နေ့လည်စာမုန့်စားဆင်းချိန်ရောက်တော့အတူတူကန်တင်းကိုသွားကြကာ ဆောင်းဟွန်းကမျက်နှာကြီးဆူပုပ်နေပြီး
"မနက်ကကိစ္စအခုထိစိတ်ဆိုးနေသေးတာလား?"
"..."
"တောင်းပန်ပါတယ်"
"မင်းကဘာမို့လို့လဲ?သူငယ်ချင်းလား?ရည်းစားလား?ဒီတိုင်း...မှန်ကြောင်လို့လိုက်လိုက်ခေါ်ပြီးစနေတဲ့ရန်သူပဲဟာ ဘာလို့ငါ့ကိုစိနီယာနဲ့ရင်းနှီးတာကိုသဘောလာမကျပြနေတာလဲ?စီနီယာကိုတောင်ခြိမ်းခြောက်လိုက်သေးဟွန့်" ဆိုပြီးအရှေ့ကနေကော့တော့ကော့တော့နဲ့ထွက်သွားတော့
"ရားးးစောင့်ဦးလေ" ဆိုပြိးအနောက်ကနေပြေးလိုက်တော့တယ်...။
ဟီဆွန်းနဲ့ထိပ်တိုက်တိုးတော့ဆောင်းဟွန်းတစ်ယောက်မနေနိုင်ခဲ့ပါဘူး...။
"စီနီယာဟီ" ဆိုပြီးလှမ်းခေါ်လိုက်ကာဟီဆွန်းဘေးနားကိုချက်ချင်းရောက်သွားပြီး
"ဪကလေး?"
"အတူတူနေ့လည်စာစားကြရအောင်ဗျ" ဆိုပြီးပြောရင်းပါသွားပြန်တာပေါ့...။
"ဒီကောင်လေးကတော့" ဆိုပြီးသက်ပြင်းချရင်းကျန်နေခဲ့ကာ အတူတူကျောင်းပန်းခြံရဲ့ခုံမှာအတူတူစားကြပြီး
"ထမင်းမစားဘူးလား?"
"ပေါင်မုန့်ပဲစားနေကျမို့"
"အဲ့ဒါကြောင့်ပါးလေးကိုပေါင်မုန့်လေးလိုဖောင်းနေတာကိုး" ဆိုပြီးပါးလေးကိုညှစ်လိုက်လေရဲ့...။
"ဒါပေမဲ့ထမင်းကတော့စားမှပေါ့ အဲ့မှအားရှိမှာ"
"ဟုတ်ကဲ့နောက်ဆိုစားပါ့မယ်ဗျ"
"လိမ္မာလိုက်တာ" ဆိုပြီးပြုံးလိုက်ပြီးအတူတူဆက်စားကြကာဆောင်းဟွန်းကတော့ထမင်းစားနေတာတောင်ဆွဲဆောင်မှုရှိနေတဲ့ဟီဆွန်းကိုကြည့်နေပြီး
"မျက်နှာမှာတစ်ခုခုပေနေလို့လား?"
"ဗျာ?မဟုတ်ပါဘူး" ဆိုပြီးပြောတော့ဟီဆွန်းလည်းပြုံးလိုက်၍ဆက်စားနေတော့တယ်...။
YOU ARE READING
THE HARDEST WAY ✓ || Milkcarrot🥛🥕
Fanfiction"စီနီယာဟီ" ဆိုတဲ့နာမ်စားလေးနဲ့ထိုလူကိုမှအရမ်းချစ်မိတာမို့အခက်ခဲဆုံးလမ်းကိုရွေးချယ်ခဲ့မိတယ်...။