ဝန်ကြီးချုပ်ဟာ ရှေ့ကရေတစ်ခွက်ကို မော့သောက်လိုက်ကာ လက်ထဲကစိန်ထုတ်ကို စားပွဲပေါ်တင်လိုက်သည်။

“ငါ့သားနဲ့ အဆက်အသွယ်ရချင်တယ်...”

“ကျွန်တော်တို့ Ahmad Jeon နဲ့အဆက်အသွယ်ရခဲ့ပါတယ်...ဒါပေမဲ့ ကလေးနဲ့ဆက်သွယ်ခွင့်မပေးခဲ့ဘူး....Ahmad Jeon က ရာဇဝတ်သားတစ်ယောက်ဖြစ်နေလို့ ဉာဏ်ကောင်းနေတာမဟုတ်ဘူး...ဉာဏ်ကောင်းနေလို့ ရာဇဝတ်သားဖြစ်နေတာ...တကယ့်ကို သူက ကျွန်တော်တို့တွေ့ဖူးသမျှထဲမှာ စစ်မှန်တဲ့ Criminal တစ်ယောက်ဘဲ...”

ပုံကို သေချာကြည့်ကာဖြင့် စူးရှနေသည့်မျက်ဝန်းကိုကြည့်လိုက်သည်။ တကယ့်ကို အဓိပ္ပာယ်ဖော်ရခဲ့သည့်မျက်ဝန်းမျိုး။

အဲ့တာမို့ကြောင့် Ahmad Jeon ကို မည်သူမှ မထိရဲတာလား။ ဓာတ်ပုံထဲက ကြောက်ရွံခြင်းမရှိသည့်မျက်ဝန်းတွေက စိန်ခေါ်မှုတွေအပြည့်နဲ့။

“ငါ့သား အထိအခိုက်မရှိဘဲ ငါ့ဆီပြန်လာဖို့အရေးကြီးတယ်...ကျန်တာမင်းတို့တာဝန် အဆင်ပြေသလိုလုပ်...သတ်လည်းကိစ္စမရှိဘူး...မင်းတို့အလုပ်က အဲ့တာဘဲမဟုတ်ဘူးလား....ငါ့အမိန့်ရှိတာဘဲ...ငါ့သားပြန်ပါလာဖို့အရေးကြီးတယ်”

ဝန်ကြီးဟာ ထိုသို့တစ်ခွန်းတည်း ပြောကာ ထထွက်သွားတာတော့ နောက်ကနေ လိုက်ရသည့်ဝန်ထမ်းများ။ အင်ဂျင့်အဖွဲ့ကလည်း ရိုသေစွာဖြင့်အမူအရာပြကာ နှုတ်ဆက်လိုက်သည်။

အခုမှာ သူတို့ကို တာဝန်ပေးသွားလိုက်ပြီဖြစ်သောကြောင့် မကြာခင် UAE ကိုသွားပြီး မစ်ရှင်းကို လုပ်ဆောင်ရတော့မှာဖြစ်ပေသည်။

...

ထိုနေ့ကစပြီး ကျွန်တော့်ရှေ့ကို သူလုံးဝမရောက်လာတော့တာ။ မေးခွန်းတစ်ခုက သူ့အတွက် သိပ်ကိုစိတ်ဆိုးစရာဖြစ်သွားခဲ့မယ်ဆိုရင်  မေးမိခဲ့မှာမဟုတ်သလို ကလေးအတွေးကြောင့် တကယ်မထင်ပင်မဲ့ ထိုစကားကို မေးချခဲ့မိတာ။

ထမင်းစားချိန်နဲ့ရေချိုးဖို့ဆို ညီအကိုနှစ်ယောက်လာလုပ်ပေးပင်မဲ့ သူ့ကို ကျွန်တော်တွေ့ခွင့်မရှိတာ ငါးရက်မြောက်နေ့။ ပြီးတော့ ဒီနေရာ ကျွန်တော်လက်ရှိအားကိုးမိတာ သူဘဲရှိတာ သိပင်မဲ့ ကျွန်တော်ကို တကယ်လျစ်လျူရှုခဲ့တာဖြစ်သည်။

The Criminal & Habibi (Rewrite Version) Where stories live. Discover now