'ဒါဆို ဦးဦးယွန်ဂျီက မမဂျီဂျီကိုပြောပေးနော် ထယ်ကုကိုခဏနေရင်ဝင်ခေါ်လို့ပြောပေးပါနော် သားသားကျောင်းသွားဖို့အဆင်တင့်ဖြစ်နေပြီလို့'

ဖုန်းထဲကအဖိုးကြီးယွန်ဂီ၏ရီသံကြီးကိုအတိုင်းသားကြားနေရသည်။ အိမ်ကအတတ်လေးကို လူတိုင်းမနိုင်တာတော့အမှန်ပင်။ ကနေဒါမှာရှိတဲ့သူ့အဖိုးအဖွားတွေဆီလည်းကျောင်းသွားဖို့လှမ်းကြွားနေတာ တော်တော်နဲ့မပြီး။

"သားသားရေ မနက်စာစားမယ်"

"လာပြီးလာပြီး"

သကောင့်သားက လွယ်အိတ်ပင်မချပဲအပြေးတစ်ပိုင်းဖြင့်ရောက်လာသည်။ နွားနို့တစ်ခွက်လုံးကိုလည်းမော့သောက်လိုက်ပြီး အစာပြေနည်းနည်းပါးပါးစားကာ လာကြိုမဲ့ကားကိုမျှော်နေဟန်ပင်။

"မမဂျီဂျီကအရမ်းကြာတာပဲ"

"မမဂျီဂျီက မိန်းကလေးပဲလေသားရယ် သူလည်းအလှအပပြင်တာလေးတော့ရှိမှာပေါ့"

"ဟမ့် လှလည်းမလှပဲနဲ့"

မျက်နှာကလည်းဆူပုတ်ပြီးနှုတ်ခမ်းကိုလည်းထုံးစံအတိုင်းစူထော်ထားသည်။ သူစိတ်ကောက်နေပါတယ်ပေါ့။

တီ....တီ....တီ....

ကားဟွန်းသံကြားတာနဲ့ချက်ချင်းထပြေးသွားသည်။

"ဟွန့် မမဂျီဂျီကအရမ်းကြာတာပဲ"

"စိတ်မဆိုးပါနဲ့တော့ မမbanana mikeနဲ့ချော့မယ်လေ"

banana mikeကြိုက်တတ်တာက သူ့ဒယ်ဒီနဲ့တူတဲ့အချက်ပင်။ ဂျွန်ထယ်ကုကသူ့ဒယ်ဒီနဲ့တအားတူသည်။ အပြုအမူကအစ အစားအသောက်ကအဆုံး။

"ဒယ်ဒီ ပါပါး ထယ်ကုကျောင်းသွားတော့မယ်နော်"

"ဂရုစိုက်နော် သားသားရော ဂျီဂျီရော"

ကားထွက်သွားပြီးဖြစ်တာကြောင့် ကလေးနှစ်ကောင်ဘာပြန်ပြောလည်းသေချာမကြားရတော့တာမို့ ထယ်ယောင်းအိမ်ထဲဝင်လာကာ ပန်းကန်တွေကိုသိမ်းဖို့ဆေးဖို့လုပ်ရသည်။

"ထားထားလေဟန်နီ အဒေါ်ကြီးနဲ့ သူ့တူမလေးနှစ်ယောက်ရှိတာပဲလေ အိပ်ရေးမဝတာကို ပြန်တက်အိပ်လိုက်အုံး"

Loading.. [COMPLETE]Where stories live. Discover now