သာယာတဲ့ မနက်ခင်းလေး တစ်ခုတော့ မဟုတ်ချေ။
ပြတင်းပေါက် က အလင်းရောင်ကြောင့် ဂျောင်ဂုနိုးလာခဲ့သည်။ဘေးဘီကို မျက်စိ ဝေ့ကြည့်လိုက်တော့ ဂျောင်ဂုလန့်သွားသည်။
သူ၏ ဘေးနားမှာ မိန်းကလေးတစ်ယောက် က ဝတ်လစ်စလစ်နဲ့ အိပ်နေတာ ဖြစ်သည်။ဂျောင်ဂုကိုယ်ခန္ဓာ တွင်လည်း အဝတ်နှင့်တူတာ တစ်ခုမှ မရှိပါ။ စောင်အောက်ကို လှန်ကြည့်လိုက်သည့်အခါ ဂျောင်ဂုတစ်ယောက် သွေးပျက်သွားချေပြီ။" ဟာကွာ..ငါဘာတွေ လုပ်လိုက်မိတာလဲ?"
" ဟေ့ ဟိုမိန်းကလေး ထစမ်း!!""အင်းးးးး...ဘာတုန်း "
" မင်းနဲ့ ငါ ဘာဖြစ်ခဲ့ကြတာလဲ?"
"အို...ဂျွန် ညတုန်းက သိပ်ဆိုးတာပဲ..ဟယ်မီဖြင့် အော်ရတာ အသံ ကွဲမတတ်ပဲ.."
" မင်း!! မင်းလိမ်တာ!!...ငါတို့က ဘာကိစ္စ ဒီလို ဖြစ်ရမှာလဲ"
" မယုံလည်း နေလေ...ဟယ်မီက ဂျွန့်ကို လိမ်လို့ ဘာရမှာလဲ"
"မဖြစ်နိုင်တာ.."
ဂျောင်ဂုတစ်ယောက် အတော်လေး သွေးပျက်နေသည်။
" မယုံရင် CCTV ကြည့်လို့ရတယ်နော် အဟင်းး"
" ဟာကွာ....ကျစ်!!!"
" စိတ်မပူပါနဲ့ ဂျွန်ရဲ့ မကြာခင် မိသားစုလေး တစ်စု ရလာတော့မှာပါ"
ဂျောင်ဂုတစ်ယောက် ဆက် နားမထောင်နိုင်တော့ပဲ ဟိုတယ် အခန်းကနေ ထွက်လာခဲ့သည်။
........................................................
ထယ်ယောင်းတစ်ယောက် တစ်ညလုံး မအိပ်နိုင်ကာ စိတ်ပူနေသည်။ ဂျောင်ဂုက ထယ်ယောင်းအားမပြောပဲ အပြင်မှာ နေလေ့မရှိ..။ဂျောင်ဂုကိုလည်း ဖုန်းဆက်မရ။ စက်ပိတ်ထားသည် ပဲ ပြောနေသည်။
*တင်*
မက်ဆေ့ခ်ျ ထဲ ဝင်လာသည့် စာတစ်စောင်နှင့် ပုံများ။
*ခွမ်း*
ထိုပုံများကို မြင်ပြီး ထယ်ယောင်း မေ့လဲ သွားခဲ့သည်..။
.......................….……………………
"အင်းးးးး..."
"ယောင်း...ယောင်း သတိရလာပြီလား.."
ထယ်ယောင်းဘာမှ မပြောနိုင်ပဲ ဂျောင်ဂုကို ကြောင်ကြည့်နေမိသည်။
"ယောင်း မောင့်ယောင်း မောင့်ကို စကားပြောပါဦး"
ထယ်ယောင်း စကားပြောဖို့ပင် အားမရှိတော့..
ထယ်ယောင်းရဲ့ မျက်လုံးထဲတွင် ဓာတ်ပုံကိုသာ မြင်ယောင်နေမိသည်။ ဂျောင်ဂုကို စကားပြောဖို့ အားယူနေချိန် ထယ်ယောင်း စိတ်တွေ မထိန်းနိုင်တော့ချေ။ ရှိုက်ကြီးတငယ် အော်ဟစ်တာ ငိုတော့သည်။" အားးးးးးး...ဟင့်..မောင်..မောင်အရမ်းရက်စက်တယ်..မင်းတကယ်ကို လုပ်ရက်နိုင်လွန်းတယ်..အားး..ဟင့် ..အင့်"
ဂျောင်ဂုတစ်ယောက် ထိတ်လန့်ပြီး ပြာပြာသလဲ ဖြစ်သွားကာ..။
" ယောင်း..မောင့်ယောင်း..မောင့်ကို အထင်မလွဲပါနဲ့ မောင်တောင်းပန်ပါတယ်..မောင် တကယ်ကို တောင်းပန်ပါတယ်..မောင် ရှင်းပြပါ့မယ် မောင့်အသက်ရယ်..မောင်ရှင်းပြပါ့မယ်..မငိုပါနဲ့ ယောင်းရယ် မင်းငိုရင် ဒီကောင်ရဲ့ ရင်ဘက်ကြီး တစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုပဲ..မငိုပါနဲ့ မောင့်ယောင်းရယ်"
ဂျောင်ဂုတစ်ယောက် ငိုနေတဲ့ ထယ်ယောင်းကို ချော့လိုက်သည်။ထယ်ယောင်း အခုချိန်ထိ ယူကြုံးမရ ဖြစ်နေသည်။မောင့်ကို ဘယ်သူ့ လက်ထဲ မှ မထည့်ပေးနိုင်ချေ။မောင့်ကို ထယ်ယောင်း တာဝန်မယူတတ်တဲ့ လူတစ်ယောက်ဟုလည်း အပြောမခံနိုင်ချေ..
ဂျောင်ဂုလည်း မျက်ရည်များဝဲကာ ဖြစ်ကြောင်းကုန်စင် အကုန်ရှင်းပြတော့သည်။အခြေအနေအရပ်ရပ်ကို နားလည်သွားတဲ့ ထယ်ယောင်းမှာ ဆုံးဖြတ်ချက်ကြီး တစ်ခု ချရန် အချိန်လိုအပ်သည်။
" မောင်..အပြင်ခနထွက်ပေးပါလား..ငါ ဆုံးဖြတ်ချက် ကောင်းကောင်း တစ်ခုချဖို့ အချိန်တစ်ခု လိုအပ်တယ်"
" ယောင်း ဘာတွေ လျှောက်လုပ်မလို့လဲ..မောင်က ယောင်းကိုပဲ ချစ်တာ..ဘာမှ မဆုံးဖြတ်နဲ့...မောင်ကြည့်စီစဉ်လိုက်မယ်"
" ဘာကို ကြည့်စီစဉ်မှာလဲ မောင်!! မောင်က မိန်းကလေးတစ်ယောက်နဲ့ အတူနေတုန်းက နေခဲ့ပြီး အခုမှ ဘာကို စီစဉ်မှာလဲ.....မောင်! ငါ့ကို တစ်ယောက်ထဲ ခနလောက် ပေးနေပါ"
ဂျောင်ဂုလည်း ထယ်ယောင်းသဘောအတိုင်း အခန်းထဲက ထွက်သွားပေးခဲ့သည်။
........................................................
Thanks for reading
Please,vote and feedback 💗
YOU ARE READING
His Husband ( One Short )
Fanfiction"ယောင်း မောင်တောင်းပန်ပါတယ်" #Jeon Jung kook "ယောင်းက မောင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ခွင့်လွှတ်တာမလို့ မတောင်းပန်ပါနဲ့ မောင်ရယ်.." #Kim Tae Hyung