"မှတ်စုစာအုပ်"

2 0 0
                                    

တစ်ခါတစ်ခါ ကျမစိတ်တွေလွတ်ထွက်သွားပြီး နားကြပ်နှစ်ဖက်ကိုတပ်ပြီးအသံကုန်ချဲ့ပြီး အသံကုန်သီချင်းတွေအော်ဆိုမိတယ်။ပတ်ဝန်းကျင်ဟာ ရုတ်ချည်းပျောက်ကွယ်သွားသလိုကျမစိတ်ထဲတွင် ထင်နေမိတယ်။ကျမဘာကိုမှမသိတော့ဘူး။ကမ္ဘာတစ်ခုတည်းကိုရောက်သွားသလိုပဲ။နားကြပ်တပ်ထားရင် တစ်ခုခုကခေါ်နေသလိုလိုအမြဲကြားနေရတယ်။အဲ့တာလူတွေမဟုတ်ဘူးဆိုတာကျမသိတာပေါ့။တစ်ခြားကမ္ဘာကလူတွေက ကျမတို့ကိုဆက်သွယ်ချင်နေကြတယ်လေ။ကျမတို့နားကြပ်တပ်ပြီးသီချင်းသံအကျယ်ကြီးချဲ့ထားတဲ့အခါသူတို့က ကျမတို့ရဲ့နာမည်ကိုလှမ်းလှမ်းခေါ်တတ်တယ်လေ။တစ်ခါတစ်ခါတော့ခပ်တိုးတိုး၊တစ်ခါတစ်ခါကျယ်ကျယ်လောင်လောင်စူးစူးဆက်ဆက်။

ကျမဟာအသိစိတ်ပြန်ဝင်လာဖို့ရှားတတ်တယ်။လူတစ်ယောက်ယောက်ကကျမနေတဲ့အခန်းထဲကိုဝင်ရောက်လာမှသာအသိစိတ်ဟာပြန်စွဲကပ်တော့တယ်။ရောက်မလာမခြင်းအတွေးထဲမှာမျောနေချင်လဲမျောနေနိုင်ပြီး၊အတိတ်ကိုလဲပြန်ရောက်နေတတ်တယ်။မိုးရွာနေတဲ့အတိတ်လဲဖြစ်ချင်ဖြစ်နိုင်တယ်။နေသာယာနေတဲ့အတိတ်လဲဖြစ်ချင်ဖြစ်နိုင်တယ်သလိုစိတ်ဒဏ်ရာတွေအများကြီးရခဲ့တဲ့အတိတ်ကာလလဲဖြစ်ချင်ဖြစ်နိုင်သေးတယ်။ကျမ စိတ်ကူးထဲမှာစီးကရတ်ကိုသောက်ကြည့်တယ်။သောက်ကြည့်ရ‌သလောက်ကတော့အင်မတန်ကောင်းလွန်းတယ်။ဒါတောင်စိတ်ကူးနဲ့မဟုတ်လား။ရှင်တို့ကတော့ကျမကိုဘာစကားတွေပြောနေတာလဲပေါ့။ဒါကျမဖြစ်နေတာတွေလေ။

တစ်ခါတစ်ခါ ပျော်ရွှင်ခဲ့ရတဲ့အတိတ်ကိုရောက်သွားရင်လဲ ကျမထထရယ်မိပြန်တယ်။မိသားစုတွေအဲ့တုန်းကသိပ်ကိုစုစုစည်းစည်းရှိခဲ့တဲ့နေ့တွေမှာဆိုရင်ကျမစိတ်လွတ်ကိုယ်လွတ်ပျော်ခဲ့ရစမြဲပဲ။ခုများတော့ကျမ မျက်ရည်နဲ့ရက်ပဲ။

ကျမဘာကြောင့်မျက်ရည်နဲ့ရက်ဖြစ်ခဲ့ရတယ်ထင်သလဲ။ပထမက ဖေဖေပြီးတော့ကျမမိသားစုဝင်တွေ။အဲ့ဒီနောက်ကျမက ထပ်ဆုံးရှုံးဖို့ခံနိုင်ရည်မရှိသေးဘူး။ကျမတုန်လှုပ်နေခဲ့တယ်လေ။ရှင်တို့ဆိုရင်ရော..ကဲပြောကြည့်စမ်းပါလား။ရှင်တို့ချစ်တဲ့သူတွေဟာရှင်တို့ဘဝထဲရက်စွဲတွေထဲကနေပျောက်ကွယ်ကုန်ရင်ရှင်တို့ဘယ်လိုဖြစ်မလဲ။ပျော်နေမလား။ကျမကတော့မထင်ပါဘူး။ဟား..ဟား။

ဘယ်သူထင်မှာလဲ ကျမနိုးထနေကြနေရာဟာအသစ်ဖြစ်လာမယ်လို့။ကျမတို့အိမ်ပဲပေါ့။မိသားစုဝင်တွေတစ်စုတစ်စည်းတည်းရှိခဲ့တဲ့ဟောဒီအိမ်ကိုထပ်ဆုံးရှုံးရမယ်ဆိုသတဲ့။အဲ အဲ့တာမေမေကပြောတာ။ကျမတို့အိမ်ကဖေဖေထွက်သွားကတည်းကပေါင်ထားသတဲ့။အတိုးတွေတက်လာလို့မပေးနိုင်တော့ဘူးတဲ့။ဘုရား..ဘုရား။ကျမဘဝမှာ ဟောဒီလောက်အဆိုးမျိုးမကြုံဖူးပေါင်။ဘာတွေဖြစ်နေတာလဲ။

ကျမအိမ်ကိုပါကျမဆုံးရှုံးခဲ့ရပြန်တယ်။ကျမခံနိုင်ရည်မရှိပါဘူး။ငိုပဲငိုရတာပေါ့။ဘာတတ်နိုင်မှာလဲ။မေမေကတော့ကျမရှေ့မငိုဘူးတော့။အခန်းတံခါးပိတ်ပိတ်ပြီးခိုးခိုးငိုတာ။ငိုပါစေပေါ့လေ..သူလဲငိုဖို့လိုအပ်တယ်မဟုတ်လား။

ကျမအဲ့သလိုတွေဆုံးရှူံးပြီးတော့ကျမ ရူးချင်သလိုဖြစ်ချင်လာတယ်။ကျမ မရူးဘူးနော် မရူးဘူး။ကျမသိချင်တယ် ကျမတစ်ခါတစ်ခါငိုရင်းနဲ့ရယ်ပြန်တယ်။တစ်ခါတစ်ခါကျမမှန်ရှေ့မှာငိုမိတဲ့အခါမှန်ထဲမှာပေါ်နေတဲ့ကျမမျက်နှာကိုကြည့်ပြီးတော့ခွက်ထိုးခွက်လန်ရယ်မိပြန်တော့တယ်။ဟား..ဟား။ရှင်တို့ကိုပြချင်ပါတယ်။

ကဲ...ကျမဒီနေ့လဲနားကြပ်တပ်ပြီးသီချင်းတွေအော်ဆိုနေပြီးတော့အတိတ်ကိုပြန်သွားနေထိုင်လိုက်ဉီးမယ်။ဘယ်လိုသွားမလဲဆိုတော့မှတ်စုစာအုပ်ကိုလှန်ပြီးမှတ်တမ်းတင်ခဲ့တဲ့နေ့တွေကိုစိတ်ကူးပြန်ယဉ်ပြီးတော့ပေါ့။တာ့..တာ။

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

"မှတ်စုစာအုပ်"Where stories live. Discover now