Chapter-4

4.3K 355 7
                                    

unicodeညကနှစ်ယောက်လုံးသောက်ထားတာများသွားတဲ့အရှိန်ကြောင့် နေ့လည် ၂နာရီလောက်မှ ကျွန်တော်နိုးလာခဲ့သည်.မျက်လုံးဖွင့်ဖွင့်ချင်းဘေးမှာသူ့မျက်နှာကိုမြင်ခွင့်ရသည်ကပင်ကျွန်တော့အတွက်အင်မတန်ကံထူးနေပြီမဟုတ်ပါလားခင်ဗျားကိုလေ ကျွန်တော်ဘာလို့အဲ့လောက်ချစ်မိသွားပါသလဲ...သူ့မျက်နှာလေးကို သူမနိုးအောင်ခပ်ဖွဖွကိုင်ရင်း နှလုံးသားထဲကပြောမိလိုက်သည်။သူ့မျက်လုံးလေးတွေ ပွင့်လာပြီး ကျွန်တော့ကိုကြည့်နေတယ်'မင်းနိုးနေပြီဘဲ......''အင်း...... Good Afternoonပါ...''ငါဗိုက်ဆာတယ်''ဟင်...ဒါဆို တခုခုမှာလိုက်မယ်လေ ဘာစားမလဲ... ဟိုတယ်ကစားမလား ဒါမှမဟုတ် အပြင်ဆိုင်တခုခုကလား''မင်းချက်ကျွေးတာ..... မင်းအစွမ်းအစနဲ့ဖန်တီးထားတာ''ဟင်...ကျွန်တော်မှမချက်တတ်တာ.......''ဒါက မင်းအပိုင်းလေ......ငါလိုချင်တာ ငါပြောတာ မင်းကိုငါ့အနားမှာနေခွင့်ပြုဖို့ ပထမအချက်ပေ့ါ ငါပြောရင် ရအောင်ဖန်တီးပေးတတ်ရမယ်လေ.....''ပိုက်ဆံနဲ့ဝယ်ပေးမယ်လေ.....ဒါလဲ ကျွန်တော့အစွမ်းအစဘဲဟာကို......'မဲ့ပြုံးတစ်ချက်..........'ပိုက်ဆံကဘယ်အရာမဆိုဖန်ဆင်းပေးနိုင်တယ်လို့မင်းထင်နေတာလား''အဲ့လိုတော့မဟုတ်ပေမယ့် ကျွန်တော့အတွက်တော့အဲ့လိုပေ့ါ''ကောင်းပြီလေ......မင်းရာဇဝင်ကိုငါပြောင်းပေးရမှာပေ့ါ....လာ..ထ''ဘယ်သွားမလို့လဲ''ပိုက်ဆံနဲ့မင်းဘယ်လိုဖြေရှင်းမလဲသိချင်လို့လေ စမ်းသပ်ကြည့်တာပေ့ါ'သူဦးဆောင်ရာကို ကျွန်တော်လိုက်သွားတော့ သူ့ကားဂိုထောင်လေးပါ...'ဝင်........ ရော့မင်းပိုက်ဆံအိတ်.. ဒီမှာရေဘူး....heater မရှိ ဖုန်းလဲမရှိ တဲ့ဒီဂိုထောင်မှာ မင်းဆာလောင်မှုနဲ့ အအေးဒဏ်ကို ပိုက်ဆံစက္ကူတွေနဲ့ဘယ်လိုရင်ဆိုင်မလဲငါကြည့်မယ်''ဟင်............''ငါ သွားမယ်........'အပြင်ကတံခါးကိုသော့ပိတ်လိုက်ချိန်မှာတော့..........အမှောင်ထုထဲမှာ ကျွန်တော် ခပ်ယဲ့ယဲ့ပြုံးမိတယ်.....'တကယ်က.........ပိုက်ဆံနဲ့ ခင်ဗျားရဲ့ ပထမလူနေရာကိုဝယ်မရခြင်းက ကျွန်တော့အတွက်ပိုအရေးကြီးတယ် 'ရိုက်ကွင်းရောက်မှသိလိုက်ရတာက ဘူဆန်ထိသွားရိုက်ရမယ်ဆိုတာဘဲ ဒါရိုက်တာကိုဒေါသထွက်သွားပေမယ့်လဲ ကိုယ့်အနေနဲ့ ဒီလိုကြော်ငြာကြီးကြီးရဖို့ကမလွယ်တာမို့ Jaejoongအထွန့်မတက်ဘဲုငြိမ်နေလိုက်တယ်.......တစ်ညလုံးတစ်နေ့လုံး ရိုက်ကူးပြးီသည်နောက်...........ပင်ပန်းပေမယ့်လဲ ကိုယ့်ဝါသနာပါတဲ့အလုပ်မို့ ပျော်ရွှင်နေမိတာအမှန်...