နင်မုန့်က ခေါင်းကို ချက်ချင်းခါပြီး ခပ်မြန်မြန်ပြောသည်။

"နင် နင်ကိစ္စ နင်လုပ်လိုက်တာ ကောင်းပါတယ်။ ငါနင့်ကို မနှောင့်ယှက်တော့ဘူး"

ထို့ကြောင့်ဖြင့် သူမက ချက်ချင်းလိုလို အလောတကြီး လှေကားပေါ်သို့ ပြေးတက်သွားပြီး လှေကားထိပ်မှတစ်ဆင့် သူမ၏ ကျောပြင်က ပျောက်ကွယ်သွားခြင်းကို မြင်လိုက်ရသည်။

ရှီချီက ထိုနေရာတွင် တစ်ခဏခန့် ရပ်ကြည့်နေပြီးမှသာ ခြံဝန်းထဲရှိ မီးတောက်ထံ ပြန်လှည့်လိုက်သည်။ သို့သော် သူ၏ အကြည့်ကမူ ချက်ချင်းလိုလို အေးစက် သွားတော့သည်။

ထိုသို့သော စမ်းသပ်ခံပစ္စည်းလောက်က ဖြုံလောက်စရာ မရှိသေးချေ။ ထို့ကြောင့် ပိုင်ရှင်ကိုယ်တိုင်က သိမ်မကြာခင် လာကောင်းလာနိုင်သည်။ တစ်နာရီလုံး ကုန်လွန်သွားပြီးနောက် အရိုးများက ပျောက်ဆုံးသွားပြီး ပြာအဖြစ် ပြောင်းလဲပြီ ဖြစ်သည်။

ရှီချီက ထွက်သွားပြီးနောက် လီချွမ်က ထိုပြာများကို သူ၏ ညွှန်ကြားချက်အတိုင်း ဆားရည်ဖြင့် ဆေးကြောလိုက်ပြီး မည်သည့်အရာမှ မကျန်ရစ်တော့သည်အထိ ပျောက်ကွယ် သွားစေလိုက်သည်။

တစ်ချိန်လုံး ဘေးဖက်တွင် မြွေပါလေးက ဟိန်းဟောက်ကာ အဖော်ပြုပေးနေခဲ့သည်။

လှေကားတစ်ဝက်ခန့်တွင် ရောက်သောအခါ နင်မုန့်က နောက်ပြန်လှည့်ကာ ပြန်ဆင်းလာသည်။ ထိုနောက် သူမက ခြံဝန်းထဲသို့ လျှေက်သွားသောအခါ မြေပြင်တွင် မည်သည့်အရာကိုမှ မမြင်ရတော့ချေ။ အနက်ရောင်အဝတ်ကိုလည်း မမြင်ရတော့ချေ။ ထိုအဝတ်ပိုင်ရှင်လူက သူမက အဘွားရှီ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့ချိန်က သူမကို သတ်ခဲ့သောသူ ဟုတ်မဟုတ် အတည်ပြုချင်သည်။

106 02

ဒုက္ခများစွာသော အချိန်တွင် လီချွမ်က ပြောလိုက်သည်။

"သခင်မ သခင်ရှီက ဒီည သခင်မကို အောက်ထပ်ကို မဆင်းဖို့ ပြောထားပါတယ်"

"ငါသိပြီ"

နင်မုန့်က ပြန်ဖြေလိုက်သည်။

သူမကလည်း အောက်ထပ်ကို မဆင်းချင်ပါချေ။ အကြောင်းမူက အပြင်ဘက်က အန္တရာယ် များလွန်းသည်။ သူမက အခြေအနေကို ကြည့်ရုံသာ ဆင်းလာကြည့်ခြင်း ဖြစ်သည်။ မည်သည့်အရာကိုမှ ရှာမတွေ့သည့်အခါ ပြန်ရန် အချိန်ကျနေပြီ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Donde viven las historias. Descúbrelo ahora