영 •intro•

642 49 3
                                        

"ဒုံမင်းနား"

"ဒုံမင်းလို့"

သူအဆက်မပြတ် ခေါ်နေပေမဲ့ ကီးဘုတ်ပေါ်မှာ ပြေးလွားနေတဲ့ လက်ချောင်းတွေကလည်း မရပ်သွားသလို အကြည့်တွေကလည်း screen ပေါ်က ခွာမလာပါ၊ ဒါပေမဲ့ ဒုံဟျွန်းသိပါတယ် ဟန်ဒုံမင်းတစ်ယောက် သီချင်းရေးနေတဲ့ထဲ အာရုံရှိမနေဘူးဆိုတာ

ကြားနေသူက မကြားချင်ယောင်ဆောင်ပြီး ပြန်မဖြေလာတဲ့အခါ ဒုံဟျွန်း နည်းနည်း စိတ်ညစ်ချင်လာနေပြီဖြစ်တယ်၊ ဒါမဲ့လည်း သူလက်လျှော့လို့မဖြစ် ဟန်ဒုံမင်းတစ်ယောက် သူ့ကို စိတ်ကောက်နေသည်လေ

တစ်ကျောင်းလုံးက နှုတ်ခမ်းနီမလေးတွေရဲ့ မင်းသားလေး တက္ကသိုလ်ကိုယ်စားပြု band အဖွဲ့ရဲ့ ပင်တိုင်ရှည်အဆိုတော် ဟန်ထယ်ဆန်း ဒီလိုမျိုး စိတ်ကောက်တတ်တာကို ဒုံဟျွန်း အကုန်လုံးသိအောင် ပြောပြလိုက်ချင်ပေမဲ့ အမှုက ပိုကြီးလာနိုင်တာမို့ သူ သည်းခံနေရတာပဲဖြစ်တယ်

အခုလည်းကြည့် အရေးကြီးတဲ့ lecture ချိန်ကို ပစ်ပြီး ဟန်ဒုံမင်း အမျက်တော်ပြေဖို့အရေး ဒီလိုနေ့ခင်း နှစ်နာရီ ပူလောင်နေတဲ့အချိန်ကြီးမှာ band အခန်းထဲ ရောက်နေရသည်လေ

" ဒုံမင်းရေလို့ "

"......"

" ကိုကို မင်းက ငါ့ကို ဒီလိုပဲ ပစ်ထားတော့မယ်ပေါ့ "

ဉာဏ်ပြေးတဲ့ ဒုံဟျွန်းတစ်ယောက် နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တဲ့ အခါမှာတော့ ခပ်ချောချော မျက်နှာမှာ အပြုံးရေးရေးလေး ပေါ်လာတယ်

" စိတ်ဆိုးပြေတော့နော် "

" ကိုကိုလို့ ထပ်ခေါ်ရင် "

" မင်း မညစ်နဲ့ကွာ "

" ဘယ်သူက မှားတာမို့လို့လဲ "

ဟန်ထယ်ဆန်းတစ်ယောက် ဒီလို ရစ်တတ်တာကို ဒုံဟျွန်းတော့ဖြင့် ကျောင်းက သူတွေကို သိစေချင်တာပဲဖြစ်တယ်

" မင်းကလည်းကွာ အဲ့စီနီယာအစ်မတွေက အတင်းခေါ်နေတာကို ငါက ကျွန်တော့်ကောင်လေး စောင့်နေတာမို့လို့ မလိုက်တော့ပါဘူးနော် လို့ ငြင်းလို့ ကောင်းပါ့မလား "

" ကောင်းတယ်လေ "

" ရား ဟန်ဒုံမင်း "

" စိတ်ဆိုးနေတာ ငါနော် "

ဦးတည်ချက် ပြောင်းတော့မှာကို ကြိုသိနေတဲ့အလား ဒုံမင်းက

" အင်းပါ ငါမှားတာပါ ဒါမဲ့ မင်းလည်း ကြိုပြောတာမှမဟုတ်တာပဲကို "

ပြောရင်း နှုတ်ခမ်းလေးဆူချင်ချင်ဖြစ်လာတဲ့ ဒုံဟျွန်းကို ဒုံမင်းက အသဲယားစွာ ပါးတစ်ဖက်ကို အသာလေး နမ်း‌‌တော့ ဒုံဟျွန်းက မျက်နှာလေးတွေ ရဲတက်လာပေမဲ့ ဒုံမင်းကိုကြည့်ရင်း ကလေးလေးတစ်ယောက်လို ပြုံးပြလာတာပဲ ဖြစ်တယ်

" ချစ်တယ်နော် "

အဖြေမရှိပဲ ဒုံမင်းတစ်ယောက် တစ်ဖက်လှည့်ခိုးပြုံးတဲ့အခါ မကျေနပ်သံ ပိစိလေးက ဆူအောင့်အောင့်လေး ထွက်လာတယ်

" ပြန်ပြောလေ "

" အွန်း ချစ်တယ်"

___________

နေခြည်နွေးနွေး Where stories live. Discover now