Uni
" ရှောင်းအာ .... "
ဝမ်ရိပေါ်က သူကို ဟိုကိစ္စပြောကတည်းက သူရိပေါ်ကို ရှောင်နေမိတာ တော်တော်ကြာပြီ ။ သူကိုယ်သူလွတ်လပ်ပေါ့ပါးနေသလို ရတဲ့ ခံစားချက်ကြီးကိုလည်း သူမကြိုက်ဘူး ။ သူမှာ ဘာမှမရှိတော့သလိုပဲ ။
တအားကြီးမစူတော့တဲ့ သူဗိုက်ကို ကြည့်ရင်း
" ပါးကလေးလေးက မလာတော့ဘူးလား ဟင် "
" ပါးပါးစောင့်နေတယ်လေကွာ "
သူ့ပါးပေါ်ကို မျက်ရည်တွေက စီးကျလာတယ် ။
" ဟင့် ဒီအလိုက်ကမ်းဆိုးမသိတဲ့ေစာက္မျက်ရည်တွေက ဘာလို့ငိုနေတာလဲ "
" ရှောင်းအာရယ် .... "
" မယုံဘူး ရှောင်းအာက ပါးဆီ လာမယ်ပြောထားတယ်မလား ဟုတ်တယ် ပါးဆီ သေချာပေါက် လာမှာပါနော် "
ကုတင်ပေါ်မှာ ထိုင်ပြီး တစ်ယောက်ထဲ စကားပြောနေတဲ့ရှောင်းကျန့်ကို မြင်ရင် ရူးနေပြီလို့ပဲ ထင်ကြမှာ ။ တကယ်တော့ သူမရူးပါဘူး ။ တစ်လောကလုံးကသာ သူကို အရူးဝိုင်းလုပ်နေကြတာ ။ သူမှာ ကလေးမရှိဘူးတဲ့ ရယ်စရာပဲ ။ သူတို့ပဲ ဟိုတစ်လောက သူမှာရင်သွေးလေး ရနေပြီဆိုပြီး သူ မလိုချင်တာတောင် ဇွတ်တွေ ထောက်ခံခဲ့ကြပြီးတော့ အခုမှ ဘာဖြစ်နေကြတာလဲ ။
" ရှောင်းအာကို တွေ့ချင်တယ် "
////)
အခန်းထဲမှာ ပိတ်စတွေကို စိတ်မပါလက်မပါနဲ့ခေါက်နေတဲ့ဝမ်မားအနား သူသွားလိုက်တယ် ။
" မား "
" ဟေ အေးပြော ရိပေါ် ဘာဖြစ်လို့လဲ "
မားတို့ကို ဒီကိစ္စပြောပြီးကတည်းက မားတို့က သိပ်မယုံချင်ချင်နဲ့နောက်ဆုံး ဆေးစာရွက်မြင်မှ လက်ခံကြတယ် ။ မားဆို မူးတောင်မေ့လဲသွားသေး ။
မားဆို စိတ်နဲ့ကိုယ်နဲ့တောင် မကပ်တော့ ။ သူမတို့လည်း ရှောင်းကျန့် မြေးကို အတော်လေးမျှော်လင့်ခဲ့ကြတယ်မလား ။
" သူက အခုချိန်ထိ လက်မခံသေးဘူး ကျွန်တော်ဘယ်လိုလုပ်ရမလဲ ဒီအတိုင်းဆက်နေသွားရင် သူရူးဖို့ပဲကျန်မှာ "
![](https://img.wattpad.com/cover/359687226-288-k452151.jpg)