဲ့စကားအေးအေးဆေးဆေးပြောရမယ်။အဲ့ဒီကောင်လေးလည်းဆိုင်ကိုတောင်မလာဘူး"

"သုတကလာချင်မှာပါအမေရဲ့။ဒါပေမဲ့သူလည်းသူတို့အိမ်မှာဧည့်သည်တွေရောက်နေတော့အလုပ်ရှုပ်နေမှာလေအမေရယ်။ကဲပါ ညလာမှပြောတော့ဟုတ်ပြီလား"

စုံတောမြိုင်မှမောင့်ချစ်ဝဲဂယက်Donde viven las historias. Descúbrelo ahora