Part - 4 ( Uni )

997 103 1
                                    

အပိုင်း - ၄

စကားသံအဆုံးတွင် နှစ်ယောက်သားနပန်းလုံးကြလေတော့၏။
မလတ်အိမ်မှာ အထည်လာဝယ်သူတွေလည်း ဟိုလူ့ကိုဆွဲပါဟဲ့ ဒီလူ့ကိုဆွဲပါဟဲ့နှင့် ရန်ပွဲဖျန်ဖြေသူတွေဖြစ်ကုန်ရတော့သည်။

အဆုံးသတ်အနေဖြင့် ရွာ၏စည်းကမ်းအရ ရန်ဖြစ်သူများသည် သူကြီး၏ ရွာရန်ပုံငွေအတွက် တစ်ယောက်ကိုဒဏ်ငွေတစ်သောင်းဆောင်လိုက်ရတော့၏ ။

*
*
*
*
*
*
*
*

" မင်းနှယ် ကလေးမဟုတ်သူငယ်မဟုတ် စိန်မမနဲ့တွေ့တိုင်း
ရန်ဖြစ်မနေနဲ့ ။ လူကြားလို့မကောင်းဘူး "

" လူကြားကောင်းရအောင် သာယာချိုအေးဓမ္မတေးဆိုနေတာမှမဟုတ်တာတော် ။ ဘယ်သူ့ဂရုစိုက်ရမှာလဲ ။ ဒီကောင်မကို
ရှေ့ရက်ထဲက အစာမကျေဘူးဖြစ်နေတာ အခုလိုရန်ဖြစ်လိုက် ရမှ နေသာထိုင်သာရှိသွားတာတော်ရေ ။ ဖြစ်နိုင်ရင် ဒဏ်ငွေတစ်သောင်းထပ်ပေးပြီး ပါးကိုနောက်တစ်ချက်လောက်ရိုက်ခဲ့ချင်သေးတာ "

" မဟုတ်ပါဘူးခင်ရယ် ။ မင်းနဲ့စိန်မမက ငယ်သူငယ်ချင်းတွေမဟုတ်ဘူးလား ။ တစ်ယောက်နဲ့တစ်ယောက် အညှိုးအတေးတွေနဲ့မုန်းနေရအောင် တစ်ယောက်စီးပွားတစ်ယောက်ဖျက်ထားတာလဲမဟုတ်ဘူး ။ ဘာလဲ ကိုသာမောင်ကိုမရလိုက် လို့ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေတာလား။
ကိုသာမောင်ကဖြင့် ဟိုဘက်ရွာသူနဲ့အိမ်ထောင်ကျပြီး ကလေးတောင်ငါးယောက်မွေးထားပြီ မင်းတို့က ရန်ဖြစ်ကောင်းနေတုန်း ဟား! ဟား! ဟား! ဟား! "

တစ်ရွာထဲသားငယ်မွေးခြံပေါက်ဖြစ်ခဲ့သည့် ကလေးတွေအဖေက ကိုယ်တွေရဲ့ငယ်ဘဝအကြောင်းကို အူမချေးခါးမကျန် အလုံးစုံသိထားသူလည်းဖြစ်၏။ ဒါကြောင့်ပဲ ဟိုတစ်ယောက်နဲ့ကိုယ်ပြဿနာတက်တိုင်း အတိတ်ကအကြောင်းတွေကို ပြန်ပြောရင်း ရီရီမောမောဖြင့် စနောက်တတ်သေးသည်။

" ရှင့်မလဲနော် တဆိတ်ရှိဒါပဲလာလာခလုတ်တိုက်နေတယ်။
ငယ်ငယ်ကကိစ္စတွေအတွက်နဲ့ ကျုပ်ကိုများညှိုးနေသလားပဲ"

" ကလေးတောင် သုံးယောက်ရပြီးနေမှ ငယ်ငယ်က ကိစ္စတွေအတွက် ညှိုးစရာလား ။ အမှန်တော့ မင်းနဲ့စိန်မမရန်ဖြစ်
တိုင်း ရီစရာကောင်းနေလို့ စမိတာပါ။ ဒါနဲ့လေ အမှန်တရားတစ်ခုတော့ မင်းသိအောင်ပြောပြရအုံးမယ်။ တကယ်လို့များ
မင်းတို့နှစ်ယောက်ထဲကတစ်ယောက်ယောက် ကိုသာမောင် နဲ့အိမ်ထောင်ကျခဲ့ရင် မွေးလာတဲ့ကလေးတွေက ကိုယ်တွေကလေးတွေလို လွှတ်ချောမှမဟုတ်လေဘူးကွယ်။ အခု ကိုယ်တို့ဆိုလဲ သမီးလေးနှစ်ယောက်က အလှပေါ်အယဉ်ဆင့်လွန်းလို့ ဘေးရွာကသားရှင်တွေတောင် မျက်စိကျနေတာမဟုတ်လား။ စိန်မမသားနဲ့ကိုယ်တွေသားငယ်ကိုကြည့်အုံးမလား။ အိမ်ကသားက မင်းနဲ့တူလို့အသားလေးညိုတာကလွဲရင်
တကယ့်ကိုလူချောလေး။ စိန်မမသား ကိုဟိန်းဆိုလဲ မသိရင်
မြို့သားလားထင်ရတယ်။ အသွေးအမွေးက ကိုယ်တွေဘက် ကရွာသားတွေနဲ့ကွဲထွက်နေတာ။ ကိုသာမောင်တို့မွေးထားတဲ့ကလေးတွေက ကိုယ့်ကလေးတွေကိုမမှီတာအမှန်ပဲ။ ဒါတွေကို ပြန်တွေးပြီး အတိတ်ကကိစ္စတွေကိုသင်ပုန်းချေလိုက်ပါတော့လား"

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Nơi câu chuyện tồn tại. Hãy khám phá bây giờ