အပိုင်း ငါး (ဇာတ်သိမ်း)

Start from the beginning
                                    

လိင်တူအချစ်ကို အဆိပ်အတောက်လို့ ပြောနေကြမယ်ဆိုရင်တောင် ၊ ဒီအသက်အရွယ်နဲ့ မစဉ်းစား မဆင်ခြင်လိုက်တာလို့ ဝေဖန်နေကြမယ်ဆိုရင်တောင် ၊ မူပိုင်ဆိုတဲ့ အမျိုးသမီးလေးကိုပဲ ရွေးချယ်နေမိမှာပါ။ အရာရာကို ပုံအောလို့ သူမရဲ့ အရာရာတိုင်းမှာ အတူရှိချင်မိသည်။

သေရဲတယ်ဆိုတာ ချစ်လို့ဖြစ်သလို ၊ ရှင်သန်ရဲတာကလည်း ချစ်လို့ပါ။ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းတွေဟာ မူပိုင်ဆိုတဲ့ အမျိုးသမီးလေးဆီမှာ ထပ်တူကျနေခဲ့တာ။ ဘဝနဲ့ရင်းလို့ အလောင်းအစားကြီးမဲ့ ကစားပွဲဆိုရင်တောင်မှ နှလုံးသားကို ယုံကြည်ပြီး မျက်စိစုံမှိတ် ကစားလိုက်မှာပါ ၊ ဒါဟာ သူမကို ချစ်လို့။

~ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ် ~ ဒါအချစ်လို့ခေါ်မလား ~ ကိုယ်မသိခဲ့ပြီ ~ ရင်ခွင်ထဲသို့ ~

" ဒါလင် "

" ချစ်တယ် ဒေါ်မြရံခြယ် "

စီးကျလာသော မူပိုင်ရဲ့ မျက်ရည်ကြည်များ။ ထိုမျက်ရည်များသည် နှလုံးသားအား အပြင်းအထန် နာကျင်စေသည်။

" ဘာလို့ငိုတာလဲ "

" ကြောက်လို့ "

" ဘာကိုကြောက်တာလဲ "

" ခင်ဗျား ပျောက်ကွယ်သွားမှာကို "

" အိုကွယ် "

အငိုသန်လေးကို ဖက်ထားလိုက်ရင်း ထပ်တူမျက်ရည်ကျခဲ့မိသည်။ ချစ်ရသူရဲ့ ကြောက်လန့်နေပုံဟာ ပို၍ရှင်သန်ချင်လာအောင် တွန်းအားပေးနေ၏။ သို့သော် မဖြစ်နိုင်ခြင်းတွေဟာ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပေ။

" ဘယ်လိုလုပ်ရပါ့မလဲ ၊ ဘယ်လိုလုပ်ပေးမယ်ဆိုရင် ထာဝရအထိ အတူရှိသွားနိုင်လဲ။ ကျုပ်ကို ပြောစမ်းပါ ခင်ဗျားရယ် "

" မငိုပါနဲ့တော့ကွယ် "

အဖြေမရှိသော မေးခွန်းအတွက် စိတ်အေးစေမဲ့ အလိမ်အညာတွေလည်း မပြောချင်ခဲ့ပါ။ ကိုယ်တိုင်တောင် ဘယ်လောက်အထိကြာကြာ ရှင်သန်ရမှန်း မသိတာမို့ ရှိနေနိုင်သလောက်တော့ ရှိသွားချင်မိသည်။ ဒီစိတ်လေးပါပဲ ၊ ဒီဆန္ဒကိုပဲ နှလုံးသွင်းရင်း ပျောက်ကွယ်သွားချင်တာမို့ပါ။

မူပိုင် [အတွဲ နှစ်]Where stories live. Discover now