You Are The One Who I Love (ep-1)

12 3 0
                                    

သျှိုဏ်း- " ငါကဘယ်အတန်းလဲ..."

(ကျွန်တော်သည် ကျွန်တော့်ဘောင်းဘီအိတ်ထဲရှိ ကျောင်းသားကဒ်မှ အတန်းကိုကြည့်ရန် ရှာနေလေသည်။)

??- " သျှိုဏ်းဝေယံ!!!....."

(ကျွန်တော့်ကိုခေါ်သံကြား၍ ရှေ့သို့လှမ်းကြည့်လိုက်သည်။ ထိုသူသည် ကျွန်တော်ငယ်ငယ်တုံးကအလွန်ခင်သော သူငယ်ချင်းဖြစ်သည်။)

သျှိုဏ်း- " မင်း...မင်းခန့်သွေး?"

မင်းခန့်- " ဘာလဲကွ...မင်းကငါနဲ့မတွေ့တာနဲနဲကြာတာနဲ့ ငါ့ကိုမေ့တော့မလို့လား...မင်းဘယ်အခန်းကျလဲ.."

သျှိုဏ်း- " ငါလဲမေးချင်တာ..ငါ..ဘယ်နှစ်အတန်းလဲ.."

မင်းခန့်- " ဟာ..မင်းအိပ်ယာထဲမှာ မင်းရဲ့ဦးနှောက်ကျန်ခဲ့တယ်ထင်တယ်...မင်းရဲ့ကျောင်းသားကဒ်ကော...မပါလာဘူးလား.."

(ကျွန်တော်ခေါင်းခါလိုက်သည်။)

မင်းခန့်- " အဲ့ဒါဆိုလဲ ဆရာမကိုသွားမေးကြမယ်လေ လိုက်ခဲ့"

(ကျွန်တော်တို့အတူတူဆရာမထံသို့သွားမေးကြည့်ကြသည်။ ကျွန်တော်သည် (၈)တန်းဖြစ်ပြီး အခန်းမှာ (B)ခန်းဖြစ်သည်။မင်းခန့်သွေးနှင့်အခန်းအတူတူပင်ဖြစ်သည်။ ကျွန်တော်တို့သည် အတန်းကိုပြန်သွား၍ နေလေသည်။ လမ်းတလျှောက်တွင် မင်းခန့်သွေးသည် စကားတွေပြောနေသော်လည်း ကျွန်တော်သည် အတွေးပေါင်းများစွာနှင့်ဖြစ်နေသောကြောင့် သူပြောသည်ကို တခုမှနားမဝင်ပေ။ကျွန်တော်တွေးနေသည်က ကျွန်တော်ဖွင့်ပြောခဲ့သောသူနှင့်တွေ့ရမည့်အတန်းကိုစဥ်းစားနေခြင်းဖြစ်သည်။ ထိုသူနှင့်ကျွန်တော်သည် ယခုနှစ်၈တန်းတွင်တွေ့ရမည်မဟုတ်..၉တန်းမှတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်စိတ်ပျက်မိသွားပြီး သက်ပြင်းချမိသည်။တစ်ဆက်ထဲပင် တွေးမိသည်က အဘယ်ကြောင်​့ ငယ်ငယ်တုံးကအချိန်ကိုပြန်ရောက်နေသည်ကိုဘဲဖြစ်သည်။ အချိန်ခရီးသွားသည်ကို စာထဲတွင်ပင်ဖတ်ဖူးသည်။ ယခုဖြစ်ပျက်နေသည်က အိမ်မက်လား?..ဒါမှမဟုတ် သေခါနီးလူတစ်ယောက်ရဲ့မြင်ကွင်းလား?..အတွေးများနယ်ချဲ့နေမိသည်။)

မင်းခန့်- " ....နောက်ပြီးတော့ငါတို့အခန်းကိုကျောင်းသားသစ်တစ်ယောက်ပြောင်းလာအုံးမယ်တဲ့... ငါကြားမိသလောက်ကတော့ အဲ့ကောင်က ဘယ်သူနဲ့မှစကားမပြောဘူးတဲ့...မပြောဘူးဆိုတာက နဲနဲပါးပါးတော့ပြောတာပေါ့ ဟိုလိုအများကြီးမပြောဘူးလေ ဥပမာငါ့လိုပေါ့ ဟဲဟဲ"

You Are The One Who I love (completed)Where stories live. Discover now