ကျန်းကျန့်က ပြောလိုက်သည်။

“ကိုယ်ကအနိုင်ရဖို့သေချာတဲ့အခါမှသာ လူတွေ ရိုက်ရတာ... မင်းသူတို့ကို မတိုက်နိုင်ဘူးဆိုတာ အရှင်းကြီးပဲလေ... ဘာလို့ တိုက်ခိုက်ရတာလဲ...ဒီလူတွေကို အတူတူရှင်းဖို့ ကိုယ့်ကို ဘာလို့အရင်ပြေးလာမခေါ်တာလဲ ကိုယ်နားမလည်ဘူး"

ကျန်းကျန့် သူပြောနေရင် ထိလိုက်ပြီးနောက် ကျောက်ကျင်းကော ၏မျက်လုံးထဲတွင် မျက်ရည်များကို မြင်လိုက်ရသည်။ကျန်းကျန့် လန့်သွားသည်။

"ကျင်းကော ဘာဖြစ်လို့လဲ..."

သူ တအားကြီး ကြမ်းကြမ်းတမ်းတမ်းပြောခဲ့မိတာလား...မဟုတ်ဘူးထင်တယ်...

"ကျွန်တော် အဆင်ပြေပါတယ်..."

ကျောက်ကျင်းကော သူ့မျက်လုံးများမှ အထိန်းအကွပ်မရှိထွက်ကျလာသော မျက်ရည်များကို  သုတ်လိုက်သည်။ ယခုအချိန်မှာ သူ ကျန်းကျန့်က ကောင်းလွန်းသည်ဟု တွေးပြီး အနည်းငယ် စိတ်လှုပ်ရှားလွန်းသွားမိခြင်းသာဖြစ်သည်။

ကျန်းကျန့်က အလွန်ကောင်းမှန်း သူအမြဲသိပေမဲ့ ကျန်းကျန့်က သူထင်ထားသည်ထက် အမြဲပိုကောင်းနေ၏။ သူတကယ်ပျော်သည်။ကျန်းကျန့်နှင့် နေရသည်ကို အလွန်ပျော်၏။

"နောက်နောင် ကိုယ့်ကို စိတ်ပူအောင်မလုပ်ပါနဲ့နော်  ဟုတ်ပြီလား..."

ကျန်းကျန့် သက်ပြင်းချလိုက်ပြီး ကျောက်ကျင်းကော၏ မျက်လုံးများကို နမ်းလိုက်သည်။

"တကယ်လို့ မင်းဒီမှာမရှိတဲ့အချိန် ကိုယ် လူတစ်စုဆီက ရိုက်နှက်ခံရရင် မင်းဝမ်းနည်းမှာပဲမဟုတ်ဘူးလား"

“ကောင်းပြီ...နောက်တစ်ခါဆို လွတ်မြောက်အောင် ကြိုးစားပါ့မယ်”

ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။ကျန်းကျန့်သာ အခြားသူများကြောင့် ထိခိုက်နာကျင်ရပါက သူ အလွန်ဝမ်းနည်းပြီး နာကျင်နေလိမ့်မည်။

သို့သော် ကျန်းကျန့်က အလွန်စွမ်းအားကြီးသောကြောင့် သေချာပေါက် ထိခိုက်မည်မဟုတ်ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now