ခုန်ပေါက်သွားလာနိုင်သော ဖုတ်ကောင်များက အနက်ရောင် ဖုတ်ကောင်များမှ ဆင့်ကဲပြောင်းလဲ ထားခြင်းဖြစ်သည်။

ထိုခုန်ပေါက် ဖုတ်ကောင်က ချီချန်းချင်း ဖြစ်နိုင်သည်ဆိုသော အချက်က သူမအနေဖြင့် ၉၀ ရာခိုင်နှုန်းအထိ သေချာသည်။ သူက အစပိုင်းကတည်းက ဖုတ်ကောင် ဖြစ်ပြီးသားဖြစ်သည်။ သို့သော ထွက်‌ပြေးသွားပြီးနောက် လူသွေးကို စုပ်နိုင်ခဲ့လေရာ သူက ခုန်ပေါက် ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားလောက်သည်။

အချိန်နေနှင့် အချိန်ခါကသာ အဆင်ပြေလျှင် ချီချန်းချင်းပျံသန်းနိုင်သော ဖုတ်ကောင်အဖြစ်ပင် အဆင့်တက်နိုင်လောက်သေးသည်။

နင်မုန့်က ကူညီရာမဲ့စွာဖြင့် မျက်မှော်ကြုတ်လိုက်သည်။ သူမက ထိုအကောင်ကိုသာ မကြာခင် အချိန်အတွင်း အထိန်းသိမ်းနိုင်လျှင် အနာဂတ်တွင် ဖြစ်ပျက်လာမယ့် ကိစ္စများကို မျှော်မှန်းကကြည့်ရန်ပင် ခက်ခဲသေးသည်။

သူမက မနေနိုင်ဘဲ စနစ်ကို မေးလိုက်သည်။

"သူ့ကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းရှိလား ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က သက်ရောက်မှု တစ်ခုခု ရှိနိုင်သေးလား။ ဒါမှမဟုတ် သူက ဒီလို ခန္ဓာမျိုးကို သဘောကျတာလား"

စနစ်က သူမအတွက် ခန္ဓာကိုယ် တစ်ခု ဖန်တီးပေးခဲ့သော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု အခြေအနေကမူ ပြောင်းလဲ၍ မရချေ။ ထိုသို့ ပြောင်းလဲခဲ့လျှင် သူမ၏ မူလခန္ဓာကိုယ် မဖြစ်နိုင်တော့ဘဲ အသုံးမဝင် ဖြစ်ပေလိမ့်မည်။ နင်မုန့်ကလည်း ထိုအချက်ကို ကောင်းကောင်းနားလည် ထားသည်။

"နည်းလမ်းတော့ရှိတယ်။ ဒါပေမယ့် အရမ်းကို ဒုက္ခများလွန်းတယ်"

စနစ်ကပြောသည်။

"နောက်ပြီး ခုန်ပေါက်နိုင်တဲ့ ဖုတ်ကောင်က ဖုတ်ကောင်အမျိုးအစားပဲ ဆိုပေမယ့် အဲဒီစွမ်းရည်က တော်တော်လေးကို ကြီးသွားပြီ သူတို့ရဲ့ လခန္ဓာကိုယ်က လှုပ်ရှားနိုင်စွမ်းအား ကလည်း သာမန်ထက်ကို ကျော်လွန်နေနှင့်ပြီးသား သာမန်လူတွေက သူတို့ကို မရှင်နိုင်ဘူး။ ဒီတော့ အပြင်မထွက်သာ အကောင်းဆုံးပဲ"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now