Part - 28 ( U + Z )

9.6K 436 100
                                    

Unicode

ညသန်းခေါင်းယံထွက်ပေါ်လာသော အရေးပေါ်ကား၏ အသံများသည် ဆူညံလျှက်ရှိသည် ။ ကားပေါ်တွင် သွေးများဖြင့် လျဲလျောင်းနေသည့် တင်မမမောင် ။ ဦးခေါင်းမှ စီးကျလာသည့် သွေးများသည် မြင်ရက်စရာမကောင်းပေ ။

"တင်မမ ကို ဖုန်းခေါ်လို့ရလား ဝတ်ရည်"

"မရဘူးဆရာ ။ ဝတ်ရည်‌ ခေါ်နေတာ ဖုန်းလုံးဝမကိုင်ဘူး"

မကြာမှီဝတ်ရည်ထံသို့ တင်မမမောင် ၏ဖုန်းဝင်လာသည် ။

"ဟယ်လို! မမ! အခုဘယ်ရောက်နေတာလဲ ဝတ်ရည်တို့ မမ ကိုစိတ်ပူ .."

" ... "

"ရှင်!!! ဟုတ်! ဟုတ်ကဲ့! အခုလိုက်လာခဲ့ပါမယ်"

"ဘာဖြစ်တာလဲ ဝတ်ရည်! တင်မမ ဘာဖြစ်လို့လဲ"

"မမ ကား accident ဖြစ်လို့ဆရာ! ဝတ်ရည်တို့ Royal Asia ကိုလိုက်သွားရမယ်"

ဟိုတယ်ရှိ ဧည့်ကြိုကောင်တာတွင် ဆု အပါအဝင် ဦးမင်းသန့် တို့ဇနီးမောင်နှံ နှင့်အတူ ဦးတင်မောင် နှင့် အတွင်းရေးမှူး ဝတ်ရည် တို့ထိုင်နေကြသည် ။

ဆု ကတော့ ကြိုးဖြင့်စည်းနှောင်ခံထားရသည့် ဒဏ်ကြောင့် လက်တွင် ဒဏ်ရာအနည်းငယ် ရထား၏ ။

တင်မမမောင် ၏ ဖုန်းဝင်လာပြီးနောက် ချက်ချင်းပင် Royal Asia လို့လိုက်သွားကြသည် ။

ဆေးရုံ၏ အရေးပေါ်ခန်းထဲရှိ ကုတင်ပေါ်တွင် သွေးအိုင်များကြား သတိမေ့နေသည့် တင်မမမောင် ။ သူ၏ ဘေးတွင်တော့ Royal Asia ၏ ဆေးရုံအုပ်ကြီး ဒေါ်က်တာမြမှူးခက် ။

ဒေါ်က်တာမြမှူးခက် သည် တင်မမမောင် တို့ မိသားစု၏ မိသားစုဆရာဝန် တစ်ဦးလည်းဖြစ်သည် ။

တစ်ဖြေးဖြေးကျသွားသော နှလုံးခုန်နှုန်းကြောင့် ဒေါ်တာမြမှူးခက် ချွေးပြန်ရလေ၏ ။ ဦးခေါင်းမှ စီးကျလာသည့် သွေးများသည် မြင်ရက်စရာမကောင်းပေ ။

မကြာမှီ Royal Asia သို့ ဦးတင်မောင် တို့ရောက်ရှိလာကြပြီး အရေးပေါ်ခန်းရှိရာသို့ ဦးတည်လာခဲ့ကြသည် ။ မှန်အပြင်မှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆု ၏ခြေလှမ်းတွေယိုင်န‌ဲ့သွား၏ ။

Mommy Wife (Completed)Où les histoires vivent. Découvrez maintenant