Part 5

50 9 2
                                        

တိတ်ဆိတ်နေတဲ့သုံးယောက်ကြား DoYoungစကားသံက စတင်ထွက်ပေါ်လာသည်။

"မောင်...သူက??"

"ဟင်..အာ..သူက မောင့်အတွင်းရေးမှူးလေ"

"အရင်က သူမဟုတ်ဘူးလားလို့"

"ဟုတ်တယ်...Youngဟိုရောက်သွားတော့မှ အသစ်ထပ်ခန့်လိုက်တာမလို့လေ"

"ဪ.... မိတ်ဆက်ပေးအုံးလေ မောင်"

"Lee Aeriတဲ့ ....Aeri nuna ဒါ ကျွန်တော့်ကောင်လေး Kim DoYoungတဲ့"
Aeri စိတ်နဲ့လူနဲ့မကပ်နိုင်တော့ပါ...ကောင်လေးတဲ့လား.... ခေါ်တာကိုကအစပြောင်းပစ်လိုက်တဲ့မောင်က မိတ်ဆက်ပေးတော့လဲ အေးဆေး ပုံမှန်ပင်။
မောင့်မျက်ဝန်းတွေက ပကတိ ကြည်လင်လို့။

"ဟုတ်...တွေ့ရတာဝမ်းသာပါတယ် Kim DoYoungပါ "DoYoung ဘက်က စနှုတ်ဆက်လိုက်ပေမဲ့ တစ်ဖက်မိန်းကလေးဘက်က တုံ့ပြန်မှုဘာမှပြန်မလာ။

"Lee Aeri shii..."DoYoung နောက်တစ်ကြိမ်ထပ်ခေါ်လိုက်တော့မှ သူမကပြန်နှုတ်ဆက်လာသည်။

"Lee Aeri ပါ...."

"ဒါနဲ့ လက်ထဲကဟာက...."

"ဟို...CEOအတွက်ပါ ဒီနေ့မွေးနေ့မလား
မွေးနေ့ကိုဂုဏ်ပြုပါတယ် CEO So"Aeri က JungHwan ဆီလှမ်းပေးလိုက်သော်လည်း ကြားမှ ဖြတ်ယူလိုက်တဲ့ DoYoung

"Aeri shiကို ကျေးဇူးတင်လိုက်တာ... ကျွန်တော်က အလျင်စလိုပြန်ရောက်လာတာဆိုတော့ မောင့်အတွက် မွေးနေ့ကိတ်တောင်မပြင်ပေးခဲ့ရဘူး အခုတော့ အတော်ပဲဖြစ်သွားတယ် ကျေးဇူးနော် Aeri shi"

"အာ..ဟုတ်ကဲ့ ရပါတယ်"Aeri မချိပြုံးလေးပြုံးကာပြန်ဖြေလိုက်သည်။
အခု သူမရင်ထဲ အသည်းနှလုံးတွေ တစစီ ကြေမွလုမတတ်နာကျင်နေရသည်...သူမက မောင့်အတွက်ဘယ်လိုလူမျိုးလဲ....မောင်က သူမကို ဘယ်လိုသဘောထားနေခဲ့တာလဲ ဆိုတာ Aeriတကယ် မစဥ်းစားတတ်တော့ပါ။

"Aeri shiကို ကြည့်ရတာ ကျွန်တော့်ထက်ငယ်မယ်ထင်တယ်နော် ကျွန်တော်က အခု ၂၇"

"၂၆ပါ.... "

"ဒါဆို ကျွန်တော့်ထက် ၁နှစ်ငယ်တာပဲ ရင်းရင်းနှီးနှီးဖြစ်သွားအောင် Aeri လို့ခေါ်လို့ရမလား"

"ဟုတ်..ရပါတယ် အကိုDoYoung"

"ကျွန်တော်တို့လက်ထပ်ပွဲကျရင်လဲ Aeriကိုဖိတ်မယ်နော်
အင်းးး...မောင် Taeတို့weddingကျရင် Aeriကို ပန်းကြဲလုပ်ခိုင်းရင်ကောင်းမလား Aeriကသိပ်လှတယ်လေ ဘယ်လိုသဘောရလဲ မောင် "

Be Enough.....(DoHwan/HwanYoung Version)Where stories live. Discover now