01

259 11 29
                                    

မျက်မှန်ပုလင်းဖင်နဲ့အရပ်၅ပေ၁၁ပဲရှိတဲ့တစ်ယောက်ဟာကျွန်တော်ပတ်ဆောင်းဟွန်းပါ...။

မျက်မှန်ပုလင်းဖင်တပ်ရတော့အလိုလိုရုပ်ဆိုးသွားတာမို့ အမျိုးတွေကြားထဲသိမ်ငယ်ရတဲ့သူဆိုလည်းမမှားပါဘူး၊ဒါတင်မကသေးပဲ စာပဲတော်ပြီးအခြားနေရာမှာသုံးစားမရလို့ကောရည်းစားမရှိလို့ကောဆိုပြီးအနှိမ်ထပ်ခံရပြန်တာလည်းကျွန်တော်ပါပဲ...။

ကျွန်တော့်အသက်၇နှစ်လောက်မှာမိဘတွေဆုံးပါးသွားကြတာမို့ အ‌မေ့မောင်ဖြစ်သူကျွန်တော့်ဦးလေးဟာအခုလက်ရှိကျွန်တော့်ကိုမွေးစားထားပြီးအမျိုးထဲမှာကျွန်တော့်ကိုချစ်တာဆိုလို့ထိုဦးလေးပဲရှိပါတယ်...။

အသက်၃၀ရှိနေပြီဖြစ်သော်လည်းရုပ်ချောနုပျိုပြီးပြည့်စုံလွန်းတဲ့ဦးလေးကိုရထားတာကြောင့်နေ့ရက်တိုင်းအခက်အခဲတွေနဲ့ဖြတ်သန်းရပါတယ်၊

အဲ့ဒါကဘယ်လိုလဲဆိုတော့...ငယ်ငယ်တုန်းကကြုံခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုပြောပြပါ့မယ်...။

"ငါနင့်ကိုပြောစရာရှိတယ်" ဆိုပြီးကျွန်တော့်သူငယ်ချင်းကောင်မလေးကရုတ်တရက်ပြောလာတော့ကျွန်တော့်ကိုရည်းစားစကားပြောမယ်အထင်နဲ့ကျွန်တော်လည်းပျော်တာပေါ့...။

"ငါနင့်"

"ဪ?"

"ငါနင့်ဦးလေးကိုသဘောကျတယ်"

"အမ်???" ဆိုပြီးစိတ်ပျက်သွားကာအဲ့အချိန်ကစပြီးခနခနထိုနည်းလည်းကောင်းပြောလာခြင်းကိုအမြဲခံခဲ့ရပါတယ်...။

ဒါတွေဟာကျွန်တော့်အတွက်မရိုးတော့ပါဘူး၊ထိုဒုက္ခကြောင့်ပဲအမျိုးထဲကကျွန်တော့်အကိုဝမ်းကွဲတို့ဘာတို့ကတစ်ယောက်ယောက်ပြီးတစ်ယောက်မိန်းမတွေရသွားကြပြီး ကျွန်တော်ကတော့ရည်းစားတောင်အရွယ်ရောက်လာတဲ့အထိမရသေးပါဘူး...။

။။။

တက္ကသိုလ်ပထမနှစ်ပြန်စတင်တဲ့ရက်လေးမှာ~~~

ဦးလေးဖြစ်သူဟာအခန်းထဲကမထွက်လာသေးတဲ့ဆောင်းဟွန်း‌ကို

THE HARDEST WAY ✓  || Milkcarrot🥛🥕Where stories live. Discover now