သူက သူ့နာမည်အား ရှေ့စားပွဲခုံသို့ သတင်းပို့ပြီးနောက် ဓာတ်လှေကားဆီသို့ ပို့ခံလိုက်ရသည်။ မည်သူမျှ သူ့ကို လုံးဝ သံသယမဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာဖြင့် အနုပညာရှင်အသစ်ဖြစ်လာရန် ဖြစ်နိုင်ခြေများစွာရှိသည်။ ပိုင်ကွမ်း ၀န်ထမ်းများက လူအများအား သူတို့၏ပုံပန်းသွင်ပြင်များနှင့် ပတ်သက်၍ လုံးဝမခွဲခြားပေ။ ကြိုတင်ရက်ချိန်းနှင့် နည်းလမ်းကျသော အကြောင်းပြချက်များကြောင့် လူတိုင်းကိုတန်းတူဆက်ဆံသည်။

ထိုကဲ့သို့သော ကုမ္ပဏီတစ်ခုတည်းကသာ ထိုနယ်ပယ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပြီး အောင်မြင်ကြီးပွားနိုင်သည်။

ယနေ့ခေတ်တွင် ဖျော်ဖြေရေးလုပ်ငန်းက အုတ်ရောကျောက်ရောဖြစ်နေသည်။ ကုမ္ပဏီကြီးများနှင့် ကုမ္ပဏီငယ်များမှ လိမ်လည်သူများစွာလည်း ရှိကြသည်။ သူတို့ အစစ်အမှန်ဖြစ်စေ၊ အတုဖြစ်စေဖြစ်စေ သူတို့ကိုယ်ကိုဆုံးဖြတ်ရန် လူတိုင်းအပေါ် မူတည်သည်။ အဆင့်သတ်မှတ်ချက်အကြောင်းကို အမှန်တကယ်ပြောလိုလျှင် အကယ်၍ ပိုင်ကွမ်းဖျော်ဖြေရေးက ဒုတိယဖြစ်သည်ဟု ဆိုကြပါက မည်သူမျှ ပထမနေရာကို မယူဝံ့ကြေပေ။ ပိုင်ကွမ်းက သက်တမ်းရင့်ကာ လုပ်ငန်းများစွာတည်ထောင်ထားသော စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပြီး ကုမ္ပဏီစနစ်မှာ အလွန်စနစ်ကျသည်။ စူပါစတားများနှင့် အနုပညာရှင်အမြောက်အများက သူတို့ နာမည်စာတန်းအောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ကုမ္ပဏီ၏ ကြယ်ပွင့်များမွေးထုတ်ရေး စွမ်းရည်မှာ အလွန်အားကောင်းသည်။ သူတို့နှင့်အတူ လက်မှတ်ထိုးခြင်းက အောင်မြင်မှုအတွက်အာမခံချက် မဟုတ်ပေ။ သို့သော် အနည်းဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်နေသရွေ့ အခွင့်အလမ်းများရှိလိမ့်မည်။

ကောင်းမွန်သည်ဟု စဉ်းစားနိုင်သည့် နောက်ထပ်ကုမ္ပဏီတစ်ခုမှာ စွန်းကျန့်အန်းကို လက်မှတ်ရေးထိုးခဲ့သော ကျင်းအန်းဖျော်ဖြေရေးဖြစ်သည်။ သူ့အား စီးပွားရေးလုပ်ငန်းသစ်တစ်ခုအဖြစ် သတ်မှတ်မရပေ။ သူ့တွင်လည်း ထိုနယ်ပယ်ထဲ၌ နာမည်သတင်းကောင်း ရှိသည်။ သူတို့ထံမှ အနုပညာရှင်များကလည်း အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့ကြသည်။ မူရင်းဇာတ်လမ်းအရ ထိုကုမ္ပဏီကအကြီးစားစူပါစတားဇာတ်ကောင်ရှို့ကို ခေါ်ယူခဲ့သောကြောင့် ပိုင်ကွမ်းဖျော်ဖြေရေးထက် ကျော်လွန်ကာ သူတို့အားလုံးကို လွှမ်းမိုးလာလိမ့်မည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Hikayelerin yaşadığı yer. Şimdi keşfedin