ပုဝါပါးလေးစွန်းမှာဆိုး(၂၇)

Começar do início
                                    

"သီးစုံ သားသက်လွတ်ပဲဟင်းကလဲ ကောင်းပါ့
ငါးခြောက်ထောင်းနဲ့အံကိုက်ပဲ"

"စားကောင်းတိုင်းလဲ စွတ်ရွတ်စားမနေနဲ့
အလှူရှင်တွေ ကုသိုလ်ပျက်အောင် "

"ကိုယ်နဲ့မတည့်ရင် ချင့်ချိန်စားတော်ရေ့..
တော်တော်ကြာ အလှူမှာဘာစားလိုက်လို့
ဘာဖြစ်တာဆို လှူတဲ့သူတွေအတွက် မကောင်း
ဘူးတော့် "

"ဟုတ်ပ ဟုတ်ပ "

"ဟဲ့..ဟဲ့...ကလေးတွေ...
စားရင် ဒီမှာအဝစားသွားကြ အိမ်ကိုသယ်တာ
ဘာညာမလုပ်နဲ့ ပိုရင် အကုန်ဝေမှာ "

အိုးသူကြီးတွေ ဟင်းလောက်မလောက် လိုက်လံ
ကြည့်ကြသည်။
ထမင်းပေါင်းသူတွေမှာလည်း လက်မလည်ကြ။
ရှေ့ကကျွေး နောက်ကချက်နှင့် အလှူကတော့
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။

"ဟဲ့...ပွဲခင်းထဲမယ် ပေါက်ပေါက်ကြဲနေတယ်တဲ့
တော့်...ပိုက်ဆံတွေလဲပါတယ်တဲ့ သကြားလုံး
တွေကော..ကလေးအုပ်စု ဝုန်းဒိုင်းကိုကြဲနေကြ
တာပဲ လုကောက်နေကြတာ"

"ဟေ့..သာဂိ..ဒီဝိုင်းကို ငါးခြောက်ထောင်း
ဖြည့်ပေးပါဦး...ဟင်းခါးလေးကော..."

"ဒီဘက်ဝိုင်း ပဲချဥ်ကုန်နေပြီဗျို့ "

"ရမယ်..ရမယ်...."

ထမင်းကျွေးသည့် မဏ္ဍပ်ထဲ စားသူသောက်သူနှင့်
အကျွေးမွေး ဧည့်ခံသူတွေ ခြေချင်းလိမ်နေကြသည်။

ညနေလေးနာရီမှာ ရှင်လောင်းလှည့်မည်။
မောင်ရှင်လောင်းတွေ အဝတ်စားလဲ ဖီးလိမ်း
ပြင်ဆင်နေကြပြီ။
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်မည့် အပျိုချော
တို့ အလှပြင်နေကြပြီ။
ကာလသားတစ်သိုက် မောင်ရှင်လောင်းလှည့်မည့်
မြင်းတွေ အသင့် ပြင်ထားကြပြီ။
နားသ အတွက် လှည်းယာဥ်တွေ အသင့် ဆင်ပြီး
ကြပြီ။
မိုက်မိုက်နှင့် ငယ်ထွေး နေ့လည်သုံးနာရီမှာ ဆေးရုံ
ကထွက်လာသည်။
ငယ်ထွေးက မြလေးအိမ်ဘက် ထွက်သွားပြီး
မိုက်မိုက်ကတော့ ဘုန်းကြီးကျောင်းသို့ သွားသည်။
သူရိန်က အလှူမဏ္ဍပ်ထဲ ကင်မရာတစ်လုံးနှင့်
အလုပ်ရှုပ်နေသည်။
စကားဖြူတို့သမီးယောက်မနှစ်ယောက် ဘုန်းကြီး
ကျောင်း ဓမ္မာရုံထဲ ဧည့်သည်တချို့နှင့် စကား
ပြောနေကြသည်။

ပုဝါပါးလေး စွန်းမှာဆိုးOnde histórias criam vida. Descubra agora