သူလိုချင်တာလေးကို လာဘ်ထိုးပြီးပြောမှ ပေါက်းလေးက သူ့ဒယ်ဒီပေါ်ခုန်တက်လာသည်။ ဒါတောင်မှနှုတ်ခမ်းကိုဆူထော်ထော်ကလုပ်ထားသေးတာ။

ထယ်ဂုလေးက အသက်သုံးနှစ်ကတည်းက နေ့တိုင်းကျောင်းသွားဖို့ပဲပူဆာနေသည်။ သူ့မမ မင်ယွန်ဂျီကျောင်းသွားတာကိုတွေ့တိုင်း ကျောင်းသွားပို့ဖို့ကိုပဲပူဆာနေသည်။

အခုကျောင်းတက်ရတော့မယ်ကြားတော့ ဂျွန်ထယ်ကုတစ်ယောက်မြောက်ကြွမြောက်ကြွဖြင့်ပျော်နေသည်။ မနက်မိုးမလင်းခင်ကတည်းကနိုးနေပြီး တစ်အိမ်လုံးက ခြံစောင့်ကိုသာမက စားဖိုဆောင်ကအမတွေကိုပါ သူကျောင်းတက်ရတော့မည့်အကြောင်းကိုပတ်ကြွားနေတော့သည်။

ဒုန်း!! ဒုန်း!! ဒုန်း!!!

မနက်စောစောစီးစီးတံခါးကိုအဆက်မပြတ်လာထုနေသောအသံကြောင့် ဂျောင်ကုအိပ်ချင်မူးတူးဖြင့်ထပြီး ဟန်နီ၏နားကိုလက်ဖဝါးဖြင့်အုပ်ကာပိတ်ပေးလိုက်သည်။ ဟန်နီကအိပ်ရေးမဝရင်စိတ်မကြည်တတ်တာကြောင့်ပင်။

ဒုန်း!...ဒုန်း!! ..ဒုန်း!!!...

"ဒယ်ဒီရေ ထပါတော့မိုးလင်နေပြီး ထယ်ကုကိုကျောင်းသွားပို့ပေးပါတော့!!!"

"ပါပါးအိပ်ပုတ်ရေ!! ထယ်ကုကျောင်းသွားတော့မယ်လို့!!"

တံခါးထုသံမှာအရမ်းကျယ်တာကြောင့်ထယ်ယောင်းပါအိပ်ချင်မူးတူးဖြင့်နိုးလာသည်။ သကောင့်သားလက်သံက မသေးပေ။

"အိပ်ရေးဝရဲ့လားဟန်နီ မောင်တို့ခွေးပေါက်လေးစောစောစီးစီးသောင်းကျန်းနေပြီး"

ထယ်ယောင်းအိပ်ချင်မူးတူးဖြင့်ခေါင်းညိတ်ပြီး နာရီကိုကြည့်လိုက်တော့5နာရီခွဲ။ တော်တော်လည်းဇွဲကောင်းတဲ့ဂျွန်ထယ်ကု။

ဂျောင်ကုနဲ့ထယ်ယောင်း မျက်နှာသစ်ရေမိုးချိုးပြီးအောက်ထပ်ကိုဆင်းလာတော့သကောင့်သားက မနေ့ညနေကျောင်းသွားအပ်တုန်းက ရထားတဲ့ကျောင်းဝတ်စုံကိုကျကျနနဝတ်ပြီး ကျောပိုးအိတ်အနီရောင်လေးကိုပါတစ်ခါတည်းလွယ်ထားပြီး တစ်ယောက်ယောက်နဲ့ဖုန်းပြောနေဟန်ပင်။

Loading.. [COMPLETE]Where stories live. Discover now