ယွန်းဂီ၊ဂျီမင်းနဲ့မင်ယော့က ပဲခေါက်ဆွဲမှာကျပြီး ထယ်ယောင်းက တော့ပိုကီမှာကာ ဂျောင်ဂုကတော့ ငါးအသားပြားကိုအရည်လေးဖြင့် မှာလိုက်သည်။

သူတို့ငါးယောက်အား အသီးသီးမှာထားတာတွေရတော့ မင်ယော့ကလဲတော့ပိုကီတပွဲမှာထားသေးသည်။

ထယ်ယောင်းတော့ပိုကီအစပ်ကို ပါးစပ်ထဲထည့်ဖို့ပဲရှိသေး ဂျောင်ဂုကလုသွားကာ သူ့ငါးအသားပြားကဟင်းရည်ထဲ ဆန်ချောင်းအားစိမ်ကာ အပေါ်ကအနှစ်အစပ်တွေမရှိတော့မှ ထယ်ယောင်းကိုလှမ်းကျွေးသဖြင့် ထယ်ယောင်းလဲမယူတော့ပဲ ဂျောင်ဂုခွန့်ကျွေးတာကိုပဲစားလိုက်သည်။

" အာ...ကျေးဇူးပါပဲ ငါအစပ်မစားနိုင်တာမင်းသိနေတာပဲ..."

"အင်းသိတယ်...မင်းကရောသိရဲ့သားနဲ့ဘာလို့ ဝယ်စားတာလဲ..."

"အစပ်လေးစားချင်သွားလို့ ဒါမဲ့မင်းလုပ်ပေးသလိုကလဲစားကောင်းနေတာနဲ့..."

"ထပ်ကျွေးလို့ ပြောချင်တာမလား..."

" အထာပေါက်သားပဲ..."

"ဒါနဲ့ ထယ်ယောင်းနဲ့ဂျောင်ဂုက အရမ်းရင်းနှီးပုံပဲ..."

မင်ယော့က ပဲခေါက်ဆွဲစားနေရင်း ထိုသို့လှမ်းမေးလာသဖြင့်...။

"အရင်က မခင်ဘူး အခုမှခင်တာအစ်ကို..."

"ဟုတ်လား ငယ်သူငယ်ချင်း တွေထင်နေတာ..."

" အင်း ကိစ္စတစ်ခုကြောင့်သာမဟုတ်ရင် ငယ်သူငယ်ချင်းတွေဖြစ်နေလောက်တယ် အစ်ကို..."

ထယ်ယောင်းအဖြေကြောင့် ဂျောင်ဂုငါးအသားပြားစား​ေနရင်းမှ ထယ်ယောင်းအားလှမ်းကြည့်သည်။

ထယ်ယောင်းပြောတဲ့ ကိစ္စတစ်ခုက ဂျဂောင်ုလက်ကျိုးတာကို ပြောချင်တာမှန်း ဂျောင်ဂုသေချာသိသည်။

အဲ့တုန်းက ထယ်ယောင်းက သူငယ်ချင်းလုပ်ဖို့ပြောခဲ့ရုံပဲကို သူကတကယ်လွန်သွားတာပဲ.. ။

ဂျောင်ဂုသည် တိတ်ဆိတ်စွာသာ ငါးအသားပြားစားနေရင်းမှ...။

"ဂျောင်ဂု ဟာမီးကမင်းကိုမေးနေတယ်..."

တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းကို ယွန်းဂီရဲ့ဟာမီလို့ပြောလိုက်ခြင်းကြောင့် အားလုံးရဲ့အကြည့်က ဂျောင်ဂုကိုလှမ်းကြည့်နေကာ ဂျောင်ဂုတစ်ခုခုပြောမှာကို စောင့်နေပုံရသည်။

♡Falling in love ♡(Completed )Where stories live. Discover now