အခန်း‌၇

20.8K 1.8K 694
                                    


ခွန်းမောင်၏ ခေါင်းတွင် အကွက်လေးဖြစ်နေ၏။ ပတ်တီးဖြုတ်ပြီး ပလစတာကပ်ထားသည်မို့ထိုနေရာကဆံပင်တွေကို လိုသလောက်လေးရိတ်ထားရတာမို့ဖြစ်သည်။

   တပည့်တစ်အုပ်လာပို့ပေးတဲ့ မန်းကျည်းရွက်သုပ်ကလေးနှင့်ပဲဟင်းပန်းကန်ကိုကြည့်ကာရင်ထဲတသိမ့်သိမ့်။ ခေါင်းကဒဏ်ရာနဲ့တန်တယ်ပဲပြောရမလား။

  ခွန်းမောင်သည် စားပြီးတာနှင့် ပန်းကန်တွေကိုယူကာနောက်ဖေးပေါက်ထဲဝင်လာလိုက်၏။အထဲတွင်ကြပ်သိပ်နေအောင်ကိုပင်တပည့်တစ်အုပ်ကနေရာယူထားလေသည်။

ခွန်းမောင်မျက်မှောင်ကြုတ်တာမြင်တို့ဇက်လေးတွေပုဝင်သွားကြတာ တညီတညာတည်း။

   "မင်းတို့ကောင်တွေဘာလုပ်နေကြတာလဲ!"

    "ကျော်တို့.... ကျော်တို့"

တကယ်တော့ သူတို့ဂိုဏ်းအရမ်းချမ်းသာလေသည်။သူ့တို့ကိုလည်းအစာရေစာအဝအလင်ကျွေးပါ၏။နေ့တိုင်းမရိုးအီရလေအောင်ချက်ကျွေးဖို့ စားဖိုမှူးတွေလည်းရှိလေသည်။

ဒါပေမဲ့ မန်းကျည်းရွက်စိမ်းသုပ်ကို သူတို့စားမဝ။မျက်နှာငယ်လေးတွေနှင့်အုပ်စုလိုက်ကြီးလာတောင်းပေမဲ့ တကယ်ပင်မရှိတော့တာပင်။

    "အပြင်ထွက်ပြီး လုပ်စရာရှိတာသွားလုပ်ကြ!မီးဖိုထဲထပ်ဝင်လာတဲ့ကောင် လစာဖြတ်မယ်!!"

ထိုအခါမှ ဝှီခနဲ ပြေးထွက်သွားကြ၏။

မီးဖိုခန်းသည် အနည်းငယ်ကျဉ်းမြောင်းကာ ပစ္စည်းတွေလည်းများများစားစားမရှိလှ။သို့သော်သန့်ရှင်းသပ်ရပ်လေသည်။ မိုးထက်ဝဠာသည် ခွန်းမောင်ကို လှည့်ပင်မကြည့် တကုတ်ကုတ်ဖြင့်သာအလုပ်တွေလုပ်နေလေ၏။

   "မင်္ဂလာဆောင်ကြမယ်"

ခွန်းမောင်၏အသံအဆုံးတွင် မိုးထက်ဝဠာ လက်တွေခေတ္တရပ်တန့်သွားခဲ့သည်။

   "ငါ့ကို ၃ လလောက်အချိန်ပေးပါ"

ခွန်းမောင်အတွက်မလိုက်လျောနိုင်တဲ့အနေအထားတော့မဟုတ်ပါချေ။ဒီလတွေထဲလည်းသူခရီးထွက်ရန်မရှိ၊ တချို့ဟာတွေကိုဟာမတ်နှင့်သာသူအပ်ထားလိုက်၏။

ပြန်ချစ်လေဗျာ လိမ္မာပါ့မယ် (My Universe)Where stories live. Discover now