4

328 66 5
                                    


" ကိုယ့်မှာ အိမ်ထောင်ရှိတယ် "

လက်ထဲက ရေခဲ့မုန့်ကို လွှတ်ချမိတာကို မသိအောင်ထိ ကောင်လေးက ထိတ်လန့်သွားတာ ၊ အံ့ဩသွားတာ ။

" ကိုယ် ပြောချင်ခဲ့ပေမဲ့.."

ပြောမထွက်ဘူး ကောင်လေးရယ် ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် ကိုယ်လိုလူက မရဖူးပေမဲ့ ပေးဖူးတာမို့ သိတယ် ။ မင်း ကိုယ်နဲ့ ထပ်နေရင် ပိုပြီး ထိခိုက်လိမ့်မယ် ။

" ကိုကို မင့်ကို သဘောမကျလို့ ညာနေတာမလား ?"

ကောင်လေးရဲ့ မျက်၀န်းအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နေတာကို သူသတိထားမိသည်။သူဘာစကားမှ ထပ်မပြောနိင်သေးပါ ။ 

" ပြောစမ်းပါ ကိုကို ..မင့်ကို သဘောမကျလို့ ညာပြောတာမလား ?"

" ကိုယ် ...."

သူ့ရင်ဘတ်နားက အင်္ကျီကို လက်နစ်ဖက်နဲ့ လာဆုပ်ကိုင်ရင် မျက်နှာလေးကိုမော့ကာ သူ့မျက်လုံးတွေဆီက တိကျတဲ့ အဖြေကို ရှာနေလေသည် ။

" တကယ်ပဲ ..."

မျက်၀န်းအိမ်ထဲက မျက်ရည်တွေသည် ပါးပြင်‌သို့ လိမ့်ဆင်းသွားလေသည် ။ ကင်မ်ထယ်ယောင်းတောင် မသိလိုက်ခင်မှာ ကင်မ်ထယ်ယောင်းရဲ့ လက်တစ်ဖက်က ကောင်လေးရဲ့ ပါးပြင်က မျက်ရည်တွေကို သုတ်ပြီးနေမိလေသည် ။

" မဟုတ်ဘူးလို့ ပြောပါလား ကိုကိုရယ် .."


သူ့ရင်ဘတ်က အင်္ကျီစကို ကိုင်ထားတဲ့ ကောင်လေးရဲ့ လက်တွေသည် လွှတ်လိုက်ပြီး သူ့ကို ကျောခိုင်းလိုက်သည်။ ထိုအချိန်လေး ခဏဟာ သူ့ကို မှောင်မိုက်သွားစေသည်။ သူ့ခြေထောက်တွေ တုန်ယင်လာသည် ။ ဒီခံစားချက်၊ ဒီနက်ရိူင်းမူကို သူဘယ်လို ခေါင်းစဉ်တပ်ရမလဲဆိုတာကို မသိပေ ။ သူ့မျက်လုံးရှေ့ကနေ တစ်ရွ့ရွေ့နဲ့ ထွက်သွားနေတဲ့  ကျောပြင်သေးသေးလေးက သိပ်သိပ်တုန်နေတာကို သူတွေ့သည် ။ အနောက်က ပွေ့ဖက်လိုက်ရမလား ..ဒါမှမဟုတ် ..အတူရှိနေပေးဖို့ ပြောလိုက်ရမလား ? ။

အမြင်တွေ ဝေဝါးလာတာမို့ ကားဆီသို့ ပြန်သွားလိုက်သည် ။ သူ့အတွက်ဆိုပြီး ပေးထားတဲ့ ကောင်လေးရဲ့ ကျုးလစ်ပန်းအိုးလေးကို ကြည့်လိုက်သည်။  စာလေးတစ်စောင် ချိတ်ထားတာ ။

Love & HurtWhere stories live. Discover now