နောက်တစ်နေ့ညတော်တော်နက်တော့မှဆိုးလ်ကိုပြန်ရောက်လာတယ်လေငါ ကလပ်သွားဦးမှဘဲ......သောက်လိုက်ရရင်တော့........လန်းသွားမှာအမှန်ဘဲ...........................ကလပ်ကိုရောက်တော့ ထိုင်နေကြ နေရာ......အရက်တစ်ခွက်ကိုဇိမ်ခံသောက်နေမိသည်။ဟိုကောင်လေးရှိမယ့်နေရာကိုကြည့်လိုက်တော့ ထုံးစံအတိုင်း ရယ်မောနေကြသည့် သူ့သူငယ်ချင်းသုံးယောက် သူကော သူဒီနေ့မလာဘူးလား.....ဟင်........သူ.သူက.......ကားသော့ကို ဆွဲပြီး ကလပ်ထဲမှအပြေးထွက်လာခဲ့မိသည်.Shit ငါ့ဦးနှောက်ကလဲ ဟိုကသေသွားရင် မင်းတော့အမှုပတ်ပြီKim Jaejoongဂိုထောင်တံခါးကို အမြန်ဆုံးဖွင့်ပြီး မီးဖွင့်လိုက်တော့.....နံရံကိုမှီပြီး လဲကျနေတဲ့သူ့ကိုမီးရောင်အောက်မှာ ဖျော့တော့စွာ တွေ့လိုက်ရသည်။'Changmin Shim Changmin'သူ့ကိုယ့်ကို လှုပ်ခေါ်နှိုးလိုက်တော့ မျက်လုံးအသာပွင့်လာသည်.'ခင်ဗျားပြန်လာပြီလား.......... တော်သေးတာပေ့ါ....... ကျွန်တော်က ခင်ဗျား မေ့သွားပြီထင်တာ........'ဟုတ်တယ် .......ငါမေ့သွားတယ် အရူး.....ရင်ထဲကတိုးတိုးလေးပြောလိုက်မိသည်။သူ့ကိုကုန်းပိုးပြီး အိမ်ထဲကိုခေါ်လာခဲ့သည်။အိပ်ယာထဲမှာ သူ့ကိုနေရာချပေးရင်း'မင်း ဗိုက်မဆာဘူးလား ဆန်ပြုတ်လေးသောက်မလား ဖျားနေပြီ......'ခေါင်းခါပြီး Jaejoongလက်ကိုဆုပ်ကိုင်လာတယ်.......'ဟင့်အင်း မဆာပါဘူ း ဒီအတိုင်းလေးဘဲ အနားမှာခန လေး...နေပေးနိုင်မလားဟင်.....' ဟင်.သူငိုနေတာလား.........တချက်ကလေး..ရင်ဘတ်ထဲကနင့်သွားပါလား......ဘာလို့လဲ......မင်း.....Yunhoဆို တခါမှ မငိုဖူးဘူးမင်းတို့လိုလူမျိုးတွေက ငိုတယ်ဆိုတာဘာမှန်းသိလို့လား.......သူ အိပ်ပျော်သွားတော့မှ ဆုပ်ကိုင်ထားတဲ့သူ့လက်ကိုဖြေချပြီး ရေချိုးခန်းထဲဝင်လာခဲ့သည်။ရေနွေးနွေးမှာ အကြာကြီး စိမ်နေရင်း စဉ်းစားနေမိတာက သူ့မျက်ရည်တွေရဲ့ အကြောင်းရင်း.............နှစ်ယောက်အတူတူ အိပ်ယာထက်မှာလှဲနေရင်း Jaejoongသူ့မျက်နှာကိုတည့်တည့်ကြည့်ရင်း မေးလိုက်မိသည်.'မင်းအိမ်မပြန်တော့ဘူးလား''ကျွန်တော် ခရီးသွားမှာမို့ တစ်ပတ်လောက်ကြာမယ် လို့ဟိုနေ့တည်းက ဒရိုင်ဘာကိုပြောလိုက်တာလေ''အော်............''ကျွန်တော့ ကိုခင်ဗျားနားမှာနေဖို့လက်ခံလိုက်ပြီလားဟင်......''ဘာလို့င့ါနားမှာနေချင်တာလဲ'သူက တချက် ခပ်ငေးငေးကြည့်ရင်း.......'ချစ်လို့.......... ခင်ဗျားကို ကျွန်တော်ချစ်မိသွားလို့......'Jaejoong ဟားတိုက်ရယ်တော့ သူက ခပ်ပြုံးပြုံးဘဲကြည့်နေတယ်'ချစ်လို့...........