ဇာတ်လမ်း-၃၁

26.6K 1.7K 173
                                    

ဇာတ်လမ်း-၃၁

ခတ္တာရိပ်ခြံရှေ့ ကားထိုးရပ်လိုက်လျှင်ပင် ခြံရှေ့နားတွင် ရပ်ထားသည့် ကားတစ်စီးကအသင့်စောင့်ကြိုနေသည်။သူတို့ကား လာတာမြင်တော့ ကားဘေးတွင်ရပ်နေသည့် လူက အနားသို့ရောက်လာသည်။ကားမောင်းသည့် ထွန်းထွန်းကတော့ ကားပေါ်မှဆင်းလျက် ခြံတံခါးကို သွားဖွင့်သည်။

"ကိုကြီး"

ကားနောက်ခန်းဘက်သို့ရောက်လာသည်တောင် ခေါင်က မှန်မချပေးတာမို့ အပြင်ကနေ အထဲကိုစူးစမ်းနေသည့် အယ်ဒန်ကိုတော့ မြင်နေရသည်။တည့်တည့်လာတွေ့နေမှတော့ ရှောင်လွှဲစရာတွေမလိုလေ။ ခေါင်မျက်ခုံးတန်းတို့စုချိုးလျက် မှန်ကိုချပေးလိုက်သည်။

"ကိုခေါင်.. သက်သာရဲ့လားဟင်. ဆေးရုံလာချင်ပေမယ့် ဘယ်ဆေးရုံမှန်းမသိလို့ မလာလိုက်ရတာ။"

ခေါင် အက်ဆီးဒင့်ဖြစ်သည်ကို ရင်းနှီးသည့်သူတချို့ကသာ သိနိုင်မှာဖြစ်ပြီး. သတင်းကို သိုသိုသိပ်သိပ်ထားသည်မို့ တခြားသူတွေက သိပ်မသိ။

"မလာတာကောင်းတယ်. မင်းကိုလည်း မကြိုဆိုဘူး"

ထုံးစံအတိုင်း ခေါင်က မကြည်ဖြူသည့်စကားနှင့်သာတုံ့ပြန်သည်။ခေါင်ထိုင်သည့်ဘက်ခြမ်းတွင် အယ်ဒန်က ရပ်ကာစကားပြောနေရပေမယ့် ခေါင်က အကြည့်တစ်ချက်သော်မျှ စွန့်ကြဲခြင်းမရှိဘဲ သူ့ဘေးတွင် ထိုင်နေသည့် စစ်ပြေလက်ဖဝါးတစ်ဖက်ကိုသာ မြဲမြဲဆုပ်ကိုင်ထားရင်း ငဲ့ကြည့်ကာ ပြုံးပြနေသည်ကိုသာ တွေ့ရသည်။ စစ်ပြေငြိမ်းအေးသည် မည်သည့်အရောင်မျှမပါသည့် အကြည့်နှင့်သာ အယ်ဒန့်ထံတစ်ချက်တစ်ချက်ကြည့်လာသေးသည်။

"ကိုခေါင်. ကျွန်တော်"

"ထွန်းထွန်း..ဒီတစ်ခါ တံခါးဖွင့်တာ သိပ်ကြာတာပဲ.နောက်ခါ သွက်သွက်လုပ်"

"ဗျာ.ဟုတ် အစ်ကိုလေး"

ခြံတံခါးသွားဖွင့်နေသည့် ထွန်းထွန်းက ကားမောင်းသူနေရာပြန်ရောက်လာပြီး ဘုမသိဘမသိအဆူခံလိုက်ရသေးသည်။ ခေါင့် နံဘေးက ကားတံခါးတွင် ရပ်နေသည့် အယ်ဒန့်ကို တစ်ချက်ကြည့်ကာ ကားစက်နှိုးလိုက်တော့ အယ်ဒန် အလိုက်တသိနှင့် နောက်ဆုတ်ပေးလိုက်ရတော့သည်။ မည်သူကမှလည်း မကြိုဆို မဖိတ်ခေါ်သည့် အယ်ဒန်ဆိုသည့် ဧည့်သည်သည် အပြင်ဘက်တွင် မတ်တပ်ရပ်လျက်သာ ကျန်ခဲ့ရတော့သည်။

အိမ်ကြီးရှင်..သခင့်ထံပါးWhere stories live. Discover now