ပြသာနာက ညအိပ်ရာဝင်ကာမှ စလေသည်...
အခန်းတွင်း၌ ကုတင်ပိုထည့်ထားသည်ကို ကိုကိုကရှုပ်သည်ဟု ဆိုလာသောကြောင့် အပြင်ဘက်သို့ထုတ်ထားပြီး ယခုအခန်းအတွင်းတွင် ကုတင်တစ်လုံး သာ ရှိတော့၏...ဆေးရုံ ခန်းသည် VIPခန်း ဖြစ်သည်မို့ luxury condo တစ်ခုကဲ့သို့ပင် ဆင်တူနေပေ၏...ဆေးနံ့သာ မရှိလျှင် ဆေးရုံ အငွေ့အသက်ကို ခံစားရမည် မဟုတ်ချေ...
ဆေးရုံ၏ ဧည့်ခန်းသို့သွားအိပ်ရင်ကောင်းမလား ဟု စဉ်းစားရင်း ခခလည်း အခန်းအပြင်ဘက်သို့ ခြေလှမ်းများက ဦးတည်နေလေပြီ...
" ဘယ်သွားမလို့လဲ "
" ဧည့်ခန်းကို သွားမလို့ "
" ဘာသွားလုပ်မလို့လဲ "
" သွားအိပ်မလို့...ကိုကို "
" ဒါက ဘာလဲ ...ဒီမှာလာအိပ်တော့ "
" ဟုတ်...ကိုကို "
ကိုကိုက ကုတင်အား လက်ဖြင့်ပုတ်ပြပြီး အိပ်ခိုင်းနေသည်မို့အဖြေအမြန်ပေးရင်း ကုတင်ပေါ်သို့ တက်လာလိုက်သည်...
ကုတက်ပေါ်သို့ တက်လာသော ကောင်လေးအား
ဘုရင့်၏ ရင်ခွင်ထဲသို့ ထည့်ကာပွေ့ဖက်လိုက်သည်...
ဟင်! ကိုကို...
လန့်သွားသော ကောင်ငယ်လေး က ရုန်းကန်လာ
ခြင်း မရှိသည့်အပြင် ဘုရင့်၏ ခါးအားဖက်တွယ်
လိုက်ခြင်းကြောင့် ပြုံးမိသွားသည် ....ဘုရင့်၏
ခန္ဓာကိုယ်မှ ဒဏ်ရာများက သတိမေ့နေသော
တစ်ပတ်အတွင်း အတော်အတန် ပျောက်ကင်းနေ
ပြီမို့ ထို့သို့ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်နိုင်ခြင်းဖြစ်
သည်...ဦးခေါင်းမှ ဒဏ်ရာက မပျောက်သေးသည်မို့ ဆေးရုံ က မဆင်းရသေးခြင်း ဖြစ်
သည်...
ချစ်စရာကောင်းသော မျက်နှာကလေးဖြင့် ဘုရင့်
၏ အရိပ်အကဲကို ကြည့်ကာ အမှားလုပ်မိမှာစိုးနေ​သော ကောင်ငယ်လေး...ထိုကောင်ငယ်လေး အမှားလုပ်မိလျှင် သူက အပြစ်မြင်မည် မဟုတ်ချေ...သူ့၏ မှတ်ဉာဏ်ထဲတွင် ထိုကောင်လေးအား လုံးဝမမှတ်မိချေ...ဦးမင်းအာဏာ သေဆုံးပြီး သူလည်းဥက္ကဋ္ဌ တာဝန်များကို ယူရခြင်းကို မှတ်မိသည်...
လေယာဉ်ပျက်ကျခြင်းအကြောင်းကို လုံးဝမမှတ်မိပေ...အထူးသဖြင့် အပြန်ခရီးစဉ် တွင် လေယာဉ် ပေါ်စတက်ကတည်းက အကြောင်းကို မမှတ်မိခြင်းဖြစ်သည်...ဒါပေမယ့် ထိုကောင်
လေးသည် ဘုရင်စိတ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသူ ဖြစ်သည်ဟု ထင်မိ၏... အကြောင်းကား ယနေ့သတိရလာသော တစ်နေ့လုံး ထိုကောင်ငယ်လေး အား မျက်လုံးအောက်မှ ပျောက်သွားလျှင်တောင် စိတ်အလိုမကျမှုများ ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်...
အသက်ရှုမှန်မှန်လေး ဖြင့် သူရင်ခွင်ထဲတွင်အိပ်
ပျော်နေသော ကောင်လေး၏ ခေါင်းလုံးလုံးလေး ကိုနမ်းရှိုက်ရင်း ရလာသော လိမ္မော်သီး နံ့လေးက  စိတ်ကို ကြည်နူးလန်းဆန်းစေ၏...
ထိုသို့နမ်းရှိုက်ခြင်းသည့် ဘုရင့်အတွက်ကတော့
ပုံမှန်ပြုလုပ်နေကျ အပြုအမူ လို ခံစားမိသည်...
အိပ်နေရင်း သူ့ရင်ခွင်ထဲကို ပိုမိုတိုးဝင်လာသော
ကောင်ငယ်လေး...အအေးကြောက်သည့်မို့
အနွေးဓာတ်ရှိသည့်ဘုရင့်၏ရင်ခွင်ထဲသို့ ပိုမိုတိုး
ဝင်လာခြင်း ဖြစ်ပေ၏...
ချစ်ဖို့ကောင်းလိုက်တာကွာ!
ထိုသို့ ရင်အေးရာ လေးက သူ့အပိုင်လေးတဲ့လား...
ခြေရင်းရှိစောင်အား လှမ်းဆွဲကာ သူတို့နှစ်ဦး၏
အပေါ်သ်ို့လွှမ်းခြုံလိုက်၏...ထို့နောက်တွင် ရင်ခွင်ထဲက အနွေးလုံးလေးကို ပွေ့ဖက်ကာ အိပ်စက်ခြင်းဆီသို့ ရောက်ရှိသွားတော့သည်...

Only One Limited Edition (Completed )Where stories live. Discover now