ကုတင်ထက်တွင် လဲလျောင်းနေသော ကိုကို၏
ခန္ဓာကိုယ်တွင် လူနာဝတ်စုံက နေရာယူနေတာ
တောင် ချောမောနေဆဲသာ... မျက်နှာထက်က
ဒဏ်ရာများကလည်း ချောမောမှုအား မဟန့်တား
နိုင်သည့်အလားပင် ဖြစ်နေသည်...ဦးခေါင်းတွင်
လည်း ပတ်တီးတစ်ခုက နေရာယူထား၏..
ကိုကို့၏ အသက်အန္တရာယ် က စိတ်ချရပြီမလို့
တော်သေးပါသည်...တစ်လကျော်ရင် ကိုမာ
အဖြစ်သတ်မှတ်မှာမလို့ ကိုကို့ ကလေးလေးအ
တွက်မြန်မြန်နိုးလာရမယ်နော်...ခခက ကိုကို့
ကလေးလေး နဲ့အတူ စောင့်နေတယ်... သိလား...
ကိုကို၏ အကြောများ ထင်းနေသော လက်ဖမိုး
လေးအား ဖွဖွလေး ဆုပ်ကိုင်ကာ စိတ်ထဲမှ စကား
များ ပြောနေမိခြင်း ဖြစ်ပေသည်...
ကိုကို့၏ ကိုယ်ရံတော် ခေါင်းဆောင် ပြောသော စကားများအား ပြန်လည် ကြားယောင်မိသည်...
ကိုကို တစ်ယောက်ထဲသာ ဒဏ်ရာ အများဆုံးဖြစ်
ပြီး သတိမရသေးခြင်း...ကျန်သူများ အာလုံး
ဒဏ်ရာ အနည်းငယ် သာ ရကြသည်...
ကိုကို့ လို ဒဏ်ရာများသူ နောက်တစ်ယောက်
လည်းရှိပေ၏...ထိုသူကား မြောက်ပိုင်းဒေသ ၏
သခင် နယ်မြေအရှင် တဖြစ်လည်း ခခ၏ အစ်ကို
ဖြစ်ပေသည်... ထိုသူနှစ်ယောက် အား လေယာဉ်
ပေါ်တွင် ချန်ခဲ့ကာ လေထီးဖြင့် ခုန်ဆင်း ခိုင်း
သည်မလို့ အခြေအနေအရပ်ရပ်အား မည်သူမျှ တိတိကျကျ မပြောနိုင်ကြချေ...ထိုနှစ်ယောက်စလုံး လေယာဉ်ပေါ်မှ ခုန်ဆင်းသည်နှင့်လေယာဉ်
ဟာ ပျက်ကျသွားခြင်း ဖြစ်သည်...
" အစ်ကီုလေး "
တံခါးပြင်ဘက်မှ ခေါ်သံကြောင့်သာ ခခ အတွေးစပြတ်သွားရသည်...
" ဖုန်းပြောချင်လို့တဲ့ "
ခခဖုန်းကို ယူကာ နားထောင်ပြီးသည်နှင့် အခန်း
တွင်းသို့ ပြန်မဝင်ဘဲ ဆေးရုံက အဝင်ဝသို့ ရောက်လာတော့ ကိုယ်ရံတော်များလည်း ပါ
လာ၏....
" အစ်ကိုလေး... ဘယ်သွားမလို့လဲ အန္တရာယ်များ
ပါတယ် "
" စိတ်ချပါ... ကျွန်တော် ပြန်လာခဲ့မယ်... ခဏပဲ "
ပြောပြီးပြီးချင်း ဆေးရုံ အဝင်ဝရှေ့ထိုးရပ်လာသောကားအနက်ပေါ်သို့ တက်ခဲ့တော့သည်...
နောက်မှ ကိုယ်ရံတော်များ သည်လည်း စိုးရိမ်စိတ်တစ်ပွေ့တစ်ပိုက်ဖြင့် ကျန်ခဲ့ကြရသည်...

ခခ ရောက်ရှိလာသည့် နေရာက ဆေးရုံနှင့် သိပ်မ
ဝေးသည့် အဆင့်မြင့် အိမ်ရာ တစ်ခု ဖြစ်ပေ၏...
အိမ်အောက် စင်ဝင်ရှေ့ ရောက်သည်နှင့် လမ်းပြသူ နောက်မှ လိုက်ရင်း အိပ်ခန်း တံခါးဝသို့ ရောက်ရှိလာပြီး ထိုသူက လှည့်ပြန်သွားကာ ခခကိုသာ ဝင်စေ၏...
အခန်းတွင်း ဝင်လိုက်လျှင် ပထမဆုံး က ဆေးရုံနံ့
ကို ဦးစွာရလိုက်သည်....မြင်လိုက်ရသည်က ကု
တင်ထက်တွင် လဲလျောင်းနေသော အမျိုးသားတစ်ဦးနှင့် ဖေဖေထက် အသက်ကြီးပုံရသော အမျိုးသားတစ်ဦးက ထိုင်နေပေသည်...ခခကို ဖုန်းဆက်တာ ထို ဦးလေကြီးပေါ့...
" ရောက်လာပြီလား... တူလေး "
" ဟုတ်ကဲ့ "

Only One Limited Edition (Completed )Where stories live. Discover now