ဟားဟား မင်းချစ်တာ ငါ့ကိုယ် ကို ငါ့ရုပ်ရည်ကို.....'သူက လေးပင်စွာ ခေါင်းကိုရမ်းလိုက်ပြီး...'ခင်ဗျား သာ ယုံကြည်ပေးနိုင်မယ်ဆိုရင် တခါတော့.... ပြောပြချင်ပါသေးတယ်......ကျွန်တော်အချစ်ကိုလေ''ဟားဟား ပါးစပ်ကပြောတဲ့အရာကို လက်တွေ့ပြဖို့ဆိုတာတော့ မဖြစ်နိုင်တာ.....အဲဒီ မင်းပြောတဲ့အချစ်ဘဲ''သက်သေပြခွင့်ရှိရင်.........ကျွန်တော်ပြချင်ပါတယ် .......ဟုတ်လား...........မခနဲ့ပါနဲ့ဗျာ......... သူက........ သူ့ကြောင့် အချစ်ကိုမယုံတော့ဘူးဆိုရင်တော့ ကျွန်တော်ကသူမဟုတ်တဲ့အတွက်ကြောင့်'ဖြန်း............Yunhoဓာတ်ပုံကို သူလက်ညှိုးနဲ့အထိုးမှာမထင်မှတ်ဘဲ ကျွန်တော် သူ့ပါးကိုရိုက်မိသွားတယ်.......ငါမင်းကိုချစ်တဲ့အချစ်က ခုထိအရင်လိုဘဲ Yunho မင်းကိုသူများလက်ညှိုးထိုးတာလေးတောင် ငါမကြည်ဖြူနိုင်ဘူးလေ........ဘေးက မျက်ရည်ကြည်တွေလဲ့နေတဲ့ မျက်ဝန်းတစ်စုံကိုကျောခိုင်းပြီး တစ်ဖက်လှည့်လိုက်တယ်........နောက်ကျောဘက်က သိမ့်ခနဲ ဖြစ်သွားတာကြောင့်ကော ပခုံးကို ခပ်ဖွဖွဆုပ်ကိုင်လာတဲ့ အထိအတွေ့ကြောင့် Jaejoongသူ့ဘက်ပြန်လှည့်လိုက်သည်။'ကျွန်တော်.........ကျွန်တော် ခင်ဗျားနားမှာနေရဖို့ ခင်ဗျားယုံကြည်မှုကိုရဖို့........ ဘာလုပ်ရမလဲ.........''မင်း အိမ်ကိုပြောလိုက်.........''ဗျာ...''ဘာလဲ မပြောရဲဘူးလား........ ဟုတ်တာပေ့ါ.....ငါ့လိုလူမျိုးကိုရွေးချယ်တာသိရင်........မင်းကိုစွန့်လွှတ်ကြမှာဘဲ အဲ့ကျရင် မင်းစည်းစိမ်တွေကို အကုန်စွန့်လွှတ်ရမှာ အော် မင်းအချစ်ဆုံးကားလေးကိုကောပေ့ါ.မဖြစ်နိုင်ဘူးမို့လား..........''ဒါဘဲလား...........''ဘာ........''ဒါဆို ခင်ဗျားနားမှာ နေဖို့လုံလောက်ပြီလားလို့''ဟင့်အင်း.............ဒါက အစ.................''ကောင်းပြီလေ..........ကဲ......အစတခုကိုအောင်မြင်အောင် လုပ်လိုက်ဦးမယ်......... ကျွန်တော် ပြန်လာခဲ့မယ်.....ကျွန်တော့အဖေသတ်လို့မသေသေးရင်ပေ့ါ'ခပ်ပြုံးပြုံး ပြောပြီး သူထွက်သွားတာကိုJaejoongယောင်နစွာ ကြည့်ပြီး ကျန်နေခဲ့မိသည်.ညာဘက်လက်ဖဝါးကို ဖြန့်ကြည့်ရင်း နီမြန်းနေတဲ့ပါးတစ်ဖက်နဲ့ အရည်ကြည်တွေလက်နေတဲ့ မျက်ဝန်းတစ်စုံကို တခနလေးနဲ့ မြင်ယောင်လာမိတယ်............မင်း တကယ်ဘဲ ငါ့အရုပ်ဖြစ်လာဖို့ စိတ်ကူးရှိနေတာလား Shim Changmin.................ဘာတွေရေးမိမှန်းကို တကယ်ကိုမသိတော့ပါ................. ကယ်ကြပါဦးလို့.............. *bow bow*zawgyi

ဒုတိယလူWhere stories live. Discover now