Intro

820 95 5
                                    


အသက်ကို ရူထုတ်လိုက်သည်နှင့် ဂျီမင်သည် သူ့ရဲ့၀မ်းနည်းခြင်းတွေ အနည်းငယ်လောက် ဖြေဖျောက်သွားသလို ခံစားရတယ် ။ အခြေမကျဖူးတဲ့ ကိုးရီးယားမြေလေးကို တစ်စုံတစ်ယောက်ကြောင့် ခြေချမိလိုက်သည်နှင့်

" မင် .."

အသံက ခပ်တိုးတိုးဆိုပေမဲ့ တောင်းပန်ခြင်း ၊ အားနာခြင်းတွေ များစွာ ပါ၀င်နေလေသည်။ ထိုအသံပိုင်ရှင်သည် သူသိပ်ကိုချစ်ရပါသော ကိုကို့ရဲ့ အသံဖြစ်လေသည်။ကိုးရီယားကိုရောက်ရင်  နမ်ဆန်းတာဝါကို ကိုကိုနဲ့ ပထမဆုံး အတူသွားဖို့ နယ်သာလန်မှာတုန်းက ပြောခဲ့ဖူးသည် ။

" ကိုကို နောက်ကျတယ်နော် "

ကိုကို့အနားဆီသို့  ဂျီမင်လျှောက်သွားလိုက်သည် ။ ကိုကို့ရဲ့ ရေမွှေးနံ့ကို သူသဘောကျသည် ။ မဟုတ်ဘူး ရေမွှေးနံ့မှ မဟုတ်ဘူး ကိုကို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သဘောကျတာ ။ ကိုကို စာရေးနေတဲ့အချိန် ၊ သူ့အတွက်ဆိုပြီး ပန်းချီဆွဲပေးတဲ့အချိန်သည်  သူကိုကို့ကို အမြတ်နိုးရဆုံးအချိန်ဖြစ်လေသည် ။

" ကိုယ် ဘယ်လိုတောင်းပန်ရမလဲ မင်ရယ် "

သူ့အရှေ့မှာ အရုပ်ကြိုးပြတ်သလို ဒူးထောက်ကာ ‌ထိုင်ချလိုက်တဲ့ ကိုကို့ကြောင့် လန့်သွားပေမဲ့ သူမတားခဲ့မိပေ ။ ကိုကိုက ဒီထက်မက သူ့ကိုတောင်းပန်သင့်တာကို ။ ညက နက်လာတော့ သူတို့နေရာမှာ လူတွေက မရှိတော့ချေ။ ကိုကိုရှေ့မှာ သူထိုင်လိုက်ရင် ကိုကို့ရဲ့ပါးထက်က မျက်ရည်တွေကို သူ့ လက်နဲ့ သုတ်ပေးပြီး ပါးလေကို ပွတ်လိုက်သည် ။

" မင် ဘာကိုအမုန်းဆုံးလဲ သိလား ..?"

" ...."

" ကိုကို မျက်ရည်ကျတာကိုပဲ ၊ မင့်ကြောင့် ကျတာဆိုရင် မင် ကိုယ့်ကိုကိုယ်ပိုပြီး အပြစ်တင်မိမှာ ၊ မငိုပါနဲ့ ကိုကိုရယ်... "

သူ့ဆီသို့ အလောတကြီးနဲ့ ထွက်လာတဲ့ရတဲ့ ကိုကိုသည် သူ့ဆီရောက်လာတဲ့အချိန် ဆံပင်က ဖရိုဖရဲဖြစ်နေတော့ သူ့လက်ချောင်းတွေနဲ့ ဆံပင်တွေကို သတ်တင်ပေးလိုက်မိသည်။  နူးညံ့လွန်းပြီး ဆံလုံးကြီးကြီးတွေနဲ့ ကိုကို့ရဲ့ဆံပင်တွေကို ဆော့ရတာ သူကြိုက်သည် ။

Love & HurtWhere stories live. Discover now