P-41(one)

4.5K 234 43
                                    

*uni*





မနက်ခင်းနေရောင်တွေဟာ မျက်နှာတည်တည့်လာထိုးနေပေမဲ့ဂျောင်ဂုမျက်မှောင်ကျုံ့ကာ ကိုကို့ရင်ဘက်ထဲတိုးဝင်မိသည်။

မနက်ခင်းအစလေးကသူ့အတွက်အရမ်းကိုကြည်နူးစရာကောင်းလွန်းနေသည်။ကိုကိုဟာဟိုနေ့ညကလိုမပြန်သွားသေးပဲ မနက်အထိသူနဲ့တူတူရှိနေတာကြောင့်ပင်။

ရင်ခွင်ထဲကထွက်ကာမှေးလေးထောက်ရင်းကိုကို့ကိုငေးကြည့်နေသည်။

ကိုကိုကတကယ်ချောတာပင် နှုတ်ခမ်းမွှေးရေးရေးနဲ့ပိုလို့ပင်ကြည့်လို့ကောင်းသည်။

နှာခေါင်းပေါ်ကမှဲ့ကလည်းတကယ်ဆွဲဆောင်မှုအပြည့်။

အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကယောင်္ကျားပီသလွန်းလှသည်။ကိုယ်သင်းနံ့ကအစ ချွေးနံ့အဆုံးကိုကိုနဲ့ပတ်သက်ရင်ဂျောင်ဂုအလွန်ကိုသဘောကျတာ။

ကိုကိုကိုပြုံးကာကြည့်နေရင်းမှ ရင်ဘက်တွေကလည်းတဒုတ်ဒုတ်နဲ့ထိန်းချုပ်မရ။

ကိုကို အငယ်လေးရဲ့အပိုင်ဖြစ်ပေးလို့မရဘူးလားဟင် ကိုကို့ကိုအငယ်လေးတစ်ယောက်ထဲပဲပိုင်ချင်တယ် ကိုကို့ကိုတခြားသူနဲ့တွဲမြင်ရတာတွေအငယ်လေးမကြိုက်ဘူး

ပြီးတော့ ကိုကို ကိုကို့နားရောက်ရင် အငယ်လေးရဲ့ရင်ဘက်ကြီးကအသံအကျယ်ကြီးပဲ အဲ့တာဘာလို့လဲဟင်။ အငယ်လေးက ကိုကိုနဲ့ပဲနေချင်တယ် ကိုကိုနဲ့အတူရှိနေရတာကိုပိုသဘောကျတယ် ကိုကို မွမွ

ကိုကို့ကိုချစ်တယ် မွမွ

အိပ်ပျော်နေတဲ့ကိုကိုရဲ့နှုတ်ခမ်းကို ကိုခိုးနမ်းနေတဲ့ဂျောင်ဂု

အင့်

ရုတ်တရက်သူကအောက်ဘက်ရောက်သွားပြီးကိုကိုအုပ်မိုးတာခံလိုက်ရသည်။

ဘယ်ကောင်လေးလဲ အိပ်နေတဲ့လူကိုခိုးနမ်းနေတာ

ကိုကို .... နိုးနေတာကိုမထဘူး

ကိုကိုက ခလေးခိုးနမ်းတဲ့ချိန်မှနိုးလာတာပါ

ဟွန့် ကိုကို လူလိမ်

ဟော ကိုကိုက လိမ်စရာလား ဟွန် မွ မွ လိမ်စရာလား မွမွ

ခ်ခ်ခ် ယားတယ် ကိုကို မနမ်းနဲ့

Step Brother (COMPLETED)Where stories live. Discover now